ဂရစ်ဇ်မန်းရဲ့ကားနားရောက်လာပြီး မက်ဆီကိုလေးစားဖို့ ဘာစီလိုနာပရိသတ်အချို့တောင်းဆိုခဲ့သလို ဘာစီလိုနာဥက္ကဌလောင်း ဗစ်တာဖွန့်ကလည်း ဂရစ်ဇ်မန်းကို မခေါ်ယူခဲ့သင့်ဘူးလို့ ပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂရစ်ဇ်မန်းဦးလေးနဲ့ သူ့ကိုယ်စားလှယ်ဟောင်းတို့ ဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး ဘာစီလိုနာလေဆိပ်မှာ သတင်းထောက်တွေရဲ့ဝိုင်းအုံမေးမြန်းခြင်းကို မက်ဆီ ခံခဲ့ရပြီး နောက်တစ်ရက်မှာပဲ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာပရိသတ်အချို့ရဲ့အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဟာ ဘာစီလိုနာအသင်းရဲ့လေ့ကျင့်ရေးအဆောက်အအုံကနေ ကားနဲ့ပြန်အထွက် သူ့ကို အပြင်မှာ စောင့်ဆိုင်းနေကြတဲ့ ဘာစီလိုနာပရိသတ်အချို့က ကားနားရောက်လာပြီး အသင်းဖော်မက်ဆီကို လေးစားမှုပြဖို့ တောင်းဆိုခဲ့ကြတာပါ။

ဂရစ်ဇ်မန်းကတော့ သူနဲ့ မက်ဆီကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုရှိနေဆဲဆိုတာကို ပြောကြောင်း Cadena COPE ကပဲ ဆက်လက်ဖော်ပြခဲ့ပါတယ်။

လောလောဆယ်တော့ မက်ဆီ၊ဂရစ်ဇ်မန်းတို့နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေဟာ ဘာစီလိုနာအသင်းအဝတ်အစားလဲခန်းကို မတည်ငြိမ်ဖြစ်သွားစေနိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မနေ့ကလည်း ဘာစီလိုနာဥက္ကဌလောင်းတစ်ယောက်ဖြစ်တဲ့ ဗစ်တာဖွန့်က ဂရစ်ဇ်မန်းကို မခေါ်ယူခဲ့သင့်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တဲ့အတွက် အခုရက်ပိုင်းဟာ အဲဒီပြင်သစ်သားအတွက်တော့ အဆင်ပြေမနေခဲ့ပါဘူး။

ဒါ့အပြင် ဗစ်တာဖွန့်ရဲ့မှတ်ချက်စကားကြောင့် ဂရစ်ဇ်မန်းဟာ နာကျင်ခဲ့ရကြောင်း အဲဒီဘာစီလိုနာဥက္ကဌလောင်းနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ Cadena COPE က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌလောင်းတစ်ယောက်ဖြစ်တဲ့ ဗစ်တာဖွန့်ဟာ ပြီးခဲ့တဲ့နှစ်က ဂရစ်ဇ်မန်းကိုခေါ်ယူခဲ့တဲ့ ကလပ်ရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အဲဒီပြင်သစ်လက်ရွေးစင်ဟာ ပြောင်းရွှေ့ကြေးပေါင် ၁၀၈ သန်းနဲ့ ၂၀၁၉ နွေရာသီမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး မက်ဆီနဲ့အတွဲအဖက်ညီလိမ့်မယ်လို့ များစွာမျှော်လင့်ခြင်း ခံခဲ့ရတာပါ။

ဒါပေမဲ့လည်း ဂရစ်ဇ်မန်းဟာ နူးကမ့်မှာ သူ့ရဲ့အကောင်းဆုံးပုံစံရဖို့ ရုန်းကန်ခဲ့ရပြီး မက်ဆီနဲ့ သူ့အကြား ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘူးဆိုတဲ့ အသံတွေလည်း ထွက်လာခဲ့ပါတယ်။

အခုတော့ လာမယ့်ဇန်နဝါရီ ၂၄ ရက်နေ့ကျင်းပမယ့် ဘာစီလိုနာအသင်းဥက္ကဌရွေးကောက်ပွဲအတွက် ရေပန်းစားသူတစ်ယောက်ဖြစ်တဲ့ ဗစ်တာဖွန့်က ဂရစ်ဇ်မန်းနဲ့ပတ်သက်တဲ့သူ့အမြင်ကို ပြောလိုက်ပါတယ်။

