ဂရစ္ဇ္မန္းရဲ႕အေျပာင္းအေရႊ႕ကို ပိတ္ပင္ဖြယ္ရွိတယ္လို႔ လာလီဂါဥကၠ႒ဆို

လာလီဂါအဖြဲ႔ခ်ဳပ္ဥကၠ႒ ဂ်ာဗီယာတီဘတ္စ္က တိုက္စစ္မွဴ း ဂရစ္ဇ္မန္းကိုလာမယ္႔ရာသီမွာ ဘာစီလိုနာအတြက္ကစားခြင့္ ပိတ္ပင္ဖြယ္ရွိေနတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဂရစ္ဇ္မန္းကို ဘာစီလိုနာအတြက္ေပးမကစားဖို႔ သူ႔အသင္းေဟာင္း အက္သလက္တီကို ကတရား၀င္တိုင္ၾကားထားတာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ သူ႔နဲ႔အက္သလက္တီကိုတို႔ရဲ႕စာခ်ဳပ္မွာသူ႔ထြက္ခြာေၾကးေလ်ာ႔က်သြားမယ္႔ ဇူလိုင္ ၁ ရက္ေနာက္ပိုင္းမွ ဘာစီလိုနာနဲ႔လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။ အဲဒီရက္မတိုင္ခင္မွာ သူ႔ရဲ႕ထြက္ခြာေၾကးဟာေပါင္သန္း ၁၈၀ ရွိခဲ့ေပမယ္႔ ဇူလိုင္ ၁ ရက္ေနာက္ပိုင္းမွာ ေပါင္ ၁၀၈ သန္းအထိေလ်ာ႔က်သြားခဲ့တာပါ။

ဒါေပမယ္႔ ဂရစ္ဇ္မန္းဟာၿပီးခဲ့တဲ႔ မတ္လကတည္းက ဘာစီလိုနာကိုေျပာင္းဖို႔ သေဘာတူထားတာလို႔အက္သလက္တီကိုက အခိုင္အမာစြပ္စြဲထားၿပီး ဒီအတြက္လည္းလုံေလာက္တဲ႔ သက္ေသခံေတြရွိတယ္လို႔ဆိုထားပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာနဲ႔ ကစားသမားအၾကားသေဘာတူညီခ်က္ရယူထားတဲ႔ အခ်ိန္ကေစ်းျဖစ္တဲ႔ ေပါင္သန္း ၁၈၀ အတိုင္းရယူလိုတဲ႔အတြက္ ေပါင္ ၇၂ သန္းထပ္ရမယ္လို႔ အက္သလက္တီကိုကဆိုတာပါ။ ဒါေၾကာင့္လည္း ဂရစ္ဇ္မန္းကို လာမယ္႔ရာသီမွာ ဘာစီလိုနအတြက္ကစားခြင့္ပိတ္ပင္ဖို႔ ေတာင္းဆိုထားတာျဖစ္ပါတယ္။

ဒါကိုဆုံးျဖတ္ခ်က္ခ်ႏိုင္မယ္႔အခြင့္အာဏာကလည္း လာလီဂါအဖြဲ႔ခ်ဳပ္ထံမွာရွိေနလို႔ ဂရစ္ဇ္မန္းပိတ္ပင္ခံရႏိုင္တယ္လို႔ တီဘတ္စ္ကဆိုခဲ့တာပါ။ သူက”ဂရစ္ဇ္မန္းကို ကစားခြင့္လိုင္စင္ထုတ္မေပးဖို႔ အက္သလက္တီကိုက က်ြန္ေတာ္တို႔ဆီတင္ျပထားပါတယ္။ ဒီကိစၥကို ေျဖရွင္းမယ္႔အခြင့္အာဏာလည္းရွိထားပါတယ္။ အခုဆိုရင္စုံစမ္းမႈေတြစတင္ျပဳလုပ္ေနၿပီး အခ်ိန္တန္ရင္ ေျဖရွင္းခ်က္ထြက္လာပါလိမ့္မယ္။

ကစားသမားကိုပိတ္ပင္ေရးကျဖစ္ႏိုင္ေခ်လည္းရွိပါတယ္” လို႔ေျပာသြားပါတယ္။ အက္သလက္တီကိုဟာ ၂၀၁၇ ဒီဇင္ဘာလတုန္းကလည္း ဂရစ္ဇ္မန္းကိုတရားမ၀င္ခ်ဥ္းကပ္မႈနဲ႔ ဘာစီလိုနာကို ဖီဖာထံတိုင္ၾကားခဲ့ဘူးေသးတယ္လို႔လည္း သိရပါတယ္။

