
Photo Credit
Photo Credit
ဥရောပပရိသတ်တွေက အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းအကြောင်း ပြောကြတဲ့အခါ သူတို့ရိုးရိုးရှင်းရှင်းလေးရည်ညွှန်းတာ မန်ချက်စတာ ဆိုတဲ့အကြောင်းအရာက သိပ်အဝေးကြီးမရှိသေးပါဘူး။ အဲဒီတုန်းကတော့ မန်ချက်စတာမှာ အသင်းတစ်သင်းပဲ ရှိတယ်လို့ ဥရောပပရိသတ်တွေ ထင်မှတ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက အဖြစ်အပျက်တွေလည်း လေအဟုန်လို လျင်မြန်စွာနဲ့ ပြောင်းလဲလာပါတယ်။ တကယ်လို့များ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အနေနဲ့ အောက်အသင်းအဖြစ် သတ်မှတ်ခံရနိုင်လားဆိုတဲ့မေးခွန်းကို ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ”ကျွန်တော့်ဘဝတစ်လျှောက်လုံး အဲဒီလိုမဖြစ်ပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။
Photo Credit
အခု သူ့ရဲ့အသင်းဟောင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၈အပြီးမှာပဲ မန်ချက်စတာစီးတီးအသင်းရဲ့နောက် ခပ်လှမ်းလှမ်းမှာ ကျန်နေရစ်ပါပြီ။ ပြောရရင် ချန်ပီယံဆုအတွက် အားပြိုင်မှုမှာ စီးတီးရဲ့ပြိုင်ဘက်အဖြစ်နဲ့တောင်မရှိတော့ပါဘူး။ နောက်ထပ်ဝမ်းနည်းစရာကောင်းတာကတော့ နည်းပြဆိုးလ်ရှား ဦးဆောင်တဲ့ယူနိုက်တက်ဟာ ဒီရာသီမှာ ၂၁ကြိမ်မြောက်အမှတ်ပေးချန်ပီယံဖြစ်ရေးထက် တန်းဆင်းရနိုင်ခြေပိုများတယ်ဆိုပြီး လောင်းကစားကုမ္ပဏီတွေက အလေးပေးထားကြတာပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပိုပြီးဖြစ်နိုင်ခြေရှိတဲ့မေးခွန်းကတော့ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့တစ်မြို့တည်းသားချင်းပြိုင်ဘက်ကို လိုက်မီနိုင်ဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတဲ့မေးခွန်းပါပဲ။
Photo Credit
ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ စီးတီးဟာ ယူနိုက်တက်ထက် နေရာတိုင်းနီးပါး ခေါင်းတစ်လုံးအသာရလာပြီး အမှတ်ပေးချန်ပီယံဆု ၄ကြိမ်ရရှိထားသလို ဥရောပရဲ့ကြောက်စရာအကောင်းဆုံးအသင်းတစ်သင်းဖြစ်လာဖို့လည်း အရှိန်ယူနေပါတယ်။ ရာစုနှစ်ပြောင်းလဲသွားပြီးချိန်ကတည်းက မန်ချက်စတာအသင်းတွေကြား ကွာဟချက် တစ်ဖြည်းဖြည်းကျဉ်းမြောင်းလာတာဖြစ်ပါတယ်။ ရာစုနှစ်စတင်ပြောင်းလဲတုန်းကတော့ ဥရောပချန်ပီယံအဖြစ် ယူနိုက်တက်အသင်း အောင်ပွဲခံနေချိန်မှာ စီးတီးကတော့ အင်္ဂလိပ်ဘောလုံးလောကရဲ့တတိယတန်းကနေ တန်းတက်ခွင့်ရရှိရေးအတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူနေရချိန်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မန်ချက်စတာရှိ အပြာရောင်အသင်းက တစ်မြို့တည်းအခြေစိုက်တဲ့ပြိုင်ဘက်အသင်းထက် အားလုံးနီးပါးပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။
