ဂရန်နာဒါနဲ့ပွဲအတွက် ယူနိုက်တက်လူစာရင်းမှာ အပြောင်းအလဲတွေ ပြုလုပ်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ည (မြန်မာစံတော်ချိန် သောကြာမနက် ၁:၃၀)မှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဂရန်နာဒါနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းတိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာ၊ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ရနေတာတွေကြောင့် အားနည်းချက်တွေရှိနေပြီး နည်းပြဆိုးလ်ရှားအနေနဲ့ ဘယ်လိုမျိုးပြင်ဆင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ပြင်သစ်အသင်းအတွက်ပါဝင်ကစားရင်း ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိအနားယူရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရသလို အဓိက ကစားသမားဖြစ်သူ ရပ်ရှ်ဖို့ဒ်ကလည်း ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိလို့ ပွဲထွက်ကစားခွင့်ရ၊ မရမသေချာသေးပါဘူး။

ဆိုးလ်ရှားဟာ ဂရန်နာဒါနဲ့ပွဲအတွက် အသင်းလူစာရင်းမှာ ရပ်ရှ်ဖို့ဒ်ကို ထည့်သွင်းပြီး စပိန်ခရီးစဉ်အတွက် ခေါ်ယူခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်ရဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့မာစီယဲလ်တို့ ကြံ့ခိုင်မှုမပြည့်ဝ၊ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဝါရင့်တိုက်စစ်မှူးကာဗာနီကလည်း ဒဏ်ရာကပြန်သက်သာလာပြီးကတည်းက ပုံမှန်ခြေစွမ်းမရသေးဘဲ ရုန်းကန်နေရတာကြောင့် ဆိုးလ်ရှားအနေနဲ့ အခုပွဲမှာ ဂရင်းဝုဒ်ကို တိုက်စစ်မှူးအဖြစ်
ပွဲထွက်အသုံးပြုမယ့်အနေအထားရှိပါတယ်။

နောက်ပြီး အသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးနေသူ ဗန်ဒီဘိခ်ကို ဆိုးလ်ရှား ပြန်အသုံးပြုဖို့ရှိသလို အဓိက ကစားသမားတချို့ကို အနားပေးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဂိုးသမားနေရာမှာတော့ အခုနောက်ပိုင်းပွဲတွေမှာ ပွဲထွက်ကစားခွင့်ကို ဟန်ဒါဆန်ဆီ လွှဲပြောင်းပေးထားရတဲ့ နံပါတ်(၁)ဂိုးသမားဒီဂီယာ ပြန်ပါလာဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းလူစာရင်းမှာ ထူးထူးခြားခြားအဖြစ် အသက်(၁၈)နှစ်အရွယ်လူငယ်တောင်ပံတိုက်စစ်ကစားသမား အန်သိုနီအီလန်ဂါ ပါဝင်လာပြီး အခုပွဲမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရ၊ မရကတော့ မသေချာသေးပါဘူး။

ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် အိမ်ရှင်ဂရန်နာဒါအသင်းဟာ ၂၀၁၉ ခုနှစ်မှ လာလီဂါကို တန်းပြန်တက်လာတဲ့အသင်းဖြစ်သလို ယူရိုပါလိဂ်ပြိုင်ပွဲကို အခုနှစ်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဒါဟာ သူတို့အသင်းသမိုင်းတစ်လျှောက် ပထမဆုံးပါဝင်ကစားခွင့်ရခဲ့တဲ့ ဥရောပပြိုင်ပွဲလည်းဖြစ်ပါတယ်။

ပထမဆုံးပါဝင်ခွင့်ရခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂရန်နာဒါအသင်းက ပြီးခဲ့တဲ့ရှုံးထွက်(၃၂)သင်းအဆင့်တုန်းက နာမည်ကြီးနာပိုလီကို ဖြုတ်ချပြီး ကွာတားဖိုင်နယ်အဆင့်အထိတက်ရောက်ခဲ့တာဖြစ်လို့ အထင်သေးလို့တော့မရပါဘူး။

ယူနိုက်တက်အသင်းအနေနဲ့ ဥရောပပြိုင်ပွဲမှာ စပိန်ကလပ်တွေနဲ့ (၅၇)ပွဲဆုံတွေ့ခဲ့ဖူးပြီး (၁၃)ပွဲနိုင်၊ (၂၂)ပွဲသရေ၊ (၂၂)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့သလို မနှစ်ကလည်း ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အခု ဂရန်နာဒါနဲ့ပွဲမှာ ဘယ်လိုရလဒ်ရယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂရန္နာဒါနဲ႔ပြဲအတြက္ ယူႏိုက္တက္လူစာရင္းမွာ အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔ရွိ

