ဂရင်းဝုဒ်ကို နေရာချပြီးမှ လိုအပ်တဲ့နေရာ လူဖြည့်ရင် ပေါင်သန်း ၁၀၀ သက်သာမယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဂရင်းဝုဒ်ကြောင့် ယူနိုက်တက်အနေနဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် သန်း ၁၀၀ လောက် ချွေတာလို့ ရနိုင်ကြောင်း ကစားသမားဟောင်း ဂယ်ရီနဗီးလ် ကပြောကြားသွားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၁၉-၂၀ ဘောလုံး ရာသီတုန်းက ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရခဲ့တဲ့ အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အဲ့ရာသီမှာ ကိုယ်တိုင် ၁၇ဂိုး သွင်းယူပြီး ၄ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တည်ငြိမ်တဲ့ ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန်နေခဲ့ရပြီး ဒီဇင်ဘာလ နဲ့ ဧပြီလ အကြားမှာ ၄လ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့ရပါတယ်။

သူဟာ ဆောက်ဂိတ် ရွေးချယ်သွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ပဏာမ ကစားသမား ၃၃ ဦး စာရင်းမှာ ဂရင်းဝုဒ်ဟာ ပါဝင်နိုင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒဏ်ရာပြသနာ ရှိနေခဲ့တဲ့အတွက် အပြီးသတ် ရွေးချယ်မှုမှာ မပါဝင်နိုင်ခဲ့ပါဘူး။

အခုချိန်မှာတော့ သူဟာ နောက်ရာသီသစ် မတိုင်မီ အနားယူခွင့်ရခဲ့ပါပြီ။

ဂယ်ရီနဗီးလ် က ပါရမီ ကောင်းတဲ့ မေဆွန် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အတွက် ဈေးကွက်ထဲမှာ ပေါင်သန်း ၁၀၀ လောက် သက်သာ စေနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က “ဂရင်းဝုဒ်ဟာ နောက်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ဦးစားပေး ကစားသမား ဖြစ်လာနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ပွဲတိုင်းပွဲထွက် ကစားခွင့်ရလိမ့်မယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။

ပရီသတ်တွေက သူ့ကို အသက် ၁၉နှစ် ၂၀နှစ်ပဲ ရှိသေးတယ်ဆိုပြီး ပြောကြပါလိမ့်မယ်။

ဒါပေမယ့် သူ့မှာ ပါရမီကောင်းတွေ ရှိနေပါတယ်။

ပထမဆုံးအနေနဲ့ အသင်းဖက်ကနေ ဂရင်းဝုဒ် ဘယ်နေရာမှာ ကစားချင်သလဲဆိုတာကို မေးမြန်းရပါ့မယ်။

ပြီးမှ ဘယ်နေရာတွေအတွက် ကစားသမား ခေါ်ယူသင့်လဲဆိုတာ တွေးတော့ရပါ့မယ်။

အသင်းအနေနဲ့ သူကစားတဲ့ နေရာအတွက် ကစားသမား ခေါ်လိုက်ပြီး သူ့ရဲ့ တိုးတက်ရေးလမ်းကြောင်း ပိတ်ဆို့လိုက်လို့တော့ မရပါဘူး။

သူ့ကို တိုးတက်ခွင့်တွေ ပေးဆောင်ရပါ့မယ်။

ဘာလို့လဲဆိုတော့ သူက အသင်းအတွက် ပေါင်သန်း ၁၀၀ တန်တဲ့ ကစားသမား ဖြစ်နေလို့ပါပဲ။

သူဟာ ညာတောင်ပံ ကစားမယ်ဆိုတာ သေချာသွားရင် ယူနိုက်တက် အနေနဲ့ ဟားလန်း ဒါမှမဟုတ် ဟယ်ရီကိန်း ကို ခေါ်ယူသင့်ပါတယ်။