Photo Credit
စီမံခန့်ခွဲမှု၊ ကောင်းမွန်တဲ့အသင်းတစ်သင်းတည်ဆောက်မှု၊ ကင်းထောက်စနစ်၊ အကယ်ဒမီ ဒါမှမဟုတ် အခြေခံဆောင်ရွက်မှုတွေဖြစ်ပါတယ်။ အမျိုးသမီးအသင်းဖွဲ့စည်းတာက အကောင်းဆုံးဥပမာဖြစ်ပါတယ်။ စီးတီးအမျိုးသမီးအသင်းဟာ ယူနိုက်တက်အသင်းက အမျိုးသမီးအသင်းမဖွဲ့စည်းခင်မှာပဲ စူပါလိဂ်အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ အခုချိန်အထိ တောင့်တင်းတဲ့ငွေကြေး၊ ပရိသတ်နဲ့ ပါဝါရှိနေဆဲဖြစ်ပေမယ့် ကွင်းတွင်းပြဿနာကို ပြေလည်အောင်ဖို့ မဖြေရှင်းနိုင်ရင်တော့ အဲဒီအရာတွေလည်း ယုတ်လျော့မှေးမှိန်လာနိုင်ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုအတွင်း မန်ချက်စတာမှာ ပါဝါအပြောင်းအလဲက ဘယ်လိုများဒီလောက်လျင်လျင်မြန်မြန်ပြောင်းလဲလာရတာလဲ။
Photo Credit
အဲဒီမေးခွန်းအတွက် အဖြေကတော့ တကယ့်ကိုရိုးရှင်းပါတယ်။ ဘဏ္ဍာရေးပါပဲ။ ရှိတ်မန်ဆော်ဟာ ၂၀၀၈ ခုနှစ်မှာ စီးတီးကို အလုံးစုံလွှဲပြောင်းဝယ်ယူခဲ့ပြီးနောက် အသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ကစားသမားသစ်ခေါ်ယူရေးအတွက်သီးသန့် ပေါင် ၁ဘီလီယံကျော်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ယူနိုက်တက်လည်း အသင်းကို ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့ပေမယ့် ပုံစံကတော့ မတူညီခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း စီးတီးက အသားတင်အပြောင်းအရွှေ့သုံးစွဲမှု ပေါင် ၁.၀၆၇ ဘီလီယံရှိချိန်မှာ ယူနိုက်တက်ကတော့ ပေါင် ၆၈၂သန်းပဲရှိခဲ့ပါတယ်။ ဒါကလည်း ၂၀၀၅ ခုနှစ်မှာ ယူနိုက်တက်ကို ဂလေဇာမိသားစု ဝယ်ယူခဲ့ပြီးနောက် ကြွေးမြီတင်ရှိမှုတွေကို ဖဲ့ဆပ်နေရတာကြောင့်ဖြစ်ပါတယ်။ ကွာခြားချက် ပေါင် ၃၈၅သန်းက အသင်းတစ်သင်းကို ဥရောပဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်လာအောင် မတည်ဆောက်နိုင်တာမှန်ပေမယ့် ကစားသမားသစ်ခေါ်ယူမှုမှာ စီးတီးရဲ့လှုပ်ရှားမှုတွေက မှန်ကန်တာများခဲ့ပါတယ်။
Photo Credit
ဒါကြောင့်ပဲ စက်တင်ဘာလအတွင်း အပြောင်းအရွှေ့ဈေးကွက်ဝက်ဘ်ဆိုက်ဒ်က စီးတီးအသင်းလူစာရင်းရဲ့တန်ဖိုးကို ပေါင် ၁.၁၅ ဘီလီယံအထိ သတ်မှတ်ခဲ့ပြီး ယူနိုက်တက်ကတော့ ပေါင် ၆၇၇ သန်းသာ တန်ဖိုးရှိခဲ့ပါတယ်။ အဲဒီအသင်းနှစ်သင်းတန်ဖိုး ကွာဟချက် ပေါင် ၄၇၃သန်းက စီးတီးအနေနဲ့ အသင်းကို လူအင်အားဖြည့်တင်းရာမှာ ယူနိုက်တက်ထက် ပိုမိုသာလွန်ကောင်းမွန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။ စီးတီးဟာ အသင်းကို ရှိတ်မန်ဆော် စတင်ဝယ်ယူချိန်မှာ ထိပ်ပိုင်းရောက်ဖို့ အဝေးကြီးမှာရှိနေခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဖာဂူဆန်ရဲ့ယူနိုက်တက်က ဒုတိယအကြိမ်မြောက်အဖြစ် ၃နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးကာစပါ။ အဲဒီရာသီမှာ စီးတီးက အဆင့် ၉ပဲရရှိခဲ့ပြီး ရာသီပိတ်ပွဲစဉ်မှာ မစ်ဒယ်ဘရော့ကို ၈-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံယူနိုက်တက်နဲ့အမှတ်ကွာဟမှုက တန်းဆင်းခဲ့ရတဲ့အသင်းတွေနဲ့အမှတ်ကွာဟချက်ထက် ပိုနည်းခဲ့ပါတယ်။
