ဂါရတ်ဘေးလ်ရဲ့အပြုအမူကို မာကာသတင်းစာ ဝေဖန်

Photo- Internet
Photo- Internet

ဝေးလ်အသင်း ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ပြီးနောက် အောင်ပွဲခံရာမှာ ရီးရဲလ်မက်ဒရစ်ကို အရွဲ့တိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး မာကာသတင်းစာကြီး အပြင်းအထန်ဝေဖန်လိုက်ပါတယ်။ ဝေးလ်ဟာ နောက်ဆုံးခြေစစ်ပွဲမှာ ဟန်ဂေရီကို ၂-၀ နဲ့အနိုင်ရပြီးနောက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက် အောင်ပွဲခံကြရာမှာ ဘေးလ်ဟာ ဝေးလ်အလံကို ကိုင်ဆောင်ပြီး အဲဒီအလံပေါ်မှာ “ဝေးလ်၊ ဂေါက်ဖ်နဲ့ ရီးရဲလ်မက်ဒရစ် တို့က အစဉ်လိုက်အတိုင်း” လို့ရေးသားဖော်ပြပြီး အောင်ပွဲခံခဲ့တာပါ။ ဒါဟာ သူ့ရဲ့ဦးစားပေးမှုအစီအစဉ်က ဘယ်လိုလဲဆိုတာပြပြီး ရီးရဲလ်ဟာ နောက်ဆုံးဦးစားပေးလို့ ဆိုလိုက်တာလည်းဖြစ်ပါတယ်။

Photo- Internet

ဒီဖြစ်ရပ်ကို ရီးရဲလ်မက်ဒရစ်ကရော နည်းပြ ဇီဒန်းကပါအရေးယူဖို့ အစီအစဉ်မရှိပေမယ့် မာကာသတင်းစာကြီးကတော့ မနေ့က သူတို့ထုတ်ဝေတဲ့သတင်းစာရဲ့မျက်နှာဖုံးကနေ “မလေးစားမှု၊ အမှားအယွင်း၊ ကျေးဇူးကန်းသော တို့ကအစဉ်လိုက်ဘဲ” လို့ ကစားသမားရေးသားခဲ့တဲ့အတိုင်း တုံ့ပြန်သွားခဲ့တာပါ။

Photo- Internet

ဘေးလ်ဟာ ဒီကနေ့မှာ ရီးရဲလ်ကိုပြန်လည်သတင်းပို့ရမှာဖြစ်ပြီး သူပြန်ရောက်တဲ့အခါ ဇီဒန်းကအရေးယူဖို့ စီစဉ်လိမ့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အရေးယူမှာ မဟုတ်လို့သူတို့ဘက်က တုံ့ပြန်ခဲ့ရတာဆိုပြီး မာကာက ဖော်ပြခဲ့ပါတယ်။ ဇီဒန်းဟာ ဘေးလ်ရဲ့ဝေးလ်အသင်းခြေစစ်ပွဲအောင်ခဲ့မှုကို ချီးကျူ းဂုဏ်ပြုမှု ပြုလုပ်ဖို့သာ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Photo- Internet

ဇီဒန်းနဲ့ ဘေးလ်တို့ဟာ ဒီရာသီမှာ အဆင်မပြေဖြစ်နေပေမယ့် သူတို့ရဲ့ပြဿ     နာကိုဖြေရှင်းနိုင်စွမ်းမရှိသေးပါဘူး။ သူတို့နှစ်ဦးဟာ အသင်းမှာအပြန်အလှန်အလိုမရှိဖြစ်နေပြီး ခြေစစ်ပွဲတွေမတိုင်ခင်ကလည်း ဘေးလ်က ရီးရဲလ်ထက်စာရင် ဝေးလ်အသင်းအတွက် ကစားရတာ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ပြောခဲ့ပါသေးတယ်။