အကယ်လို့ သူက အထောင်တိုက်စစ် ကစားမယ်ဆိုရင် ယူနိုက်တက် အနေနဲ့ ညာတိုက်စစ် ဆန်ချိုကို ခေါ်ယူသင့်ပါတယ်။

တကယ်လို့ အသင်းအနေနဲ့ ပရိသတ်တွေရဲ့ အလိုကိုလိုက်ပြီး ၂နေရာလုံး လူခေါ်လိုက်မယ်ဆိုရင် အသင်းမှာ ရှိနေတဲ့ ဂရင်းဝုဒ် ၊ ရပ်ရှ်ဖို့ နဲ့ အခြား ကစားသမားရဲ့ တိုးတက်ရေးကို အဟန့်အတား ဖြစ်သွားစေပါလိမ့်မယ်။

ဒါ့အပြင် မာရှယ်လည်း ရှိနေပါသေးတယ်။

ဒါ့ကြောင့် ယူနိုက်တက်အနေနဲ့ ဂရင်ဒဝုဒ် ဘယ်မှာကစားချင်သလဲ ဆိုတာကို အရင်ဦးဆုံး အတည်ပြုလိုက်သင့်ပါတယ်။

အဲ့တာပြီးမှ လိုတဲ့နေရာတစ်ခုအတွက်ပဲ ကစားသမား အင်အား ဖြည့်တင်းလိုက်သင့် ပါတယ်” လို့ ဂယ်ရီနဗီးလ် က အကြံပေးသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂရင္းဝုဒ္ကို ေနရာခ်ၿပီးမွ လိုအပ္တဲ့ေနရာ လူျဖည့္ရင္ ေပါင္သန္း ၁၀၀ သက္သာမယ့္ ယူႏိုက္တက္

အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမား ဂရင္းဝုဒ္ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေပါင္ သန္း ၁၀၀ ေလာက္ ေခြၽတာလို႔ ရႏိုင္ေၾကာင္း ကစားသမားေဟာင္း ဂယ္ရီနဗီးလ္ ကေျပာၾကားသြားခဲ့ပါတယ္။ ဂရင္းဝုဒ္ဟာ ၂၀၁၉-၂၀ ေဘာလုံး ရာသီတုန္းက ယူႏိုက္တက္ စီနီယာအသင္းအတြက္ စတင္ ကစားေပးခြင့္ ရခဲ့တဲ့ အကယ္ဒမီထြက္ ကစားသမားျဖစ္ၿပီး အဲ့ရာသီမွာ ကိုယ္တိုင္ ၁၇ဂိုး သြင္းယူၿပီး ၄ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက တည္ၿငိမ္တဲ့ ပုံစံေကာင္းေတြ ျပသဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဒီဇင္ဘာလ နဲ႔ ဧၿပီလ အၾကားမွာ ၄လ ဆက္တိုက္ ဂိုးေပါက္ ေပ်ာက္ဆုံးခဲ့ရပါတယ္။

သူဟာ ေဆာက္ဂိတ္ ေ႐ြးခ်ယ္သြားခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ပဏာမ ကစားသမား ၃၃ ဦး စာရင္းမွာ ဂရင္းဝုဒ္ဟာ ပါဝင္ႏိုင္ခဲ့ပါေသးတယ္။ ဒါေပမဲ့ ဒဏ္ရာျပသနာ ရွိေနခဲ့တဲ့အတြက္ အၿပီးသတ္ ေ႐ြးခ်ယ္မႈမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ အခုခ်ိန္မွာေတာ့ သူဟာ ေနာက္ရာသီသစ္ မတိုင္မီ အနားယူခြင့္ရခဲ့ပါၿပီ။ ဂယ္ရီနဗီးလ္ က ပါရမီ ေကာင္းတဲ့ ေမဆြန္ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အတြက္ ေဈးကြက္ထဲမွာ ေပါင္သန္း ၁၀၀ ေလာက္ သက္သာ ေစႏိုင္လိမ့္မယ္လို႔ သုံးသပ္ခဲ့ပါတယ္။

