
Photo Credit
Photo Credit
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အာဆင္နယ္အသင္းကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီတစ္ေယာက္ အသင္းေဖာ္တိုက္စစ္မွဴးသစ္ ဂရစ္ဇ္မန္း လက္ဆြဲႏႈတ္ဆက္တာကို မသိခ်င္ေယာင္ေဆာင္ကာ ျငင္းဆန္ခဲ့တဲ့ပုံစံမ်ိဳး ထြက္ေပၚခဲ့ပါတယ္။
Photo Credit
မက္ဆီဟာ ဂ်ိဳအန္ဂမ္ပါဖလားဖိတ္ေခၚေျခစမ္းပြဲမွာ ဘာစီလုိနာအသင္းအတြက္ ပါ၀င္မကစားခဲ့ေပမယ့္ ကြင္းေဘးရွိ အရန္ခုံတန္းကေန အသင္းရဲ႕ကစားပုံကို ၾကည့္႐ႈခဲ့ပါတယ္။ ဒါေပမဲ့ ယခုေႏြရာသီအတြင္း အက္သလက္တီကိုအသင္းကေန ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဂရစ္ဇ္မန္းက လူစားလဲခံရခ်ိန္ ကြင္းထဲကေန ထြက္လာတဲ့အခါ အရန္ခုံတန္းမွာရွိတဲ့အသင္းေဖာ္ေတြကို တစ္ေယာက္ခ်င္းလုိက္လံႏႈတ္ဆက္ေနခ်ိန္မွာ မက္ဆီက သူ႕အလွည့္ေရာက္တဲ့အခါ မသိသလိုေနခဲ့တာပါ။
Photo Credit
ျပင္သစ္လက္ေရြးစင္ ဂရစ္ဇ္မန္းလည္း မက္ဆီက လက္ဆန္႔မထုတ္ဘဲ ဒီအတုိင္းထုိင္ေနခဲ့လုိ႔ သူ႕ေဘးက ေနရာမွာ ၀င္ထိုင္ခဲ့ၿပီး အဲဒီမွာလည္း သူတုိ႔ႏွစ္ေယာက္ရဲ႕ပုံစံက အသင္းေဖာ္ေတြပုံစံမ်ိဳးမဟုတ္ဘဲ မက္ဆီက ဂရစ္ဇ္မန္း ေဘးမွာ ရွိေနတယ္လုိ႔ မထင္တဲ့ပုံစံမ်ိဳးျဖစ္ေနခဲ့ပါတယ္။
Photo Credit
မက္ဆီက အေနာက္တန္းမွာ ထုိင္ေနတဲ့ ဗီဒယ္အပါအ၀င္ အသင္းေဖာ္ေတြနဲ႔ ရယ္ရယ္ၿပံဳးၿပံဳးစကားေတြလွည့္ေျပာေနခဲ့ေပမယ့္ ကိုယ့္ေဘးမွာရွိတဲ့ဂရစ္ဇ္မန္းကိုေတာ့ လည့္ေတာင္မၾကည့္ဘဲ ပြဲအၿပီး ကြင္းထဲ၀င္ခ်ိန္မွာလည္း သူတုိ႔ႏွစ္ေယာက္ပုံစံက ေအးစက္စက္ျဖစ္ေနခဲ့ပါတယ္။
Photo Credit
အဲဒီမွာ မက္ဆီက ရာသီသစ္မတုိင္ခင္ ပရိသတ္ေတြကို စကားေျပာေနၾကပုံစံအတုိင္း ”ၿပီးခဲ့တဲ့ရာသီက အျဖစ္အပ်က္တခ်ိဳ႕ကို ျပန္ေျပာဖို႔ ခက္ေပမယ့္ ကၽြန္ေတာ္ကေတာ့ ဘာတစ္ခုမွေနာင္တမရပါဘူး။ ဒီႏွစ္မွာလည္း အားလုံးအတူတကြႀကိဳးစားၿပီး ထပ္မံတုိက္ပြဲ၀င္သြားပါဦးမယ္”လုိ႔ ေျပာခဲ့ပါတယ္။
Photo Credit
Unicode
ဂရစ်ဇ်မန်း လက်ဆွဲနှုတ်ဆက်တာကို မက်ဆီ မသိချင်ယောင်ဆောင်ခဲ့တာများလား…
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီတစ်ယောက် အသင်းဖော်တိုက်စစ်မှူးသစ် ဂရစ်ဇ်မန်း လက်ဆွဲနှုတ်ဆက်တာကို မသိချင်ယောင်ဆောင်ကာ ငြင်းဆန်ခဲ့တဲ့ပုံစံမျိုး ထွက်ပေါ်ခဲ့ပါတယ်။
မက်ဆီဟာ ဂျိုအန်ဂမ်ပါဖလားဖိတ်ခေါ်ခြေစမ်းပွဲမှာ ဘာစီလိုနာအသင်းအတွက် ပါဝင်မကစားခဲ့ပေမယ့် ကွင်းဘေးရှိ အရန်ခုံတန်းကနေ အသင်းရဲ့ကစားပုံကို ကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ ယခုနွေရာသီအတွင်း အက်သလက်တီကိုအသင်းကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဂရစ်ဇ်မန်းက လူစားလဲခံရချိန် ကွင်းထဲကနေ ထွက်လာတဲ့အခါ အရန်ခုံတန်းမှာရှိတဲ့အသင်းဖော်တွေကို တစ်ယောက်ချင်းလိုက်လံနှုတ်ဆက်နေချိန်မှာ မက်ဆီက သူ့အလှည့်ရောက်တဲ့အခါ မသိသလိုနေခဲ့တာပါ။
ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းလည်း မက်ဆီက လက်ဆန့်မထုတ်ဘဲ ဒီအတိုင်းထိုင်နေခဲ့လို့ သူ့ဘေးက နေရာမှာ ဝင်ထိုင်ခဲ့ပြီး အဲဒီမှာလည်း သူတို့နှစ်ယောက်ရဲ့ပုံစံက အသင်းဖော်တွေပုံစံမျိုးမဟုတ်ဘဲ မက်ဆီက ဂရစ်ဇ်မန်း ဘေးမှာ ရှိနေတယ်လို့ မထင်တဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။
မက်ဆီက အနောက်တန်းမှာ ထိုင်နေတဲ့ ဗီဒယ်အပါအဝင် အသင်းဖော်တွေနဲ့ ရယ်ရယ်ပြုံးပြုံးစကားတွေလှည့်ပြောနေခဲ့ပေမယ့် ကိုယ့်ဘေးမှာရှိတဲ့ဂရစ်ဇ်မန်းကိုတော့ လည့်တောင်မကြည့်ဘဲ ပွဲအပြီး ကွင်းထဲဝင်ချိန်မှာလည်း သူတို့နှစ်ယောက်ပုံစံက အေးစက်စက်ဖြစ်နေခဲ့ပါတယ်။
အဲဒီမှာ မက်ဆီက ရာသီသစ်မတိုင်ခင် ပရိသတ်တွေကို စကားပြောနေကြပုံစံအတိုင်း ”ပြီးခဲ့တဲ့ရာသီက အဖြစ်အပျက်တချို့ကို ပြန်ပြောဖို့ ခက်ပေမယ့် ကျွန်တော်ကတော့ ဘာတစ်ခုမှနောင်တမရပါဘူး။ ဒီနှစ်မှာလည်း အားလုံးအတူတကွကြိုးစားပြီး ထပ်မံတိုက်ပွဲဝင်သွားပါဦးမယ်”လို့ ပြောခဲ့ပါတယ်။