ဂရန်နာဒါနဲပ့ွဲမှာ ဂိုးသွင်းပြီး ဝိန်းရူနီနဲ့ ဘော်ဘီချာလ်တန်တို့ရဲ့ စံချိန်မှတ်တမ်း ၂ခုကို ရက်ရှ်ဖို့ဒ်လိုက်မီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ဖြစ်တဲ့ ဂရန်နာဒါနဲ့ပွဲမှာ မန်ယူက ၂ဂိုးပြတ်အနိုင်ရခဲ့သလို အသင်းရဲ့ အဓိကတိုက်စစ်မှုးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်အတွက်လည်း ဂုဏ်ယူစရာ စံချိန်မှတ်တမ်း ၂ခုကို လိုက်မီသွားခဲ့ပါတယ်။


ဒီပွဲမှာ မန်ယူဂိုးပေါက်မြှ ဒီဂီယာကို ပွဲထွက်ကစားသမားအဖြစ် ပြန်ပြီးအသုံးပြုခဲ့သလို အဝေးကွှု်းမြှ ပေးဂိုးမရှိအနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ် တက်ရောက်သွားနိုင်ဖို့ များနေပါပြီ။ ပထမပိုင်း ၃၁မိနစ်မှာ ရက်ရှ်ဖို့ဒ်က လင်ဒီလော့ဖ်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂရန်နာဒါ ကစားသမား ၂ယောက်ကြားကနေ ပြေးထွက်ပြီး ညာခြေနဲ့ လေထဲမှာ ၂ချက်ထိန်းပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးကြောင့် မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ဘော်ဘီချာလ်တန်တင်ထားခဲ့တဲ့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ တစ်ရာသီအတွင်း ၈ဂိုး ရရှိတဲ့ အင်္ဂလန်ကစားသမားစံချိန်ကို ၅၆နှစ်အကြာမှာ လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။
ဘော်ဘီချာ်တန်ဟာ ၁၉၅၅-၅၆ ဘောလုံးရာသီတုန်းက သွင်းယူထားနိုင်ခဲ့တာပါ။ ရက်ရှ်ဖို့ဒ်က ဒီနှစ်မန်ယူရဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ၂ရပ်ပေါင်း ၁၁ပွဲ ကစားထားပြီးတဲ့အချိန်မှာ ၈ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူ့အတွက် နောက်ထပ် မှတ်တမ်းကောင်းတစ်ခုကတော့ မန်ယူအသင်းမှာ လွန်ခဲ့တဲ့ ၁၁နှစ်က ဝိန်းရူနီသွင်းထားခဲ့တဲ့ ဘောလုံးရာသီ ၂ခုဆက်တိုက် ဂိုး ၂၀နဲ့အထက် သွင်းယူနိုင်တဲ့ မန်ယူကစားသမား ဖြစ်လာတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ သွင်းဂိုး ၂၀ရရှိတဲ့ ၄ယောက်မြောက် ပရီးမီးယားလိဂ် ကစားသမားလည်း ဖြစ်လာခဲ့ပြီး သူ့ထက်ဂိုးပိုရထားတာ အသင်းဖော် ဖာနန်ဒက်စ်(၂၃ဂိုး)၊ ဟယ်ရီကိန်း (၁၉ဂိုး)နဲ့ ဆာလက် (၂၇ဂိုး) တို့ပဲ ရှိပါတယ်။

ဒီရာသီမှာ အသင်းရဲ့အတွက် ပွဲတွေဆက်တိုက်ကစားနေရပြီး ကြံ့ခိုင်မှုမပြည့်ဝတဲ့ ပြသနာဖြစ်မှာကို စိုးရိမ်နေရတဲ့ ကိစ္စအပေါ် ရက်ရှ်ဖို့ဒ်က ကစားသမားဘဝက အနားယူရင် အနားရမှာပါ ဆိုပြီး တုန့်ပြန်ထားပါတယ်။ ကာဗာနီကြံံခိုင်မှု မပြည့်ဝသေးသလို မာရှယ်လည်း ဒဏ်ရာရနေတဲ့အချိန်မှာ မန်ယူရဲ့ တိုက်စစ်ပိုင်းတာဝန်တစ်ခုလုံးက ရက်ရှ်ဖို့ဒ်အပေါ်မှာ ကျရောက်နေပြီး ကစားသမားအနေနဲ့ ပွဲပန်းပြီး ဒဏ်ရာရသွားမှာကို ပရိသတ်တွေက စိုးရိမ်နေကြတာပါ။

ရက်ရှ်ဖို့ဒ်ကို ပွဲချန်ပြည့်မသုံးဘဲ အချို့ပွဲစဉ်တွေမှာ မိနစ် ၆၀နောက်ပိုင်း လူစားလဲ အနားပေးဖို့လည်း နည်းပြ ဆိုးလ်ရှားက စဉ်းစားနေပါတယ်။

M Cas 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂရန္နာဒါနဲပ့ြဲမွာ ဂိုးသြင္းၿပီး ဝိန္း႐ူနီနဲ႔ ေဘာ္ဘီခ်ာလ္တန္တို႔ရဲ႕ စံခ်ိန္မွတ္တမ္း ၂ခုကို ရက္ရွ္ဖို႔ဒ္လိုက္မီ

ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ ပြဲစဥ္ျဖစ္တဲ့ ဂရန္နာဒါနဲ႔ပြဲမွာ မန္ယူက ၂ဂိုးျပတ္အႏိုင္ရခဲ့သလို အသင္းရဲ႕ အဓိကတိုက္စစ္မႈးျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္အတြက္လည္း ဂုဏ္ယူစရာ စံခ်ိန္မွတ္တမ္း ၂ခုကို လိုက္မီသြားခဲ့ပါတယ္။
ဒီပြဲမွာ မန္ယူဂိုးေပါက္ျမႇ ဒီဂီယာကို ပြဲထြက္ကစားသမားအျဖစ္ ျပန္ၿပီးအသုံးျပဳခဲ့သလို အေဝးကႊု္းျမႇ ေပးဂိုးမရွိအႏိုင္ရခဲ့တဲ့အတြက္ ဆီမီးဖိုင္နယ္ တက္ေရာက္သြားႏိုင္ဖို႔ မ်ားေနပါၿပီ။ ပထမပိုင္း ၃၁မိနစ္မွာ ရက္ရွ္ဖို႔ဒ္က
လင္ဒီေလာ့ဖ္ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂရန္နာဒါ ကစားသမား ၂ေယာက္ၾကားကေန ေျပးထြက္ၿပီး ညာေျခနဲ႔ ေလထဲမွာ ၂ခ်က္ထိန္းၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးေၾကာင့္ မန္ယူအသင္းရဲ႕ ဂႏၴဝင္ကစားသမားႀကီး ေဘာ္ဘီခ်ာလ္တန္တင္ထားခဲ့တဲ့ ဥေရာပအဆင့္ၿပိဳင္ပြဲေတြမွာ တစ္ရာသီအတြင္း ၈ဂိုး ရရွိတဲ့ အဂၤလန္ကစားသမားစံခ်ိန္ကို ၅၆ႏွစ္အၾကာမွာ လိုက္မီသြားခဲ့တာ ျဖစ္ပါတယ္။
ေဘာ္ဘီခ်ာ္တန္ဟာ ၁၉၅၅-၅၆ ေဘာလုံးရာသီတုန္းက သြင္းယူထားႏိုင္ခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္က ဒီႏွစ္မန္ယူရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ၂ရပ္ေပါင္း ၁၁ပြဲ ကစားထားၿပီးတဲ့အခ်ိန္မွာ ၈ဂိုး သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔အတြက္ ေနာက္ထပ္ မွတ္တမ္းေကာင္းတစ္ခုကေတာ့ မန္ယူအသင္းမွာ လြန္ခဲ့တဲ့ ၁၁ႏွစ္က ဝိန္း႐ူနီသြင္းထားခဲ့တဲ့ ေဘာလုံးရာသီ ၂ခုဆက္တိုက္ ဂိုး ၂၀နဲ႔အထက္ သြင္းယူႏိုင္တဲ့ မန္ယူကစားသမား ျဖစ္လာတာပါ။
ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ သြင္းဂိုး ၂၀ရရွိတဲ့ ၄ေယာက္ေျမာက္ ပရီးမီးယားလိဂ္ ကစားသမားလည္း ျဖစ္လာခဲ့ၿပီး သူ႔ထက္ဂိုးပိုရထားတာ အသင္းေဖာ္ ဖာနန္ဒက္စ္(၂၃ဂိုး)၊ ဟယ္ရီကိန္း (၁၉ဂိုး)နဲ႔ ဆာလက္ (၂၇ဂိုး) တို႔ပဲ ရွိပါတယ္။

ဒီရာသီမွာ အသင္းရဲ႕အတြက္ ပြဲေတြဆက္တိုက္ကစားေနရၿပီး ႀကံ့ခိုင္မႈမျပည့္ဝတဲ့ ျပသနာျဖစ္မွာကို စိုးရိမ္ေနရတဲ့ ကိစၥအေပၚ ရက္ရွ္ဖို႔ဒ္က ကစားသမားဘဝက အနားယူရင္ အနားရမွာပါ ဆိုၿပီး တုန႔္ျပန္ထားပါတယ္။ ကာဗာနီႀကံံခိုင္မႈ
မျပည့္ဝေသးသလို မာရွယ္လည္း ဒဏ္ရာရေနတဲ့အခ်ိန္မွာ မန္ယူရဲ႕ တိုက္စစ္ပိုင္းတာဝန္တစ္ခုလုံးက ရက္ရွ္ဖို႔ဒ္အေပၚမွာ က်ေရာက္ေနၿပီး ကစားသမားအေနနဲ႔ ပြဲပန္းၿပီး ဒဏ္ရာရသြားမွာကို ပရိသတ္ေတြက စိုးရိမ္ေနၾကတာပါ။
ရက္ရွ္ဖို႔ဒ္ကို ပြဲခ်န္ျပည့္မသုံးဘဲ အခ်ိဳ႕ပြဲစဥ္ေတြမွာ မိနစ္ ၆၀ေနာက္ပိုင္း လူစားလဲ အနားေပးဖို႔လည္း နည္းျပ ဆိုးလ္ရွားက စဥ္းစားေနပါတယ္။