ဂယ်ရီလိုင်နီကာ ပြောပြာလာတဲ့ ဝါရင့်နည်းပြကြီးတွေထက် အင်္ဂလိပ်ဘောလုံးလောကကို အကျိူးပြုနိုင်ခဲ့တဲ့ နည်းပြတစ်ဦး

ပရီးမီးယားလိဂ်လို့ ဆိုလိုက်တာနဲ့ ပြေးမြင်မိမယ့်နည်းပြကြီးတွေကတော့ ဆာအဲလက်စ်ဇာဂူဆန်၊အာဆင်ဝင်းဂါးနဲ့မော်ရင်ဟိုတို့လိုထိပ်တန်းနည်းပြတွေပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာ ပရီးမီးယားလိဂ်မှာ နည်းပြခဲ့သလို လိဂ်တစ်ခုလုံးအောင်မြင်လာစေဖို့နဲ့ အင်္ဂလိပ်ဘောလုံးလောကအတွက်ပါ အကျိုးကျေးဇူးများစေခဲ့တာပါ။

 

Match Of The Day ပွဲတင်ဆက်သူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီလိုင်နီကာကတော့ အများအမြင်နဲ့မတူတဲ့အတွေးအမြင်တစ်ခုရှိနေတယ်ဆိုတာကို ချပြလာခဲ့ပါတယ်။ဂယ်ရီလိုင်နီကာက ဒီလိုကာလရှည်ကြာနည်းပြခဲ့တဲ့ ဝါရင့်နည်းပြတွေထက် လက်ရှိမန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ အင်္ဂလိပ်ဘောလုံးလောကကို အကျိုးပြုနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်တယ်လို့ဆိုခဲ့တာပါ။

ဂယ်ရီလိုင်နီကာက ((( ကျွန်တော်ဂွာဒီယိုလာအစားပြောပေးချင်ပါတယ်။သူဟာ အင်္ဂလိပ်ဘောလုံးလောက အတွက် အကျိုးပြုနိုင်စွမ်း အရှိဆုံးနည်းပြဆိုတာ ငြင်းနေရမယ့် ကိစ္စမဟုတ်ပါဘူး။ဆာအဲလက်စ်ကို ကျွန်တော်လေးစားပါတယ်။သူ့အောင်မြင်မှုတွေဟာတကယ့်ကိုလိုက်မမှီစရာဖြစ်ပြီး အအောင်မြင်ဆုံးနည်းပြဆိုတာ သံ့သယဖြစ်စရာမရှိပါဘူး။ဒါပေမယ့် ဘောလုံးလောက ကိုအကျိုးပြုတယ်ဆိုတာ ကတော့ ခြားနားတဲ့ အရာတစ်ခုပါ။ဂွာဒီဟာအင်္ဂလိပ်ဘောလုံးလောကရဲ့ အတွေးအခေါ်နဲ့ကစားပုံတွေအားလုံးကို ပြောင်းလဲနိုင်ခဲ့ပါတယ်။အခုဆိုရင် အင်္ဂလန်မှာ တိုက်ရိုက်ကန်တင်ပြီး ကစားတဲ့ကစားကွက်နဲ့ကစားတဲ့သူဆိုတာမရှိတော့ပါဘူးလို့Twitter မှာ Tweet ထားခဲ့ပါတယ်။

ဖာဂူဆန် အာဆင်ဝင်းဂါးတို့ထက် အင်္ဂလိပ်ဘောလုံးလောကကို တကယ်အကျိုးပြုနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားကြရမှာ ဖြစ်ပါတယ်ဗျာ။