Photo Credit
အစောပိုင်းမှာတော့ အဘူဒါဘီအသင်းပိုင်ရှင်က ငွေကြေးကို အထိန်းအကွပ်မရှိသုံးစွဲခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ရီးရဲလ်စူပါကြယ်ပွင့် ရော်ဘင်ညိုကို ခေါ်ယူခဲ့သလို နောက်ပိုင်းမှာလည်း အဒီဘာယော၊ ဝိန်းဘရစ်ချ်၊ ကားလို့စ်တီဗက်ဇ်နဲ့ ခရိတ်ဘယ်လာမီတို့ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ အလယ်အလတ်အဆင့်မှာ ရပ်တည်နေရာကနေ ထိပ်ဆုံး ၄သင်းစာရင်း ဝင်လာပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ လူငယ်ကြယ်ပွင့်တွေဘက် မြားဦးလှည့်လာပြီး ဆာနေး၊ ဂျီးဆပ်စ်နဲ့ စတာလင်းတို့ကို ခေါ်ယူခဲ့သလို ၃ဦးပေါင်းကလည်း ပေါင်သန်း ၁၀၀ နီးပါးရှိခဲ့ပါတယ်။ ယူနိုက်တက်ကတော့ အဲဒီအချိန်မှာ အသင်းရဲ့ကင်းထောက်စနစ်ကို မြှင့်တင်ဖို့ ပျက်ကွက်ခဲ့ပြီး အဲဒီအချိန်မှာ တခြားဥရောပအသင်းကြီးတွေက ယူနိုက်တက်အသင်းထက်ဦးအောင် မီးခဲပြာဖုံးဖြစ်နေတဲ့လူငယ်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။
Photo Credit
အခုတော့ သူတို့လည်း အသင်းရဲ့ကင်းထောက်စနစ်ကို ပြောင်းလဲထားပြီး တစ်ဆင့်နိမ့်အသင်းတွေကနေ အလားအလာကောင်းတွေရှိတဲ့လူငယ်အများစုကို ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်အတွင်း ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးခေါ်ယူမှု ၂၅ခုအနက် ၄ခုပါဝင်ခဲ့ပြီး ပေါ့ဂ်ဘာ၊ မက်ဂွိုင်းယား၊ လူကာကူနဲ့ ဒီမာရီယာတို့ဖြစ်ပါတယ်။ စီးတီးကတော့ အဲဒီစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ စီးတီးက နောက်ပိုင်းမှာ အပြောင်းအရွှေ့ကိစ္စတွေကို သေချာပြင်ဆင်လာချိန်မှာ ယူနိုက်တက်ကတော့ အမှားများလာပါတယ်။ ၂၀၁၈ ဇန်နဝါရီလမှာ ဆန်းချက်ဇ်ကို စီးတီးထက် လက်ဦးမှုရယူကာခေါ်ယူခဲ့ပေမယ့် အဲဒီကစားသမားက ယူနိုက်တက်မှာ ခြေစွမ်းပျောက်ဆုံးသွားပြီး ပရီးမီးယားလိဂ် ၃၈ပွဲမှာ ၃ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ သူလည်း အင်တာမီလန်မှာ အငှားကစားနေပြီး ယူနိုက်တက်လည်း တစ်နှစ်လုပ်ခ ပေါင် ၂၅သန်းအထိရှိတဲ့ ဆန်းချက်ဇ်ကို လုပ်ခလစာအများအပြားပေးချေနေရဆဲပါပဲ။
Photo Credit
ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၁၃ကြိမ်၊ အကဖ်အေဖလား ၅ကြိမ်၊ လိဂ်ဖလား ၄ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ကြိမ်ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။ သူ့ရဲ့ယူနိုက်တက်နည်းပြဘဝတစ်လျှောက် အကြီးကျယ်ဆုံးအောင်မြင်မှုအဖြစ် သတ်မှတ်နိုင်တာကတော့ ၂၀၁၃ ခုနှစ်မှာ စီးတီးရဲ့လက်ထဲကနေ အမှတ်ပေးချန်ပီယံဆုပြန်လည်ရယူနိုင်ခဲ့တဲ့ကာလပဲဖြစ်ပါတယ်။ အဲဒီနောက်တော့ မိုယက်စ်က ဖာဂူဆန်ရဲ့ရွေးချယ်မှုနဲ့အတူ ၆နှစ်စာချုပ်ချုပ်ဆိုကာ ယူနိုက်တက်နည်းပြဖြစ်လာပေမယ့် ၁၀ လအကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းကစတင်ပြီး ယူနိုက်တက်လည်း ရေရှည်စီမံကိန်းထက် အရေးပေါ်ခန့်အပ်မှုတွေပဲပြုလုပ်ခဲ့ရပါတယ်။ ဗန်ဟားလ်က technical one၊ ဂွါဒီယိုလာနဲ့ စပိန်မြေမှာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ မော်ရင်ညိုက special one အဖြစ် ထင်ပေါ်ခဲ့ပေမယ့် ယူနိုက်တက်မှာတော့ အဆင်မပြေဖြစ်ခဲ့ပါတယ်။ အခုလည်း ပရိသတ်တွေအကြိုက် emotional one ဖြစ်တဲ့ ဆိုးလ်ရှားကို ခန့်အပ်ထားပါတယ်။
Photo Credit
ယူနိုက်တက်နဲ့ပြောင်းပြန်အဖြစ် စီးတီးကတော့ ၂၀၁၆ ခုနှစ်မှာ ပယ်လီဂရီနီရဲ့နေရာအစားထိုးဖို့အတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်တဲ့ ဂွါဒီယိုလာကို မန်ချက်စတာမြေဆီလာချင်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်က စီးတီးရဲ့နောက်မှာ ပြတ်ကျန်ခဲ့ပြီးနောက် အခုအခါမှာတော့ လူငယ်မျိုးဆက်သစ်တွေဘက် အာရုံစိုက်လာပါတယ်။ အရင်တုန်းက ယူနိုက်တက်ဟာ လူငယ်မွေးထုတ်မှုမှာ အောင်မြင်ကျော်ကြားခဲ့တာမှန်ပေမယ့် အခုတော့ စီးတီးက ပိုမိုခေတ်မီတဲ့ဘောလုံးအဆောက်အဦ၊ ပိုကောင်းတဲ့နည်းပြဝန်းကျင်တွေနဲ့အတူ ခေါင်းတစ်လုံးမကမြင့်နေပါပြီ။ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ အန်ဒီကိုးလ်၊ ဖီးလ်နဗီးလ်၊ ဒါရင်းဖလက်ချာနဲ့ ဗန်ပါစီတို့တောင်မှ သူတို့ရဲ့ကလေးတွေကို စီးတီးအကယ်ဒမီမှာ ပို့ထားတဲ့အထိပါပဲ။ ၂၀၁၆ ခုနှစ်ကလည်း ရက်ပိုင်းသာခြားပြီး သက်တမ်းအလိုက် ဒါဘီ ၃ပွဲမှာ စီးတီးလူငယ်တွေက ၅-ဝ၊ ၆-ဝ၊ ၉-၀ ရလဒ်တွေနဲ့အနိုင်ရခဲ့ပါတယ်။
Photo Credit
အခုချိန်မှာတော့ ယူနိုက်တက်လည်း လူငယ်အများစုကို နေရာပေးလာပြီး ရက်ရှ်ဖို့ဒ်နဲ့ မက်တိုမီနေးတို့က အသင်းကြီးမှာ ပုံမှန်ပါဝင်ခွင့်ရနေသလို နောက်ဆုံး ၂နှစ်တာကာလအတွင်း ဂရင်းဝုဒ်၊ တွမ်ဇီဘီ၊ တာဟစ်ချောင်၊ ဘရန်ဒန်ဝီလျံ၊ ဂျိမ်းစ်ဂါနာနဲ့ အိန်ဂျယ်ဂိုမက်စ်တို့လည်း အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ယူနိုက်တက်နဲ့ စီးတီးအသင်းတို့ကြား ကွာဟချက်နဲ့ပတ်သက်ပြီး မော်ရင်ညိုရဲ့စကားတစ်ခွန်းက အတော်လေးထိရောက်ပါတယ်။ ”ကျွန်တော်ဟာ အမှတ်ပေးချန်ပီယံ ၈ကြိမ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ၃ကြိမ်ရရှိခဲ့ပေမယ့် ၂၀၁၇-၁၈ ရာသီက စီးတီးနောက် ဒုတိယနေရာရရှိခဲ့တာက ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက် အကြီးမားဆုံးအောင်မြင်မှုပါပဲ”လို့ မော်ရင်ညိုက ပြောခဲ့တာပါ။
