ဂရင်းဝုဒ်ဟာ မန်ယူမှာ ကြီးမားတဲ့အနာဂါတ်ရှိကြောင်း အသင်းဖော်အစ်ဟာလိုပြော

photo-gettyimages

photo-EPA

တိုက်စစ်မှုးလေးမေဆင်ဂရင်းဝုဒ်ဟာ မန်ယူရဲ့အနာဂါတ်မှာ ကြီးကြီးမားမားပါဝင်မယ့်သူဖြစ်ကြောင်း တိုက်စစ်ကစားဖော်အစ်ဟာလိုက ခန့်မှန်းပြောကြားလိုက်ပါတယ်။ ဂရင်းဝုဒ်ဟာ မန်ယူအတွက် အလားအလာကောင်းတဲ့လူငယ်တစ်ယောက်အဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ သူဟာ ဆိုးလ်ရှားလက်ထက် ဒီရာသီမှာ စတင်အခွင့်အရေးပေးခံခဲ့ရပြီး ပထမအသင်းကြီးအတွက် ၃၇ ပွဲကစားပေးထားကာ ပရီးမီးယားလိဂ် ၅ ဂိုးအပါအဝင် ၁၃ ဂိုးသွင်းယူထားပါတယ်။

photo-goal

၁၈ နှစ်သာရှိသေးလို့ ဂရင်းဝုဒ်ဟာ မန်ယူရဲ့ပွဲထွက်ကစားသမားတစ်ယောက်အဖြစ်ကို မရရှိသေးပါဘူး။ ဒါပေမဲ့လည်း ဂရင်းဝုဒ်ရဲ့အချိန်ရောက်လာလိမ့်မယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီက တရုတ်စူပါလိဂ်ကလပ်ကနေ အငှားရောက်လာတဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်အစ်ဟာလိုက ပြောခဲ့ပါတယ်။ အစ်ဟာလိုကြောင့်လည်း ရက်ရှ်ဖို့ဒ်၊မာရှယ်၊ဂရင်းဝုဒ်တို့နဲ့ မန်ယူတိုက်စစ်ဟာ ရွေးချယ်စရာများသွားတာပါ။

photo-gettyimages

”ဂရင်းဝုဒ်ဟာ အရမ်းငယ်သေးသလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ ဘယ်ခြေနဲ့ပဲဖြစ်ဖြစ် ညာခြေနဲ့ပဲဖြစ်ဖြစ် ကန်သွင်း၊ ဂိုးသွင်းနိုင်တဲ့ အရမ်းကောင်းတဲ့ကစားသမားပါ။ သူဟာ မန်ယူအတွက် အနာဂါတ်အတွက် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အခုတောင် သူကောင်းကောင်းလုပ်ပြနိုင်လို့ ၂ နှစ် ၃ နှစ်အတွင်းမှာ ပိုကောင်းအောင် သူလုပ်နိုင်တော့မှာပါ”လို့ Instagram ပေါ်က Live မှာ အစ်ဟာလိုက ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။

[Zawgyi]

ဂရင္း၀ုဒ္ဟာ မန္ယူမွာ ႀကီးမားတဲ့အနာဂါတ္ရွိေၾကာင္း အသင္းေဖာ္အစ္ဟာလိုေျပာ

တုိက္စစ္မႈးေလးေမဆင္ဂရင္း၀ုဒ္ဟာ မန္ယူရဲ႕အနာဂါတ္မွာ ႀကီးႀကီးမားမားပါ၀င္မယ့္သူျဖစ္ေၾကာင္းတိုက္စစ္ကစားေဖာ္အစ္ဟာလိုက ခန္႔မွန္းေျပာၾကားလုိက္ပါတယ္။ ဂရင္း၀ုဒ္ဟာ မန္ယူအတြက္ အလားအလာေကာင္းတဲ့လူငယ္တစ္ေယာက္အျဖစ္လည္း သတ္မွတ္ခံထားရတာပါ။ သူဟာ ဆုိးလ္ရွားလက္ထက္ ဒီရာသီမွာ စတင္အခြင့္အေရးေပးခံခဲ့ရၿပီး ပထမအသင္းႀကီးအတြက္ ၃၇ ပြဲကစားေပးထားကာ ပရီးမီးယားလိဂ္ ၅ ဂိုးအပါအ၀င္ ၁၃ ဂိုးသြင္းယူထားပါတယ္။

၁၈ ႏွစ္သာရွိေသးလုိ႔ ဂရင္း၀ုဒ္ဟာ မန္ယူရဲ႕ပြဲထြက္ကစားသမားတစ္ေယာက္အျဖစ္ကုိ မရရွိေသးပါဘူး။ ဒါေပမဲ့လည္း ဂရင္း၀ုဒ္ရဲ႕အခ်ိန္ေရာက္လာလိမ့္မယ္လုိ႔ ၿပီးခဲ့တဲ့ဇန္န၀ါရီက တရုတ္စူပါလိဂ္ကလပ္ကေန အငွားေရာက္လာတဲ့ ႏိုင္ဂ်ီးရီးယားလက္ေရြးစင္အစ္ဟာလိုက ေျပာခဲ့့ပါတယ္။ အစ္ဟာလိုေၾကာင့္လည္း ရက္ရွ္ဖို႔ဒ္၊မာရွယ္၊ဂရင္း၀ုဒ္တို႔နဲ႔ မန္ယူတိုက္စစ္ဟာ ေရြးခ်ယ္စရာမ်ားသြားတာပါ။

”ဂရင္း၀ုဒ္ဟာ အရမ္းငယ္ေသးသလို စိတ္လႈပ္ရွားစရာလည္း ေကာင္းပါတယ္။ ဘယ္ေျခနဲ႔ပဲျဖစ္ျဖစ္ ညာေျခနဲ႔ပဲျဖစ္ျဖစ္ ကန္သြင္း၊ ဂိုးသြင္းႏိုင္တဲ့ အရမ္းေကာင္းတဲ့ကစားသမားပါ။ သူဟာ မန္ယူအတြက္ အနာဂါတ္အတြက္ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ အခုေတာင္ သူေကာင္းေကာင္းလုပ္ျပႏိုင္လုိ႔ ၂ ႏွွစ္ ၃ ႏွစ္အတြင္းမွာ ပိုေကာင္းေအာင္ သူလုပ္ႏိုင္ေတာ့မွာပါ”လို႔ Instagram ေပၚက Live မွာ အစ္ဟာလုိက ဂရင္း၀ုဒ္နဲ႔႔ပတ္သက္ၿပီး ေျပာခဲ့တာပါ။