ဂါရတ်ဘေးလ်အပေါ် ပြုမူပုံကို ဇီဒန်းပြန်စဉ်းစားဖို့ စပိန်မီဒီယာတွေတိုက်တွန်းနေ

Photo- Internet
Photo- Internet

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေနဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်အပေါ်ပြုမူ ဆက်ဆံပုံကိုပြန်လည်သုံးသပ်ဖို့ စပိန်မီဒီယာတွေက တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ဘေးလ်ဟာလူစာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။ဒီပွဲမှာ အိမ်ရှင်ရီးရဲလ်ဟာ ပထမပိုင်းကတည်းက ဘရုဂျက်ရဲ့ ၂ ဂိုးသွင်းယူဦးဆောင်မှုကိုခံခဲ့ရပြီးမှ ဒုတိယပိုင်းမှာ ရာမို့စ်၊ ကာဆီမီရို တို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၂ သရေကျခဲ့ရတာဖြစ်ပါတယ်။

ဇီဒန်းဟာဒီပွဲအတွက်လူစာရင်း ရွေးချယ်ရာမှာ နည်းစနစ်ပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ ဝေလ လက်ရွေးစင်ဖြစ်တဲ့ ဂါရတ်ဘေးလ်ကို ချန်လှပ်ခဲ့ပါတယ်။ ဘေးလ်ဟာ ဇီဒန်းနဲ့အဆင်မပြေဖြစ်နေပြီး နွေရာသီဈေးကွက်အတွင်းမှာ အသင်းမပြောင်းခဲ့ပေမယ့် ရီးရဲလ်မှာကစားရတာမပျော်ဘူးလို့ ပြောခဲ့သေးသူဖြစ်ပါတယ်။

Photo- Internet

ဒါပေမယ့် ပွဲကိုလာရောက်ကြည့်ရှု့ရမယ့်တာဝန်ရှိတဲ့အတွက် ဘေးလ်ဟာ ဘာနေဗျူ းကွင်းကိုတော့ ရောက်လာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲစချိန်က ဒေသစံတော်ချိန်ညနေ ၅း ၅၀ ဖြစ်ပြီး သူရောက်လာတဲ့အချိန်က ၄ မိနစ်နောက်ကျကာ ၅း၅၉ ဖြစ်နေလို့ လူစာရင်းမှာ မပါတာကိုမကျေနပ်ကြောင်း တမင်ပြသသွားခဲ့တယ်လို့ ယူဆနေကြပါတယ်။ သူဟာကြံခိုင်မှုလည်းပြည့်ဝနေတဲ့အတွက် ရီးရဲလ်လူစာရင်းမှာ ပါဝင်လာမယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။

Photo- Internet

အခုလိုကြံခိုင်မှုပြည့်ဝပေမယ့် လူစာရင်းကနေချန်လှပ်ခံရမှုဟာ သူ့အတွက်ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း အိမ်ကွင်းမှာ ဆိုစီဒက်ကိုရှုံးနိမ့်ခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲတုန်းကလည်း ချန်လှပ်ခံရဘူးပါတယ်။ လူစာရင်းမှာမပါပေမယ့် အသင်းဆီအရောက်နောက်ကျတာဟာ ကလပ်ရဲ့စည်းမျဉ်းကို ချိုးဖောက်ရာကျပေမယ့် မီဒီယာတွေကတော့ ဇီဒန်းအနေနဲ့ ဘေးလ်နဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားဖို့ တိုက်တွန်းနေကြတာပါ။

Photo- Internet

ဒီပွဲမှာ ဘေးလ်အပြင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်လည်း မပါဝင်ခဲ့ပါဘူး။ ဇီဒန်းကတော့ သူတို့နှစ်ဦးကိုချန်လှပ်ခဲ့တာဟာ ဒဏ်ရာပြဿ     နာကြောင့်ဖြစ်တယ်လို့အကြောင်းပြချက်ပေးခဲ့ပေမယ့် AS သတင်းစာကြီးကတော့ ဘရုဂျက်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး အသင်းလူစာရင်းထုတ်ပြန်တဲ့အခါကျမှာ နည်းစနစ်ပိုင်းအကြောင်းပြကာ ဇီဒန်းကချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသွားပါတယ်။ ဒါကြောင့်လည်း ဇီဒန်းအနေနဲ့ ဘေးလ်ကို အသင်းကနေထွက်စေချင်တဲ့ ဆန္ဒကို ပြန်လည်စဉ်းစားသင့်တယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ဂါရတ္ေဘးလ္အေပၚ ျပဳမူပုံကို ဇီဒန္းျပန္စဥ္းစားဖို႔ စပိန္မီဒီယာေတြတိုက္တြန္းေန