Photo Credit
Zawgyi
ဂရိတ္မန္ခ်က္စတာရဲ႕ပါ၀ါအေျပာင္းအလဲ
ဥေရာပပရိသတ္ေတြက အိုးလ္ထရက္ဖုိ႔ဒ္အေျခစိုက္အသင္းအေၾကာင္း ေျပာၾကတဲ့အခါ သူတုိ႔႐ုိး႐ိုးရွင္းရွင္းေလးရည္ညႊန္းတာ မန္ခ်က္စတာ ဆိုတဲ့အေၾကာင္းအရာက သိပ္အေ၀းႀကီးမရွိေသးပါဘူး။ အဲဒီတုန္းကေတာ့ မန္ခ်က္စတာမွာ အသင္းတစ္သင္းပဲ ရွိတယ္လုိ႔ ဥေရာပပရိသတ္ေတြ ထင္မွတ္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ကတည္းက အျဖစ္အပ်က္ေတြလည္း ေလအဟုန္လုိ လ်င္ျမန္စြာနဲ႔ ေျပာင္းလဲလာပါတယ္။ တကယ္လုိ႔မ်ား မန္ခ်က္စတာဒါဘီပြဲမွာ ယူႏုိက္တက္အေနနဲ႔ ေအာက္အသင္းအျဖစ္ သတ္မွတ္ခံရႏိုင္လားဆုိတဲ့ေမးခြန္းကို ယူႏုိက္တက္ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္က ”ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္လုံး အဲဒီလုိမျဖစ္ပါဘူး”လုိ႔ ျပန္ေျဖခဲ့ပါတယ္။
အခု သူ႕ရဲ႕အသင္းေဟာင္းကေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၈အၿပီးမွာပဲ မန္ခ်က္စတာစီးတီးအသင္းရဲ႕ေနာက္ ခပ္လွမ္းလွမ္းမွာ က်န္ေနရစ္ပါၿပီ။ ေျပာရရင္ ခ်န္ပီယံဆုအတြက္ အားၿပိဳင္မႈမွာ စီးတီးရဲ႕ၿပိဳင္ဘက္အျဖစ္နဲ႔ေတာင္မရွိေတာ့ပါဘူး။ ေနာက္ထပ္၀မ္းနည္းစရာေကာင္းတာကေတာ့ နည္းျပဆုိးလ္ရွား ဦးေဆာင္တဲ့ယူႏုိက္တက္ဟာ ဒီရာသီမွာ ၂၁ႀကိမ္ေျမာက္အမွတ္ေပးခ်န္ပီယံျဖစ္ေရးထက္ တန္းဆင္းရႏိုင္ေျခပိုမ်ားတယ္ဆုိၿပီး ေလာင္းကစားကုမၸဏီေတြက အေလးေပးထားၾကတာပဲျဖစ္ပါတယ္။ ဒီလုိအခ်ိန္မ်ိဳးမွာ ပိုၿပီးျဖစ္ႏိုင္ေျခရွိတဲ့ေမးခြန္းကေတာ့ ယူႏိုက္တက္အေနနဲ႔ သူတုိ႔ရဲ႕တစ္ၿမိဳ႕တည္းသားခ်င္းၿပိဳင္ဘက္ကို လုိက္မီႏိုင္ဖို႔ အခ်ိန္ဘယ္ေလာက္ယူရမလဲဆိုတဲ့ေမးခြန္းပါပဲ။
ဆယ္စုႏွစ္တစ္ခုအတြင္းမွာပဲ စီးတီးဟာ ယူႏုိက္တက္ထက္ ေနရာတုိင္းနီးပါး ေခါင္းတစ္လံုးအသာရလာၿပီး အမွတ္ေပးခ်န္ပီယံဆု ၄ႀကိမ္ရရွိထားသလုိ ဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးအသင္းတစ္သင္းျဖစ္လာဖုိ႔လည္း အရိွန္ယူေနပါတယ္။ ရာစုႏွစ္ေျပာင္းလဲသြားၿပီးခ်ိန္ကတည္းက မန္ခ်က္စတာအသင္းေတြၾကား ကြာဟခ်က္ တစ္ျဖည္းျဖည္းက်ဥ္းေျမာင္းလာတာျဖစ္ပါတယ္။ ရာစုႏွစ္စတင္ေျပာင္းလဲတုန္းကေတာ့ ဥေရာပခ်န္ပီယံအျဖစ္ ယူႏုိက္တက္အသင္း ေအာင္ပြဲခံေနခ်ိန္မွာ စီးတီးကေတာ့ အဂၤလိပ္ေဘာလုံးေလာကရဲ႕တတိယတန္းကေန တန္းတက္ခြင့္ရရွိေရးအတြက္ ပင္နယ္တီအဆုံးအျဖတ္ခံယူေနရခ်ိန္ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း မန္ခ်က္စတာရွိ အျပာေရာင္အသင္းက တစ္ၿမိဳ႕တည္းအေျခစိုက္တဲ့ၿပိဳင္ဘက္အသင္းထက္ အားလုံးနီးပါးပိုေကာင္းေအာင္ လုပ္ေဆာင္ေနပါတယ္။