ဒီေန႔ည (ျမန္မာစံေတာ္ခ်ိန္ ေသာၾကာမနက္ ၁:၃၀)မွာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ဂရန္နာဒါနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ယူႏိုက္တက္အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ အေျပာင္းအလဲေတြျဖစ္လာဖို႔ရွိေနပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းတိုက္စစ္ပိုင္းမွာ ဒဏ္ရာျပႆနာ၊ ပုံမွန္ေျခစြမ္းရဖို႔႐ုန္းကန္ရေနတာေတြေၾကာင့္ အားနည္းခ်က္ေတြရွိေနၿပီး နည္းျပဆိုးလ္ရွားအေနနဲ႔ ဘယ္လိုမ်ိဳးျပင္ဆင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ယူႏိုက္တက္တိုက္စစ္ကစားသမား မာစီယဲလ္ဟာ ျပင္သစ္အသင္းအတြက္ပါဝင္ကစားရင္း ဘယ္ဘက္ဒူးဒဏ္ရာရရွိခဲ့ၿပီး ရာသီကုန္အထိအနားယူရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရသလို အဓိက ကစားသမားျဖစ္သူ ရပ္ရွ္ဖို႔ဒ္ကလည္း ရာႏႈန္းျပည့္ႀကံ့ခိုင္မႈမရွိလို႔ ပြဲထြက္ကစားခြင့္ရ၊ မရမေသခ်ာေသးပါဘူး။

ဆိုးလ္ရွားဟာ ဂရန္နာဒါနဲ႔ပြဲအတြက္ အသင္းလူစာရင္းမွာ ရပ္ရွ္ဖို႔ဒ္ကို ထည့္သြင္းၿပီး စပိန္ခရီးစဥ္အတြက္ ေခၚယူခဲ့ေပမယ့္ ရပ္ရွ္ဖို႔ဒ္ရဲ႕အေျခအေနကို ေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္သြားမယ္လို႔ေျပာၾကားခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္နဲ႔မာစီယဲလ္တို႔ ႀကံ့ခိုင္မႈမျပည့္ဝ၊ ဒဏ္ရာေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ဝါရင့္တိုက္စစ္မႉးကာဗာနီကလည္း ဒဏ္ရာကျပန္သက္သာလာၿပီးကတည္းက ပုံမွန္ေျခစြမ္းမရေသးဘဲ ႐ုန္းကန္ေနရတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ အခုပြဲမွာ ဂရင္းဝုဒ္ကို တိုက္စစ္မႉးအျဖစ္ပြဲထြက္အသုံးျပဳမယ့္အေနအထားရွိပါတယ္။ ေနာက္ၿပီး အသင္းမွာပြဲထြက္ခြင့္ေပ်ာက္ဆုံးေနသူ ဗန္ဒီဘိခ္ကို ဆိုးလ္ရွား ျပန္အသုံးျပဳဖို႔ရွိသလို အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ဂိုးသမားေနရာမွာေတာ့ အခုေနာက္ပိုင္းပြဲေတြမွာ ပြဲထြက္ကစားခြင့္ကို ဟန္ဒါဆန္ဆီ လႊဲေျပာင္းေပးထားရတဲ့ နံပါတ္(၁)ဂိုးသမားဒီဂီယာ ျပန္ပါလာဖို႔ရွိေနပါတယ္။ ယူႏိုက္တက္အသင္းလူစာရင္းမွာ ထူးထူးျခားျခားအျဖစ္ အသက္(၁၈)ႏွစ္အ႐ြယ္လူငယ္ေတာင္ပံတိုက္စစ္ကစားသမား အန္သိုနီအီလန္ဂါ ပါဝင္လာၿပီး အခုပြဲမွာ ယူႏိုက္တက္စီနီယာအသင္းအတြက္ ပထမဆုံးအႀကိမ္ ပါဝင္ကစားခြင့္ရ၊ မရကေတာ့ မေသခ်ာေသးပါဘူး။

ယူႏိုက္တက္နဲ႔ရင္ဆိုင္ရမယ့္ အိမ္ရွင္ဂရန္နာဒါအသင္းဟာ ၂၀၁၉ ခုႏွစ္မွ လာလီဂါကို တန္းျပန္တက္လာတဲ့အသင္းျဖစ္သလို ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို အခုႏွစ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး ဒါဟာ သူတို႔အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးပါဝင္ကစားခြင့္ရခဲ့တဲ့ ဥေရာပၿပိဳင္ပြဲလည္းျဖစ္ပါတယ္။ ပထမဆုံးပါဝင္ခြင့္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဂရန္နာဒါအသင္းက ၿပီးခဲ့တဲ့ရႈံးထြက္(၃၂)သင္းအဆင့္တုန္းက နာမည္ႀကီးနာပိုလီကို ျဖဳတ္ခ်ၿပီး ကြာတားဖိုင္နယ္အဆင့္အထိတက္ေရာက္ခဲ့တာျဖစ္လို႔ အထင္ေသးလို႔ေတာ့မရပါဘူး။ ယူႏိုက္တက္အသင္းအေနနဲ႔ ဥေရာပၿပိဳင္ပြဲမွာ စပိန္ကလပ္ေတြနဲ႔ (၅၇)ပြဲဆုံေတြ႕ခဲ့ဖူးၿပီး (၁၃)ပြဲႏိုင္၊ (၂၂)ပြဲသေရ၊ (၂၂)ပြဲရႈံးရလဒ္ထြက္ေပၚခဲ့သလို မႏွစ္ကလည္း ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ဆီဗီလာအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ အခု ဂရန္နာဒါနဲ႔ပြဲမွာ ဘယ္လိုရလဒ္ရယူႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။