ဂါရတ္ေဘးလ္ဆက္ရွိရင္ လည္းျပႆသ နာမရွိဘူးလို႔ ရီးရဲလ္နည္းျပ ဇီဒန္းေျပာ

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းက ဂါရတ္ေဘးလ္အသင္းမွာဆက္ရွိေနရင္လည္း ျပႆ     နာမရွိဘူးလို႔ ေျပာလိုက္ပါတယ္။ ဇီဒန္းဟာၿပီးခဲ့တဲ႔ မတ္လကရီးရဲလ္ကိုဒုတိယအႀကိမ္ျပန္လည္ ကိုင္တြယ္ခဲ့ၿပီးေနာက္ ေဘးလ္ကိုေရာင္းခ်မယ္လို႔ သတင္းေတြဆက္တိုက္ထြက္ေနတာပါ။

ေဘးလ္ဟာ ဇီဒန္းနဲ႔အဆင္မေျပေပမယ္႔ သူ႔ရဲ႕လစာနဲ႔ေျပာင္းေရႊ႕ေၾကးျမင့္မားေနတဲ႔အခ်က္ေတြေၾကာင့္ သူ႔ကိုဘယ္အသင္းကမွေခၚယူလိုစိတ္မရွိၾကပါဘူး။ ေခၚမယ္ဆိုရင္လည္း အငွားနဲ႔သာေခၚယူၾကလိုၿပီး လစာလည္းေလွ်ာ႔ယူဖို႔ ေတာင္းဆိုၾကမွာျဖစ္ပါတယ္။

ေဘးလ္ဟာ လက္ရွိမွာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ရွိေနေသးသူျဖစ္ၿပီး သူ႔ကိုဆက္ထိန္းမလားဆိုတဲ႔ အေမးေတြကို ဇီဒန္းကအခုလိုဘဲေျဖသြားပါတယ္။ ဘိုင္ယန္ျမဴ းနစ္နဲ႔ယွဥ္ၿပိဳင္မယ္႔ ICC ဖလားပြဲစဥ္မတိုင္ခင္မွာ ဇီဒန္းက”ေဘးလ္ဆက္ရွိရင္လည္း ဘာျပႆ     နာမွမရွိပါဘူး။ ကစားသမားက ျပႆ     နာတစ္ရပ္လို႔ က်ြန္ေတာ္ေျပာတာမဟုတ္ဖူးေနာ္။

သူ႔မွာစာခ်ဳပ္သက္တမ္းရွိထားၿပီး ဘာမဆိုျဖစ္ႏိုင္ပါေသးတယ္။ အသင္းမွာရွိေနတဲ႔ကစားသမားေတြအားလုံးကို က်ြန္ေတာ္ေလးစားၿပီးသားပါ။ ဘာျဖစ္လာမလဲဆိုတာေစာင့္ၾကည့္ရမွာျဖစ္ေပမယ္႔ အခုအေျခအေနကေတာ႔ အရင္ဇြန္လကအတိုင္းဘဲမေျပာင္းလဲေသးပါဘူး” လို႔ေျပာသြားပါတယ္။

ရီးရဲလ္ဟာ ရာသီႀကိဳပြဲစဥ္ေတြအတြက္ အေမရိကန္ကိုခရီးထြက္ခြာသြားရာမွာ ဂါရတ္ေဘးလ္လည္းလိုက္ပါသြားခဲ့ၿပီး ကစားသမားအသစ္ေတြျဖစ္တဲ႔ ဟာဇတ္၊ ဖာလန္းမန္ဒီနဲ႔ လူကာဂ်ဳိဗစ္တို႔လည္း ပါ၀င္ခဲ့တယ္လို႔ သိရပါတယ္။

Unicode

ဂါရတ်ဘေးလ်ဆက်ရှိရင် လည်းပြဿသ နာမရှိဘူးလို့ ရီးရဲလ်နည်းပြ ဇီဒန်းပြော
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဂါရတ်ဘေးလ်အသင်းမှာဆက်ရှိနေရင်လည်း ပြဿ     နာမရှိဘူးလို့ ပြောလိုက်ပါတယ်။ ဇီဒန်းဟာပြီးခဲ့တဲ့ မတ်လကရီးရဲလ်ကိုဒုတိယအကြိမ်ပြန်လည် ကိုင်တွယ်ခဲ့ပြီးနောက် ဘေးလ်ကိုရောင်းချမယ်လို့ သတင်းတွေဆက်တိုက်ထွက်နေတာပါ။

ဘေးလ်ဟာ ဇီဒန်းနဲ့အဆင်မပြေပေမယ့် သူ့ရဲ့လစာနဲ့ပြောင်းရွှေ့ကြေးမြင့်မားနေတဲ့အချက်တွေကြောင့် သူ့ကိုဘယ်အသင်းကမှခေါ်ယူလိုစိတ်မရှိကြပါဘူး။ ခေါ်မယ်ဆိုရင်လည်း အငှားနဲ့သာခေါ်ယူကြလိုပြီး လစာလည်းလျှော့ယူဖို့ တောင်းဆိုကြမှာဖြစ်ပါတယ်။

ဘေးလ်ဟာ လက်ရှိမှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး သူ့ကိုဆက်ထိန်းမလားဆိုတဲ့ အမေးတွေကို ဇီဒန်းကအခုလိုဘဲဖြေသွားပါတယ်။ ဘိုင်ယန်မြူ းနစ်နဲ့ယှဉ်ပြိုင်မယ့် ICC ဖလားပွဲစဉ်မတိုင်ခင်မှာ ဇီဒန်းက”ဘေးလ်ဆက်ရှိရင်လည်း ဘာပြဿ     နာမှမရှိပါဘူး။ ကစားသမားက ပြဿ     နာတစ်ရပ်လို့ ကျွန်တော်ပြောတာမဟုတ်ဖူးနော်။

သူ့မှာစာချုပ်သက်တမ်းရှိထားပြီး ဘာမဆိုဖြစ်နိုင်ပါသေးတယ်။ အသင်းမှာရှိနေတဲ့ကစားသမားတွေအားလုံးကို ကျွန်တော်လေးစားပြီးသားပါ။ ဘာဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပေမယ့် အခုအခြေအနေကတော့ အရင်ဇွန်လကအတိုင်းဘဲမပြောင်းလဲသေးပါဘူး” လို့ပြောသွားပါတယ်။

ရီးရဲလ်ဟာ ရာသီကြိုပွဲစဉ်တွေအတွက် အမေရိကန်ကိုခရီးထွက်ခွာသွားရာမှာ ဂါရတ်ဘေးလ်လည်းလိုက်ပါသွားခဲ့ပြီး ကစားသမားအသစ်တွေဖြစ်တဲ့ ဟာဇတ်၊ ဖာလန်းမန်ဒီနဲ့ လူကာဂျိုဗစ်တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။