စီမံခန္႔ခဲြမႈ၊ ေကာင္းမြန္တဲ့အသင္းတစ္သင္းတည္ေဆာက္မႈ၊ ကင္းေထာက္စနစ္၊ အကယ္ဒမီ ဒါမွမဟုတ္ အေျခခံေဆာင္ရြက္မႈေတြျဖစ္ပါတယ္။ အမ်ိဳးသမီးအသင္းဖြဲ႕စည္းတာက အေကာင္းဆုံးဥပမာျဖစ္ပါတယ္။ စီးတီးအမ်ိဳးသမီးအသင္းဟာ ယူႏိုက္တက္အသင္းက အမ်ိဳးသမီးအသင္းမဖြဲ႕စည္းခင္မွာပဲ စူပါလိဂ္အမွတ္ေပးခ်န္ပီယံဆု ရယူႏုိင္ခဲ့ပါတယ္။ ယူႏုိက္တက္မွာ အခုခ်ိန္အထိ ေတာင့္တင္းတဲ့ေငြေၾကး၊ ပရိသတ္နဲ႔ ပါ၀ါရွိေနဆဲျဖစ္ေပမယ့္ ကြင္းတြင္းျပႆနာကို ေျပလည္ေအာင္ဖုိ႔ မေျဖရွင္းႏိုင္ရင္ေတာ့ အဲဒီအရာေတြလည္း ယုတ္ေလ်ာ့ေမွးမွိန္လာႏုိင္ပါတယ္။ ဒါေပမဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း မန္ခ်က္စတာမွာ ပါ၀ါအေျပာင္းအလဲက ဘယ္လုိမ်ားဒီေလာက္လ်င္လ်င္ျမန္ျမန္ေျပာင္းလဲလာရတာလဲ။
အဲဒီေမးခြန္းအတြက္ အေျဖကေတာ့ တကယ့္ကို႐ိုးရွင္းပါတယ္။ ဘ႑ာေရးပါပဲ။ ရွိတ္မန္ေဆာ္ဟာ ၂၀၀၈ ခုႏွစ္မွာ စီးတီးကို အလုံးစုံလႊဲေျပာင္း၀ယ္ယူခဲ့ၿပီးေနာက္ အသင္းကို ကမၻာ့အေကာင္းဆုံးအသင္းအျဖစ္ ေျပာင္းလဲႏုိင္ေရးအတြက္ ကစားသမားသစ္ေခၚယူေရးအတြက္သီးသန္႔ ေပါင္ ၁ဘီလီယံေက်ာ္ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ ယူႏုိက္တက္လည္း အသင္းကို ႀကီးမားတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈေတြျပဳလုပ္ခဲ့ေပမယ့္ ပုံစံကေတာ့ မတူညီခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ၁၀ႏွစ္အတြင္း စီးတီးက အသားတင္အေျပာင္းအေရႊ႕သုံးစြဲမႈ ေပါင္ ၁.၀၆၇ ဘီလီယံရွိခ်ိန္မွာ ယူႏုိက္တက္ကေတာ့ ေပါင္ ၆၈၂သန္းပဲရွိခဲ့ပါတယ္။ ဒါကလည္း ၂၀၀၅ ခုႏွစ္မွာ ယူႏိုက္တက္ကို ဂေလဇာမိသားစု ၀ယ္ယူခဲ့ၿပီးေနာက္ ေႂကြးၿမီတင္ရွိမႈေတြကို ဖဲ့ဆပ္ေနရတာေၾကာင့္ျဖစ္ပါတယ္။ ကြာျခားခ်က္ ေပါင္ ၃၈၅သန္းက အသင္းတစ္သင္းကို ဥေရာပဟဲဗီး၀ိတ္အသင္းတစ္သင္းျဖစ္လာေအာင္ မတည္ေဆာက္ႏိုင္တာမွန္ေပမယ့္ ကစားသမားသစ္ေခၚယူမႈမွာ စီးတီးရဲ႕လႈပ္ရွားမႈေတြက မွန္ကန္တာမ်ားခဲ့ပါတယ္။
ဒါေၾကာင့္ပဲ စက္တင္ဘာလအတြင္း အေျပာင္းအေရႊ႕ေစ်းကြက္၀က္ဘ္ဆုိက္္ဒ္က စီးတီးအသင္းလူစာရင္းရဲ႕တန္ဖိုးကို ေပါင္ ၁.၁၅ ဘီလီယံအထိ သတ္မွတ္ခဲ့ၿပီး ယူႏုိက္တက္ကေတာ့ ေပါင္ ၆၇၇ သန္းသာ တန္ဖိုးရွိခဲ့ပါတယ္။ အဲဒီအသင္းႏွစ္သင္းတန္ဖုိး ကြာဟခ်က္ ေပါင္ ၄၇၃သန္းက စီးတီးအေနနဲ႔ အသင္းကို လူအင္အားျဖည့္တင္းရာမွာ ယူႏိုက္တက္ထက္ ပိုမိုသာလြန္ေကာင္းမြန္ခဲ့တယ္ဆုိတာ သက္ေသျပေနပါတယ္။ စီးတီးဟာ အသင္းကို ရွိတ္မန္ေဆာ္ စတင္၀ယ္ယူခ်ိန္မွာ ထိပ္ပိုင္းေရာက္ဖို႔ အေ၀းႀကီးမွာရွိေနခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ဖာဂူဆန္ရဲ႕ယူႏုိက္တက္က ဒုတိယအႀကိမ္ေျမာက္အျဖစ္ ၃ႏွစ္ဆက္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီးကာစပါ။ အဲဒီရာသီမွာ စီးတီးက အဆင့္ ၉ပဲရရွိခဲ့ၿပီး ရာသီပိတ္ပြဲစဥ္မွာ မစ္ဒယ္ဘေရာ့ကို ၈-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံယူႏိုက္တက္နဲ႔အမွတ္ကြာဟမႈက တန္းဆင္းခဲ့ရတဲ့အသင္းေတြနဲ႔အမွတ္ကြာဟခ်က္ထက္ ပုိနည္းခဲ့ပါတယ္။