”ဂရစ်ဇ်မန်းကိုခေါ်ယူခဲ့တဲ့ လုပ်ရပ်ဟာ မလုပ်ခဲ့သင့်တဲ့ခေါ်ယူမှုတစ်ခုပါ၊ ဘာကြောင့်လဲဆိုတော့ သူနဲ့မက်ဆီတို့နှစ်ဦးဟာ တူညီတဲ့ကစားပေါက်နေရာမှာ ကစားကြတဲ့သူတွေဖြစ်နေကြလို့ပါပဲ”လို့ ဘာစီလိုနာဥက္ကဌလောင်းဗစ်တာဖွန့်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဂရစ်ဇ်မန်းဟာ ဘာစီလိုနာနဲ့ နောက်ထပ်ခက်ခဲတဲ့ရာသီအစတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး ဒီရာသီပြိုင်ပွဲအရပ်ရပ် ၉ ပွဲမှာ ၂ ဂိုးသာသွင်းနိုင်ခဲ့ကာ ၁ ဂိုးသာဖန်တီးပေးနိုင်ပါသေးတယ်။

တစ်နည်းအားဖြင့် ဗစ်တာဖွန့်သာ ဘာစီလိုနာအသင်းဥက္ကဌသစ်ဖြစ်လာမယ်ဆိုရင် ဂရစ်ဇ်မန်းရဲ့ဘာစီလိုနာအနာဂါတ်ဟာ မသေချာနိုင်တော့ပါဘူး။

တစ်ဖက်မှာလည်း ဘာစီလိုနာဥက္ကဌသစ်ဖြစ်လာမယ့်သူဟာ မက်ဆီကို အသင်းမှာ ဆက်ထိန်းရေးဆိုတဲ့ ကြီးမားတဲ့ပြသနာတစ်ခုကို ဖြေရှင်းသွားရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂရစ္ဇ္မန္းရဲ႕ကားနားေရာက္လာၿပီး မက္ဆီကိုေလးစားဖို႔ ဘာစီလုိနာပရိသတ္အခ်ိဳ႕ေတာင္းဆိုခဲ့သလို ဘာစီလုိနာဥကၠဌေလာင္း ဗစ္တာဖြန္႔ကလည္း ဂရစ္ဇ္မန္းကို မေခၚယူခဲ့သင့္ဘူးလုိ႔ ေျပာ

ဂရစ္ဇ္မန္းဦးေလးနဲ႔ သူ႔ကိုယ္စားလွယ္ေဟာင္းတို႔ ေ၀ဖန္ခဲ့တာနဲ႔႔ပတ္သက္ၿပီး ဘာစီလုိနာေလဆိပ္မွာ သတင္းေထာက္ေတြရဲ႕၀ိုင္းအုံေမးျမန္းျခင္းကို မက္ဆီ ခံခဲ့ရၿပီး ေနာက္တစ္ရက္မွာပဲ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာပရိသတ္အခ်ိဳ႕ရဲ႕အမ်က္ေဒါသနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ အဲဒီျပင္သစ္လက္ေရြးစင္တိုက္စစ္မႈးဟာ ဘာစီလုိနာအသင္းရဲ႕ေလ့က်င့္ေရးအေဆာက္အအုံကေန ကားနဲ႔ျပန္အထြက္ သူ႔ကို အျပင္မွာ ေစာင့္ဆိုင္းေနၾကတဲ့ ဘာစီလိုနာပရိသတ္အခ်ိဳ႕က ကားနားေရာက္လာၿပီး အသင္းေဖာ္မက္ဆီကို ေလးစားမႈျပဖို႔ ေတာင္းဆုိခ့ဲၾကတာပါ။

ဂရစ္ဇ္မန္းကေတာ့ သူနဲ႔ မက္ဆီၾကားမွာ ခိုင္မာတဲ့ဆက္ဆံေရးတစ္ခုရွိေနဆဲဆိုတာကို ေျပာေၾကာင္း Cadena COPE ကပဲ ဆက္လက္ေဖာ္ျပခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ မက္ဆီ၊ဂရစ္ဇ္မန္းတို႔နဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့သတင္းေတြဟာ ဘာစီလိုနာအသင္းအ၀တ္အစားလဲခန္းကို မတည္ၿငိမ္ျဖစ္သြားေစႏိုင္တယ္ဆိုတဲ့သုံးသပ္မႈေတြလည္း ရွိေနပါတယ္။