Photo- Internet

Zawgyi

ဂါရတ္ေဘးလ္ရဲ႕အျပဳအမူကို မာကာသတင္းစာ ေ၀ဖန္

ေ၀းလ္အသင္း ယူရို ၂၀၂၀ ေျခစစ္ပြဲေအာင္ျမင္ၿပီးေနာက္ ေအာင္ပြဲခံရာမွာ ရီးရဲလ္မက္ဒရစ္ကို အရြဲ႕တိုက္ခဲ့မႈနဲ႔ ပတ္သက္ၿပီး မာကာသတင္းစာႀကီး အျပင္းအထန္ေ၀ဖန္လိုက္ပါတယ္။ ေ၀းလ္ဟာ ေနာက္ဆုံးေျခစစ္ပြဲမွာ ဟန္ေဂရီကို ၂-၀ နဲ႔အႏိုင္ရၿပီးေနာက္ ေျခစစ္ပြဲေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒီအတြက္ ေအာင္ပြဲခံၾကရာမွာ ေဘးလ္ဟာ ေ၀းလ္အလံကို ကိုင္ေဆာင္ၿပီး အဲဒီအလံေပၚမွာ “ေ၀းလ္၊ ေဂါက္ဖ္နဲ႔ ရီးရဲလ္မက္ဒရစ္ တို႔က အစဥ္လိုက္အတိုင္း” လို႔ေရးသားေဖာ္ျပၿပီး ေအာင္ပြဲခံခဲ့တာပါ။ ဒါဟာ သူ႔ရဲ႕ဦးစားေပးမႈအစီအစဥ္က ဘယ္လိုလဲဆိုတာျပၿပီး ရီးရဲလ္ဟာ ေနာက္ဆုံးဦးစားေပးလို႔ ဆိုလိုက္တာလည္းျဖစ္ပါတယ္။

ဒီျဖစ္ရပ္ကို ရီးရဲလ္မက္ဒရစ္ကေရာ နည္းျပ ဇီဒန္းကပါအေရးယူဖို႔ အစီအစဥ္မရွိေပမယ္႔ မာကာသတင္းစာႀကီးကေတာ႔ မေန႔က သူတို႔ထုတ္ေ၀တဲ႔သတင္းစာရဲ႕မ်က္ႏွာဖုံးကေန “မေလးစားမႈ၊ အမွားအယြင္း၊ ေက်းဇူးကန္းေသာ တို႔ကအစဥ္လိုက္ဘဲ” လို႔ ကစားသမားေရးသားခဲ့တဲ႔အတိုင္း တုံ႔ျပန္သြားခဲ့တာပါ။

ေဘးလ္ဟာ ဒီကေန႔မွာ ရီးရဲလ္ကိုျပန္လည္သတင္းပို႔ရမွာျဖစ္ၿပီး သူျပန္ေရာက္တဲ႔အခါ ဇီဒန္းကအေရးယူဖို႔ စီစဥ္လိမ့္မယ္လို႔ သတင္းထြက္ခဲ့ေပမယ္႔ အေရးယူမွာ မဟုတ္လို႔သူတို႔ဘက္က တုံ႔ျပန္ခဲ့ရတာဆိုၿပီး မာကာက ေဖာ္ျပခဲ့ပါတယ္။ ဇီဒန္းဟာ ေဘးလ္ရဲ႕ေ၀းလ္အသင္းေျခစစ္ပြဲေအာင္ခဲ့မႈကို ခ်ီးက်ဴ းဂုဏ္ျပဳမႈ ျပဳလုပ္ဖို႔သာ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

ဇီဒန္းနဲ႔ ေဘးလ္တို႔ဟာ ဒီရာသီမွာ အဆင္မေျပျဖစ္ေနေပမယ္႔ သူတို႔ရဲ႕ျပႆ     နာကိုေျဖရွင္းႏိုင္စြမ္းမရွိေသးပါဘူး။ သူတို႔ႏွစ္ဦးဟာ အသင္းမွာအျပန္အလွန္အလိုမရွိျဖစ္ေနၿပီး ေျခစစ္ပြဲေတြမတိုင္ခင္ကလည္း ေဘးလ္က ရီးရဲလ္ထက္စာရင္ ေ၀းလ္အသင္းအတြက္ ကစားရတာ ပိုၿပီးစိတ္လႈပ္ရွားဖို႔ေကာင္းတယ္လို႔ ေျပာခဲ့ပါေသးတယ္။