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းအေနနဲ႔ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္အေပၚျပဳမူ ဆက္ဆံပုံကိုျပန္လည္သုံးသပ္ဖို႔ စပိန္မီဒီယာေတြက တိုက္တြန္းခဲ့ၾကတယ္လို႔ သိရပါတယ္။ အဲဒီပြဲမွာ ေဘးလ္ဟာလူစာရင္းမွာေတာင္မပါ၀င္ခဲ့ပါဘူး။ဒီပြဲမွာ အိမ္ရွင္ရီးရဲလ္ဟာ ပထမပိုင္းကတည္းက ဘရုဂ်က္ရဲ႕ ၂ ဂိုးသြင္းယူဦးေဆာင္မႈကိုခံခဲ့ရၿပီးမွ ဒုတိယပိုင္းမွာ ရာမို႔စ္၊ ကာဆီမီရို တို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ၂-၂ သေရက်ခဲ့ရတာျဖစ္ပါတယ္။

ဇီဒန္းဟာဒီပြဲအတြက္လူစာရင္း ေရြးခ်ယ္ရာမွာ နည္းစနစ္ပိုင္းဆုိင္ရာအေၾကာင္းျပခ်က္နဲ႔ ေ၀လ လက္ေရြးစင္ျဖစ္တဲ႔ ဂါရတ္ေဘးလ္ကို ခ်န္လွပ္ခဲ့ပါတယ္။ ေဘးလ္ဟာ ဇီဒန္းနဲ႔အဆင္မေျပျဖစ္ေနၿပီး ေႏြရာသီေစ်းကြက္အတြင္းမွာ အသင္းမေျပာင္းခဲ့ေပမယ္႔ ရီးရဲလ္မွာကစားရတာမေပ်ာ္ဘူးလို႔ ေျပာခဲ့ေသးသူျဖစ္ပါတယ္။

ဒါေပမယ္႔ ပြဲကိုလာေရာက္ၾကည့္ရႈ႕ရမယ္႔တာ၀န္ရွိတဲ႔အတြက္ ေဘးလ္ဟာ ဘာေနဗ်ဴ းကြင္းကိုေတာ႔ ေရာက္လာခဲ့ရပါတယ္။ ဒါေပမယ္႔ ပြဲစခ်ိန္က ေဒသစံေတာ္ခ်ိန္ညေန ၅း ၅၀ ျဖစ္ၿပီး သူေရာက္လာတဲ႔အခ်ိန္က ၄ မိနစ္ေနာက္က်ကာ ၅း၅၉ ျဖစ္ေနလို႔ လူစာရင္းမွာ မပါတာကိုမေက်နပ္ေၾကာင္း တမင္ျပသသြားခဲ့တယ္လို႔ ယူဆေနၾကပါတယ္။ သူဟာႀကံခိုင္မႈလည္းျပည့္၀ေနတဲ႔အတြက္ ရီးရဲလ္လူစာရင္းမွာ ပါ၀င္လာမယ္လို႔ အားလုံးက ထင္မွတ္ခဲ့ၾကတာပါ။

အခုလိုႀကံခိုင္မႈျပည့္၀ေပမယ္႔ လူစာရင္းကေနခ်န္လွပ္ခံရမႈဟာ သူ႔အတြက္ပထမဆုံးအႀကိမ္မဟုတ္ဘဲ ၿပီးခဲ့တဲ႔ ဇန္န၀ါရီကလည္း အိမ္ကြင္းမွာ ဆိုစီဒက္ကိုရႈံးနိမ့္ခဲ့တဲ႔ လာလီဂါအိမ္ကြင္းပြဲတုန္းကလည္း ခ်န္လွပ္ခံရဘူးပါတယ္။ လူစာရင္းမွာမပါေပမယ္႔ အသင္းဆီအေရာက္ေနာက္က်တာဟာ ကလပ္ရဲ႕စည္းမ်ဥ္္းကို ခ်ဳိးေဖာက္ရာက်ေပမယ္႔ မီဒီယာေတြကေတာ႔ ဇီဒန္းအေနနဲ႔ ေဘးလ္နဲ႔ ပတ္သက္ၿပီး ျပန္လည္စဥ္းစားဖို႔ တိုက္တြန္းေနၾကတာပါ။

ဒီပြဲမွာ ေဘးလ္အျပင္ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္လည္း မပါ၀င္ခဲ့ပါဘူး။ ဇီဒန္းကေတာ႔ သူတို႔ႏွစ္ဦးကိုခ်န္လွပ္ခဲ့တာဟာ ဒဏ္ရာျပႆ     နာေၾကာင့္ျဖစ္တယ္လို႔အေၾကာင္းျပခ်က္ေပးခဲ့ေပမယ္႔ AS သတင္းစာႀကီးကေတာ႔ ဘရုဂ်က္နဲ႔ပြဲမတိုင္ခင္ ေလ႔က်င့္ခန္းေတြျပဳလုပ္ခဲ့ၿပီး အသင္းလူစာရင္းထုတ္ျပန္တဲ႔အခါက်မွာ နည္းစနစ္ပိုင္းအေၾကာင္းျပကာ ဇီဒန္းကခ်န္လွပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသြားပါတယ္။ ဒါေၾကာင့္လည္း ဇီဒန္းအေနနဲ႔ ေဘးလ္ကို အသင္းကေနထြက္ေစခ်င္တဲ႔ ဆႏၵကို ျပန္လည္စဥ္းစားသင့္တယ္လို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။