အေစာပိုင္းမွာေတာ့ အဘူဒါဘီအသင္းပိုင္ရွင္က ေငြေၾကးကို အထိန္းအကြပ္မရိွသုံးစြဲခဲ့ၿပီး အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ရီးရဲလ္စူပါၾကယ္ပြင့္ ေရာ္ဘင္ညိဳကို ေခၚယူခဲ့သလို ေနာက္ပိုင္းမွာလည္း အဒီဘာေယာ၊ ၀ိန္းဘရစ္ခ်္၊ ကားလုိ႔စ္တီဗက္ဇ္နဲ႔ ခရိတ္ဘယ္လာမီတုိ႔ကို ေခၚယူခဲ့ပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ အလယ္အလတ္အဆင့္မွာ ရပ္တည္ေနရာကေန ထိပ္ဆုံး ၄သင္းစာရင္း ၀င္လာပါတယ္။ အဲဒီေနာက္မွာေတာ့ သူတုိ႔ဟာ လူငယ္ၾကယ္ပြင့္ေတြဘက္ ျမားဦးလွည့္လာၿပီး ဆာေနး၊ ဂ်ီးဆပ္စ္နဲ႔ စတာလင္းတို႔ကို ေခၚယူခဲ့သလုိ ၃ဦးေပါင္းကလည္း ေပါင္သန္း ၁၀၀ နီးပါးရွိခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ အဲဒီအခ်ိန္မွာ အသင္းရဲ႕ကင္းေထာက္စနစ္ကို ျမႇင့္တင္ဖို႔ ပ်က္ကြက္ခဲ့ၿပီး အဲဒီအခ်ိန္မွာ တျခားဥေရာပအသင္းႀကီးေတြက ယူႏုိက္တက္အသင္းထက္ဦးေအာင္ မီးခဲျပာဖုံးျဖစ္ေနတဲ့လူငယ္ကစားသမားေတြကို ေခၚယူႏိုင္ခဲ့ပါတယ္။
အခုေတာ့ သူတုိ႔လည္း အသင္းရဲ႕ကင္းေထာက္စနစ္ကို ေျပာင္းလဲထားၿပီး တစ္ဆင့္နိမ့္အသင္းေတြကေန အလားအလာေကာင္းေတြရွိတဲ့လူငယ္အမ်ားစုကို ေခၚယူခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၅ႏွစ္အတြင္း ယူႏုိက္တက္ဟာ သမုိင္းတစ္ေလွ်ာက္ ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးေခၚယူမႈ ၂၅ခုအနက္ ၄ခုပါ၀င္ခဲ့ၿပီး ေပါ့ဂ္ဘာ၊ မက္ဂြိဳင္းယား၊ လူကာကူနဲ႔ ဒီမာရီယာတုိ႔ျဖစ္ပါတယ္။ စီးတီးကေတာ့ အဲဒီစာရင္းမွာ မပါ၀င္ခဲ့ပါဘူး။ စီးတီးက ေနာက္ပိုင္းမွာ အေျပာင္းအေရႊ႕ကိစၥေတြကို ေသခ်ာျပင္ဆင္လာခ်ိန္မွာ ယူႏိုက္တက္ကေတာ့ အမွားမ်ားလာပါတယ္။ ၂၀၁၈ ဇန္န၀ါရီလမွာ ဆန္းခ်က္ဇ္ကို စီးတီးထက္ လက္ဦးမႈရယူကာေခၚယူခဲ့ေပမယ့္ အဲဒီကစားသမားက ယူႏုိက္တက္မွာ ေျခစြမ္းေပ်ာက္ဆုံးသြားၿပီး ပရီးမီးယားလိဂ္ ၃၈ပြဲမွာ ၃ဂိုးပဲသြင္းယူႏုိင္ခဲ့ပါတယ္။ အခုေတာ့ သူလည္း အင္တာမီလန္မွာ အငွားကစားေနၿပီး ယူႏုိက္တက္လည္း တစ္ႏွစ္လုပ္ခ ေပါင္ ၂၅သန္းအထိရွိတဲ့ ဆန္းခ်က္ဇ္ကို လုပ္ခလစာအမ်ားအျပားေပးေခ်ေနရဆဲပါပဲ။
ဖာဂူဆန္ဟာ ယူႏုိက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလား ၁၃ႀကိမ္၊ အကဖ္ေအဖလား ၅ႀကိမ္၊ လိဂ္ဖလား ၄ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ႀကိ္မ္ရရွိခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးနည္းျပအျဖစ္ မွတ္တမ္းတင္ခံထားရပါတယ္။ သူ႕ရဲ႕ယူႏုိက္တက္နည္းျပဘ၀တစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးေအာင္ျမင္မႈအျဖစ္ သတ္မွတ္ႏိုင္တာကေတာ့ ၂၀၁၃ ခုႏွစ္မွာ စီးတီးရဲ႕လက္ထဲကေန အမွတ္ေပးခ်န္ပီယံဆုျပန္လည္ရယူႏုိင္ခဲ့တဲ့ကာလပဲျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ မိုယက္စ္က ဖာဂူဆန္ရဲ႕ေရြးခ်ယ္မႈနဲ႔အတူ ၆ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ယူႏုိက္တက္နည္းျပျဖစ္လာေပမယ့္ ၁၀ လအၾကာမွာပဲ ရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။ အဲဒီအခ်ိန္ကတည္းကစတင္ၿပီး ယူႏုိက္တက္လည္း ေရရွည္စီမံကိန္းထက္ အေရးေပၚခန္႔အပ္မႈေတြပဲျပဳလုပ္ခဲ့ရပါတယ္။ ဗန္ဟားလ္က technical one၊ ဂြါဒီယိုလာနဲ႔ စပိန္ေျမမွာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ေမာ္ရင္ညိဳက special one အျဖစ္ ထင္ေပၚခဲ့ေပမယ့္ ယူႏိုက္တက္မွာေတာ့ အဆင္မေျပျဖစ္ခဲ့ပါတယ္။ အခုလည္း ပရိသတ္ေတြအႀကိဳက္ emotional one ျဖစ္တဲ့ ဆုိးလ္ရွားကို ခန္႔အပ္ထားပါတယ္။
ယူႏိုက္တက္နဲ႔ေျပာင္းျပန္အျဖစ္ စီးတီးကေတာ့ ၂၀၁၆ ခုႏွစ္မွာ ပယ္လီဂရီနီရဲ႕ေနရာအစားထိုးဖို႔အတြက္ ကမၻာ့အေကာင္းဆုံးနည္းျပျဖစ္တဲ့ ဂြါဒီယိုလာကို မန္ခ်က္စတာေျမဆီလာခ်င္ေအာင္ ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ယူႏုိက္တက္က စီးတီးရဲ႕ေနာက္မွာ ျပတ္က်န္ခဲ့ၿပီးေနာက္ အခုအခါမွာေတာ့ လူငယ္မ်ိဳးဆက္သစ္ေတြဘက္ အာ႐ုံစုိက္လာပါတယ္။ အရင္တုန္းက ယူႏုိက္တက္ဟာ လူငယ္ေမြးထုတ္မႈမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တာမွန္ေပမယ့္ အခုေတာ့ စီးတီးက ပိုမိုေခတ္မီတဲ့ေဘာလုံးအေဆာက္အဦ၊ ပိုေကာင္းတဲ့နည္းျပ၀န္းက်င္ေတြနဲ႔အတူ ေခါင္းတစ္လုံးမကျမင့္ေနပါၿပီ။ ယူႏုိက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ အန္ဒီကိုးလ္၊ ဖီးလ္နဗီးလ္၊ ဒါရင္းဖလက္ခ်ာနဲ႔ ဗန္ပါစီတုိ႔ေတာင္မွ သူတို႔ရဲ႕ကေလးေတြကို စီးတီးအကယ္ဒမီမွာ ပို႔ထားတဲ့အထိပါပဲ။ ၂၀၁၆ ခုႏွစ္ကလည္း ရက္ပိုင္းသာျခားၿပီး သက္တမ္းအလုိက္ ဒါဘီ ၃ပဲြမွာ စီးတီးလူငယ္ေတြက ၅-၀၊ ၆-၀၊ ၉-၀ ရလဒ္ေတြနဲ႔အႏိုင္ရခဲ့ပါတယ္။
အခုခ်ိန္မွာေတာ့ ယူႏုိက္တက္လည္း လူငယ္အမ်ားစုကို ေနရာေပးလာၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ မက္တိုမီေနးတုိ႔က အသင္းႀကီးမွာ ပုံမွန္ပါ၀င္ခြင့္ရေနသလုိ ေနာက္ဆုံး ၂ႏွစ္တာကာလအတြင္း ဂရင္း၀ုဒ္၊ တြမ္ဇီဘီ၊ တာဟစ္ေခ်ာင္၊ ဘရန္ဒန္၀ီလ်ံ၊ ဂ်ိမ္းစ္ဂါနာနဲ႔ အိန္ဂ်ယ္ဂိုမက္စ္တုိ႔လည္း အသင္းႀကီးအတြက္ ပထမဆုံးပြဲထြက္ခြင့္ရရွိခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔ စီးတီးအသင္းတုိ႔ၾကား ကြာဟခ်က္နဲ႔ပတ္သက္ၿပီး ေမာ္ရင္ညိဳရဲ႕စကားတစ္ခြန္းက အေတာ္ေလးထိေရာက္ပါတယ္။ ”ကၽြန္ေတာ္ဟာ အမွတ္ေပးခ်န္ပီယံ ၈ႀကိမ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ ၃ႀကိမ္ရရိွခဲ့ေပမယ့္ ၂၀၁၇-၁၈ ရာသီက စီးတီးေနာက္ ဒုတိယေနရာရရွိခဲ့တာက ကၽြန္ေတာ့္ရဲ႕နည္းျပဘ၀တစ္ေလွ်ာက္ အႀကီးမားဆုံးေအာင္ျမင္မႈပါပဲ”လုိ႔ ေမာ္ရင္ညိဳက ေျပာခ့ဲတာပါ။