
photo-france football
photo-gettyimages
ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ Ballon d’Or ဆုပေးအပ်ချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးပြင်သစ်ကစားသမားဆုကို ရရှိသွားပါတယ်။ ပြီးခဲ့တဲ့နှစ်ရုရှားကမ္ဘာ့ဖလားတုန်းက ပြင်သစ်ရဲ့အောင်ပွဲမှာ အဓိကကျသူတစ်ယောက်ဖြစ်ခဲ့တဲ့အမ်ဘက်ပီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့အဓိကဆုကြီးကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
photo-gettyimages
အသက် ၂၀ သာရှိသေးတဲ့အမ်ဘက်ပီဟာ ဒီဆုအတွက် ဘာစီလိုနာတိုက်စစ်မှုးဂရစ်ဇ်မန်း၊ ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရာနီတို့အပြင် ပြီးခဲ့တဲ့နှစ်ရဲ့ဆုရှင်ဖြစ်တဲ့ ချဲလ်ဆီးကွင်းလယ်လူကန်တီကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာပါ။ အမ်ဘက်ပီဟာ အခုလအစောပိုင်းက ပေးအပ်ချီးမြှင့်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုတုန်းကလည်း မဲရရှိမှုမှာ အဆင့် ၆ ချိတ်ခဲ့ပါတယ်။
photo-gettyimages
တစ်နှစ်တာပြင်သစ်အကောင်းဆုံးကစားသမားဆုကို ဂျာနယ်လစ်တွေနဲ့ ဆုရှင်ဟောင်းတွေရဲ့မဲပေးမှုနဲ့ ရွေးချယ်တာ ဖြစ်ပါတယ်။ အမ်ဘက်ပီအနေနဲ့ ဒီဆုကို ၂ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာလည်း ဂိုးသွင်းခြေစွမ်းပြနေပြီး ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ် ၁၉ ပွဲမှာ ၁၈ ဂိုးသွင်းပေးထားပါတယ်။
[Zawgyi]
ဂရစ္ဇ္မန္းနဲ႔ဗာရာနီတို႔ကိုေက်ာ္ျဖတ္ၿပီး ျပင္သစ္အေကာင္းဆုံးကစားသမားဆုကုိရခဲ့တဲ့ အမ္ဘက္ပီ
ပီအက္စ္ဂ်ီတိုက္စစ္မႈးအမ္ဘက္ပီဟာ Ballon d’Or ဆုေပးအပ္ခ်ီးျမွင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းက ေရြးခ်ယ္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးျပင္သစ္ကစားသမားဆုကို ရရွိသြားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ရုရွားကမာၻ႔ဖလားတုန္းက ျပင္သစ္ရဲ႕ေအာင္ပြဲမွာ အဓိကက်သူတစ္ေယာက္ျဖစ္ခဲ့တဲ့အမ္ဘက္ပီဟာ ျပင္သစ္ေဘာလုံးမဂၢဇင္းရဲ႕အဓိကဆုႀကီးကို သိမ္းပိုက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
အသက္ ၂၀ သာရွိေသးတဲ့အမ္ဘက္ပီဟာ ဒီဆုအတြက္ ဘာစီလိုနာတုိက္စစ္မႈးဂရစ္ဇ္မန္း၊ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူဗာရာနီတုိ႔အျပင္ ၿပီးခဲ့တဲ့ႏွစ္ရဲ႕ဆုရွင္ျဖစ္တဲ့ ခ်ဲလ္ဆီးကြင္းလယ္လူကန္တီကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ အမ္ဘက္ပီဟာ အခုလအေစာပိုင္းက ေပးအပ္ခ်ီးျမွင့္ခဲ့တဲ့ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုတုန္းကလည္း မဲရရွိမႈမွာ အဆင့္ ၆ ခ်ိတ္ခဲ့ပါတယ္။
တစ္ႏွစ္တာျပင္သစ္အေကာင္းဆုံးကစားသမားဆုကုိ ဂ်ာနယ္လစ္ေတြနဲ႔ ဆုရွင္ေဟာင္းေတြရဲ႕မဲေပးမႈနဲ႔ ေရြးခ်ယ္တာ ျဖစ္ပါတယ္။ အမ္ဘက္ပီအေနနဲ႔ ဒီဆုကို ၂ ႏွစ္ဆက္တုိက္ဆြတ္ခူးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာလည္း ဂိုးသြင္းေျခစြမ္းျပေနၿပီး ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၁၉ ပြဲမွာ ၁၈ ဂိုးသြင္းေပးထားပါတယ္။