ဂါရတ်ဘေးလ်ကိုတောင် မသိခဲ့တဲ့ အဇာဘိုင်ဂျန်ရဲ့ ဘာသာပြန်အမျိုးသမီး

Photo- Internet
Photo- Internet

မနေ့ညက အဇာဘိုင်ဂျန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဂါရတ်ဘေးလ်ကိုတောင် မသိခဲ့တဲ့ ဘာသာပြန်အမျိုးသမီးကို ဝေးလ်ဘောလုံးအဖွဲ့ချုပ်က ချက်ခြင်းဆိုသလို လူစားလဲခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီပွဲအတွက် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေက စကားပြန်ခန့်အပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက ဂါရတ်ဘေးလ်နဲ့ ပတ်သက်ပြီးဝေလ်နည်းပြ ရွိုင်ယန်ဂစ်ကို မေးမြန်းလို့သူက ပြန်လည်ဖြေကြားနေရာမှာ အဲဒီစကားပြန်က ဂါရတ်ဘေးလ်က ဘယ်သူလဲလို့ ဂစ်ကိုမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဒါကြောင့် ဂစ်က စိတ်ပျက်တဲ့အမူအရာ ပြသခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘေးလ်ကသတင်းထောက်တွေနဲ့အတူ ထိုင်နေချိန်လည်းဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်နဲ့အဆင်မပြေလို့ သူနဲ့ပတ်သက်တဲ့ သတင်းတွေကိုဘဲ ဂစ်က အဓိက ဖြေကြားနေခဲ့တာပါ။

Photo- Internet

ဒါကြောင့်လည်း ဝေးလ်ဘောလုံးအဖွဲ့ချုပ်က ယူအီးအက်အေကို အကြောင်းကြားပြီး  အတွေ့အကြုံနဲ့ ဗဟုသုတ နည်းပါးတဲ့ အဲဒီ စကားပြန်လဲလှယ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူအီးအက်အေက ချက်ခြင်းဆိုသလို လဲလှယ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo- Internet

ဒုတိယမြောက် စကားပြန်ရောက်ရှိလာခဲ့ရာမှာ ဘေးလ်ကသူ့ကို နောက်ပြောင်ခဲ့ပြီး မင်းနည်းနည်းနောက်ကျသွားတယ် လို့ ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သတင်းထောက်တွေကြားထဲမှာလည်း စကားပြန်နဲ့ပတ်သက်လို့ ငိုအားထက် ရယ်အားသန်ခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြသွားခဲ့ပါတယ်။

Photo- Internet

Zawgyi