ဂယ္ရီနဗီးလ္က “ဂရင္းဝုဒ္ဟာ ေနာက္ရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ဦးစားေပး ကစားသမား ျဖစ္လာႏိုင္ပါလိမ့္မယ္။ ဒါေပမဲ့ ပြဲတိုင္းပြဲထြက္ ကစားခြင့္ရလိမ့္မယ္လို႔ေတာ့ ေျပာလို႔မရႏိုင္ပါဘူး။ ပရီသတ္ေတြက သူ႔ကို အသက္ ၁၉ႏွစ္ ၂၀ႏွစ္ပဲ ရွိေသးတယ္ဆိုၿပီး ေျပာၾကပါလိမ့္မယ္။ ဒါေပမယ့္ သူ႔မွာ ပါရမီေကာင္းေတြ ရွိေနပါတယ္။ ပထမဆုံးအေနနဲ႔ အသင္းဖက္ကေန ဂရင္းဝုဒ္ ဘယ္ေနရာမွာ ကစားခ်င္သလဲဆိုတာကို ေမးျမန္းရပါ့မယ္။ ၿပီးမွ ဘယ္ေနရာေတြအတြက္ ကစားသမား ေခၚယူသင့္လဲဆိုတာ ေတြးေတာ့ရပါ့မယ္။

အသင္းအေနနဲ႔ သူကစားတဲ့ ေနရာအတြက္ ကစားသမား ေခၚလိုက္ၿပီး သူ႔ရဲ႕ တိုးတက္ေရးလမ္းေၾကာင္း ပိတ္ဆို႔လိုက္လို႔ေတာ့ မရပါဘူး။ သူ႔ကို တိုးတက္ခြင့္ေတြ ေပးေဆာင္ရပါ့မယ္။ ဘာလို႔လဲဆိုေတာ့ သူက အသင္းအတြက္ ေပါင္သန္း ၁၀၀ တန္တဲ့ ကစားသမား ျဖစ္ေနလို႔ပါပဲ။ သူဟာ ညာေတာင္ပံ ကစားမယ္ဆိုတာ ေသခ်ာသြားရင္ ယူႏိုက္တက္ အေနနဲ႔ ဟားလန္း ဒါမွမဟုတ္ ဟယ္ရီကိန္း ကို ေခၚယူသင့္ပါတယ္။ အကယ္လို႔ သူက အေထာင္တိုက္စစ္ ကစားမယ္ဆိုရင္ ယူႏိုက္တက္ အေနနဲ႔ ညာတိုက္စစ္ ဆန္ခ်ိဳကို ေခၚယူသင့္ပါတယ္။

တကယ္လို႔ အသင္းအေနနဲ႔ ပရိသတ္ေတြရဲ႕ အလိုကိုလိုက္ၿပီး ၂ေနရာလုံး လူေခၚလိုက္မယ္ဆိုရင္ အသင္းမွာ ရွိေနတဲ့ ဂရင္းဝုဒ္ ၊ ရပ္ရွ္ဖို႔ နဲ႔ အျခား ကစားသမားရဲ႕ တိုးတက္ေရးကို အဟန႔္အတား ျဖစ္သြားေစပါလိမ့္မယ္။ ဒါ့အျပင္ မာရွယ္လည္း ရွိေနပါေသးတယ္။ ဒါ့ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ဂရင္ဒဝုဒ္ ဘယ္မွာကစားခ်င္သလဲ ဆိုတာကို အရင္ဦးဆုံး အတည္ျပဳလိုက္သင့္ပါတယ္။ အဲ့တာၿပီးမွ လိုတဲ့ေနရာတစ္ခုအတြက္ပဲ ကစားသမား အင္အား ျဖည့္တင္းလိုက္သင့္ ပါတယ္” လို႔ ဂယ္ရီနဗီးလ္ က အႀကံေပးသြားခဲ့ပါတယ္။