ဂရန်နာဒါနဲ့ပွဲမှာအထုတ်ခံခဲ့ရတဲ့ ကိုးမန်း (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဂရန်နာဒါနဲ့ကစားခဲ့တဲ့လာလီဂါပွဲမှာ အနီကတ်နဲ့အထုတ်ခံခဲ့ရတဲ့ ဘာစီလိုနာနည်းပြရော်နယ်လ်ကိုးမန်းဟာ (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ ဂရန်နာဒါကို (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲအရေးနိမ့်ခဲ့ပြီး အဲဒီပွဲမှာ ကိုးမန်းက စတုတ္ထဒိုင်နဲ့ပြဿနာတက်ခဲ့တာကြောင့် အနီကတ်နဲ့အထုတ်ခံခဲ့ရတာပါ။

ဘာစီလိုနာအသင်းအနေနဲ့ အဲဒီပွဲအနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာဖြစ်ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ကိုးမန်းဟာ ဂရန်နာဒါအသင်း ချေပဂိုးသွင်းယူအပြီးမှာ စတုတ္ထဒိုင်ကို စောဒကတက်နေတုန်းမှာပဲ ကွင်းလယ်ဒိုင်ဖြစ်တဲ့ ပတ်ဘလိုဂွန်ဇာလက်ဇ်က ကိုးမန်းကို အနီကတ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ကိုးမန်းက စတုတ္ထဒိုင်လူကြီးကို သူ ဘာမှစော်ကားပြောဆိုတာတွေမရှိသလို ဘာအမှားမှမလုပ်ခဲ့ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် တကယ်နားမလည်နိုင်ပါဘူး။ ကျွန်တော် (စတုတ္ထဒိုင်ကို)ဘာမှ လွန်လွန်ကျူးကျူးမပြောခဲ့တာအမှန်ပါ။ သူ့ကို စော်ကားပြောဆိုတာလည်း မရှိပါဘူး။

စတုတ္ထဒိုင်လူကြီးနဲ့ ကျွန်တော်စကားပြောတယ်၊ သူကတောင် ကျွန်တော့်ကို မလေးမစားပြုမူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးဒိုင်လူကြီးရဲ့အစီရင်ခံစာထဲမှာ ကျွန်တော်က စတုတ္ထဒိုင်လူကြီးကို စော်ကားပြောဆိုခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပြီး ကျွန်တော်ကတော့ ဘာမှမကျူးလွန်ခဲ့တဲ့အတွက် မမှားဘူးလို့ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်”။

ကိုးမန်းဟာ အနီကတ်နဲ့အထုတ်ပယ်ခံရလို့ (၂)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တဲ့အတွက် အခုတစ်ပတ်ကစားမယ့် ဗလင်စီယာနဲ့ပွဲ၊ လာမယ့်တစ်ပတ်ကျရင် အိမ်ကွင်းမှာ ပွဲကြီးပွဲကောင်းအဖြစ် ရင်ဆိုင်ရမယ့် အက်သလက်တီကိုနဲ့ပွဲတွေမှာ ကြီးကြပ်ခွင့်ရမှာမဟုတ်ပါဘူး။

ဘာစီလိုနာအသင်းကတော့ ကိုးမန်းရဲ့ပြစ်ဒဏ်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ဆီမှာ အယူခံတင်သွင်းသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရန်နာဒါနဲ့ပွဲမှာ ဒီရာသီ (၆)ပွဲမြောက်လာလီဂါရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခုလောလောဆယ်မှာတော့ (၃၃)ပွဲကစား၊ (၇၁)မှတ်နဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂရန္နာဒါနဲ႔ပြဲမွာအထုတ္ခံခဲ့ရတဲ့ ကိုးမန္း (၂)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရ

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဂရန္နာဒါနဲ႔ကစားခဲ့တဲ့လာလီဂါပြဲမွာ အနီကတ္နဲ႔အထုတ္ခံခဲ့ရတဲ့ ဘာစီလိုနာနည္းျပေရာ္နယ္လ္ကိုးမန္းဟာ (၂)ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ အိမ္ကြင္းမွာ ဂရန္နာဒါကို (၂-၁)ဂိုးနဲ႔မထင္မွတ္ဘဲအေရးနိမ့္ခဲ့ၿပီး အဲဒီပြဲမွာ ကိုးမန္းက စတုတၳဒိုင္နဲ႔ျပႆနာတက္ခဲ့တာေၾကာင့္ အနီကတ္နဲ႔အထုတ္ခံခဲ့ရတာပါ။

ဘာစီလိုနာအသင္းအေနနဲ႔ အဲဒီပြဲအႏိုင္ရခဲ့ရင္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္မွာျဖစ္ေပမယ့္ အေရးနိမ့္ခဲ့တာေၾကာင့္ အခြင့္အေရးေကာင္းတစ္ခုကို လက္လြတ္ဆုံးရႈံးခဲ့ရတာလည္းျဖစ္ပါတယ္။ ကိုးမန္းဟာ ဂရန္နာဒါအသင္း ေခ်ပဂိုးသြင္းယူအၿပီးမွာ စတုတၳဒိုင္ကို ေစာဒကတက္ေနတုန္းမွာပဲ ကြင္းလယ္ဒိုင္ျဖစ္တဲ့ ပတ္ဘလိုဂြန္ဇာလက္ဇ္က ကိုးမန္းကို အနီကတ္နဲ႔ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ကိုးမန္းက စတုတၳဒိုင္လူႀကီးကို သူ ဘာမွေစာ္ကားေျပာဆိုတာေတြမရွိသလို ဘာအမွားမွမလုပ္ခဲ့ဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ “ကြၽန္ေတာ္ တကယ္နားမလည္ႏိုင္ပါဘူး။ ကြၽန္ေတာ္ (စတုတၳဒိုင္ကို)ဘာမွ လြန္လြန္က်ဴးက်ဴးမေျပာခဲ့တာအမွန္ပါ။ သူ႔ကို ေစာ္ကားေျပာဆိုတာလည္း မရွိပါဘူး။ စတုတၳဒိုင္လူႀကီးနဲ႔ ကြၽန္ေတာ္စကားေျပာတယ္၊ သူကေတာင္ ကြၽန္ေတာ့္ကို မေလးမစားျပဳမူခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးဒိုင္လူႀကီးရဲ႕အစီရင္ခံစာထဲမွာ ကြၽန္ေတာ္က စတုတၳဒိုင္လူႀကီးကို ေစာ္ကားေျပာဆိုခဲ့တယ္လို႔ ထည့္သြင္းေဖာ္ျပထားၿပီး ကြၽန္ေတာ္ကေတာ့ ဘာမွမက်ဴးလြန္ခဲ့တဲ့အတြက္ မမွားဘူးလို႔ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ပါတယ္”။

ကိုးမန္းဟာ အနီကတ္နဲ႔အထုတ္ပယ္ခံရလို႔ (၂)ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္တဲ့အတြက္ အခုတစ္ပတ္ကစားမယ့္ ဗလင္စီယာနဲ႔ပြဲ၊ လာမယ့္တစ္ပတ္က်ရင္ အိမ္ကြင္းမွာ ပြဲႀကီးပြဲေကာင္းအျဖစ္ ရင္ဆိုင္ရမယ့္ အက္သလက္တီကိုနဲ႔ပြဲေတြမွာ ႀကီးၾကပ္ခြင့္ရမွာမဟုတ္ပါဘူး။

ဘာစီလိုနာအသင္းကေတာ့ ကိုးမန္းရဲ႕ျပစ္ဒဏ္အတြက္ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္(RFEF)ဆီမွာ အယူခံတင္သြင္းသြားမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ဂရန္နာဒါနဲ႔ပြဲမွာ ဒီရာသီ (၆)ပြဲေျမာက္လာလီဂါရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အခုေလာေလာဆယ္မွာေတာ့ (၃၃)ပြဲကစား၊ (၇၁)မွတ္နဲ႔ အဆင့္(၃)ေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။