မေန႔ကလည္း ဘာစီလုိနာဥကၠဌေလာင္းတစ္ေယာက္ျဖစ္တဲ့ ဗစ္တာဖြန္႔က ဂရစ္ဇ္မန္းကို မေခၚယူခဲ့သင့္ဘူးလုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တဲ့အတြက္ အခုရက္ပိုင္းဟာ အဲဒီျပင္သစ္သားအတြက္ေတာ့ အဆင္ေျပမေနခဲ့ပါဘူး။ ဒါ့အျပင္ ဗစ္တာဖြန္႔ရဲ႕မွတ္ခ်က္စကားေၾကာင့္ ဂရစ္ဇ္မန္းဟာ နာက်င္ခဲ့ရေၾကာင္း အဲဒီဘာစီလိုနာဥကၠဌေလာင္းနဲ႔ အင္တာဗ်ဴးလုပ္ခဲ့တဲ့ စပိန္ေရဒီယိုတစ္ခုျဖစ္တဲ့ Cadena COPE က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာဥကၠဌေလာင္းတစ္ေယာက္ျဖစ္တဲ့ ဗစ္တာဖြန္႔ဟာ ၿပီးခဲ့တဲ့ႏွစ္က ဂရစ္ဇ္မန္းကိုေခၚယူခဲ့တဲ့ ကလပ္ရဲ႕ဆုံးျဖတ္ခ်က္ကို ေ၀ဖန္ျပစ္တင္လုိက္ပါတယ္။ အဲဒီျပင္သစ္လက္ေရြးစင္ဟာ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၀၈ သန္းနဲ႔ ၂၀၁၉ ေႏြရာသီမွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး မက္ဆီနဲ႔အတြဲအဖက္ညီလိမ့္မယ္လုိ႔ မ်ားစြာေမွ်ာ္လင့္ျခင္း ခံခဲ့ရတာပါ။ ဒါေပမဲ့လည္း ဂရစ္ဇ္မန္းဟာ ႏူးကမ့္မွာ သူ႔ရဲ႕အေကာင္းဆုံးပုံစံရဖုိ႔ ရုန္းကန္ခဲ့ရၿပီး မက္ဆီနဲ႔ သူ႔အၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးမရွိဘူးဆုိတဲ့ အသံေတြလည္း ထြက္လာခဲ့ပါတယ္။

အခုေတာ့ လာမယ့္ဇန္န၀ါရီ ၂၄ ရက္ေန႔က်င္းပမယ့္ ဘာစီလုိနာအသင္းဥကၠဌေရြးေကာက္ပြဲအတြက္ ေရပန္းစားသူတစ္ေယာက္ျဖစ္တဲ့ ဗစ္တာဖြန္႔က ဂရစ္ဇ္မန္းနဲ႔ပတ္သက္တဲ့သူ႔အျမင္ကုိ ေျပာလိုက္ပါတယ္။ ”ဂရစ္ဇ္မန္းကိုေခၚယူခဲ့တဲ့ လုပ္ရပ္ဟာ မလုပ္ခဲ့သင့္တဲ့ေခၚယူမႈတစ္ခုပါ၊ ဘာေၾကာင့္လဲဆိုေတာ့ သူနဲ႕မက္ဆီတို႕ႏွစ္ဦးဟာ တူညီတဲ့ကစားေပါက္ေနရာမွာ ကစားၾကတဲ့သူေတြျဖစ္ေနၾကလို႕ပါပဲ”လုိ႔ ဘာစီလုိနာဥကၠဌေလာင္းဗစ္တာဖြန္႔က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာလည္း ဂရစ္ဇ္မန္းဟာ ဘာစီလုိနာနဲ႔ ေနာက္ထပ္ခက္ခဲတဲ့ရာသီအစတစ္ခုကို ျဖတ္သန္းေနရတာျဖစ္ၿပီး ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၉ ပြဲမွာ ၂ ဂိုးသာသြင္းႏိုင္ခဲ့ကာ ၁ ဂိုးသာဖန္တီးေပးႏိုင္ပါေသးတယ္။ တစ္နည္းအားျဖင့္ ဗစ္တာဖြန္႔သာ ဘာစီလုိနာအသင္းဥကၠဌသစ္ျဖစ္လာမယ္ဆိုရင္ ဂရစ္ဇ္မန္းရဲ႕ဘာစီလိုနာအနာဂါတ္ဟာ မေသခ်ာႏိုင္ေတာ့ပါဘူး။ တစ္ဖက္မွာလည္း ဘာစီလိုနာဥကၠဌသစ္ျဖစ္လာမယ့္သူဟာ မက္ဆီကို အသင္းမွာ ဆက္ထိန္းေရးဆုိတဲ့ ႀကီးမားတဲ့ျပသနာတစ္ခုကို ေျဖရွင္းသြားရဖို႔ရွိေနပါတယ္။