Unicode

ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ကို ပိတ်ပင်ဖွယ်ရှိတယ်လို့ လာလီဂါဥက္ကဋ္ဌဆို
လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျာဗီယာတီဘတ်စ်က တိုက်စစ်မှူ း ဂရစ်ဇ်မန်းကိုလာမယ့်ရာသီမှာ ဘာစီလိုနာအတွက်ကစားခွင့် ပိတ်ပင်ဖွယ်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဂရစ်ဇ်မန်းကို ဘာစီလိုနာအတွက်ပေးမကစားဖို့ သူ့အသင်းဟောင်း အက်သလက်တီကို ကတရားဝင်တိုင်ကြားထားတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ သူ့နဲ့အက်သလက်တီကိုတို့ရဲ့စာချုပ်မှာသူ့ထွက်ခွာကြေးလျော့ကျသွားမယ့် ဇူလိုင် ၁ ရက်နောက်ပိုင်းမှ ဘာစီလိုနာနဲ့လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီရက်မတိုင်ခင်မှာ သူ့ရဲ့ထွက်ခွာကြေးဟာပေါင်သန်း ၁၈၀ ရှိခဲ့ပေမယ့် ဇူလိုင် ၁ ရက်နောက်ပိုင်းမှာ ပေါင် ၁၀၈ သန်းအထိလျော့ကျသွားခဲ့တာပါ။

ဒါပေမယ့် ဂရစ်ဇ်မန်းဟာပြီးခဲ့တဲ့ မတ်လကတည်းက ဘာစီလိုနာကိုပြောင်းဖို့ သဘောတူထားတာလို့အက်သလက်တီကိုက အခိုင်အမာစွပ်စွဲထားပြီး ဒီအတွက်လည်းလုံလောက်တဲ့ သက်သေခံတွေရှိတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် ဘာစီလိုနာနဲ့ ကစားသမားအကြားသဘောတူညီချက်ရယူထားတဲ့ အချိန်ကဈေးဖြစ်တဲ့ ပေါင်သန်း ၁၈၀ အတိုင်းရယူလိုတဲ့အတွက် ပေါင် ၇၂ သန်းထပ်ရမယ်လို့ အက်သလက်တီကိုကဆိုတာပါ။ ဒါကြောင့်လည်း ဂရစ်ဇ်မန်းကို လာမယ့်ရာသီမှာ ဘာစီလိုနအတွက်ကစားခွင့်ပိတ်ပင်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒါကိုဆုံးဖြတ်ချက်ချနိုင်မယ့်အခွင့်အာဏာကလည်း လာလီဂါအဖွဲ့ချုပ်ထံမှာရှိနေလို့ ဂရစ်ဇ်မန်းပိတ်ပင်ခံရနိုင်တယ်လို့ တီဘတ်စ်ကဆိုခဲ့တာပါ။ သူက”ဂရစ်ဇ်မန်းကို ကစားခွင့်လိုင်စင်ထုတ်မပေးဖို့ အက်သလက်တီကိုက ကျွန်တော်တို့ဆီတင်ပြထားပါတယ်။ ဒီကိစ္စကို ဖြေရှင်းမယ့်အခွင့်အာဏာလည်းရှိထားပါတယ်။ အခုဆိုရင်စုံစမ်းမှုတွေစတင်ပြုလုပ်နေပြီး အချိန်တန်ရင် ဖြေရှင်းချက်ထွက်လာပါလိမ့်မယ်

ကစားသမားကိုပိတ်ပင်ရေးကဖြစ်နိုင်ချေလည်းရှိပါတယ်” လို့ပြောသွားပါတယ်။ အက်သလက်တီကိုဟာ ၂၀၁၇ ဒီဇင်ဘာလတုန်းကလည်း ဂရစ်ဇ်မန်းကိုတရားမဝင်ချဉ်းကပ်မှုနဲ့ ဘာစီလိုနာကို ဖီဖာထံတိုင်ကြားခဲ့ဘူးသေးတယ်လို့လည်း သိရပါတယ်။