ဂယ်ရီနဗီးလ်ရဲ့ဝေဖန်မှုကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ လီဗာပူးအသင်းကို အရေးနိမ့်ခဲ့ပေမယ့်လည်း ခြေလှမ်းကျဲကျဲနဲ့ ဆက်လျှောက်နေတယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးကို အရေးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာနဲ့ ရမှတ် ၃၀ အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။


အဆိုပါရှုံးပွဲအပြီးမှာတော့ အသင်းဖော် ဂယ်ရီနဗီးလ်က လက်ရှိယူနိုက်တက်ရဲ့လူသစ်စုဆောင်းမှုပုံစံကို ဝေဖန်ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမယ့် ထင်ထားသလိုမျိုးကြီး ဂိုးပြတ်အရေးနိမ့်ခဲ့တာ မဟုတ်ပါဘူး။ အဲ့ပွဲကိုတော့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ လူသစ်စုဆောင်းမှုထက် ဘန်လေနဲ့ပွဲကို အာရုံစိုက်နေပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့အသင်းလူစာရင်းပိုကောင်းလာဖို့အတွက် အစဉ်တစိုက်ကြည့်ရှုနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်က ဂယ်ရီနဲ့ ဒီအကြောင်းဆွေးနွေးဖို့ အချိန်မဟုတ်သေးပါဘူး”လို့ ဆိုးလ်ရှားက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ မနက်ဖြန်မှာ ဘန်လေအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းပရိသတ်တော်တော်များများကတော့ လက်ရှိအသင်းရဲ့ပုံစံကို မပျော်မရွှင် ဖြစ်နေကြပါတယ်။


“သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီနေရာမျိူးမှာ မရှိသင့်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အဲ့တာက သမိုင်းမှာ ကျန်ခဲ့ပါပြီ။ အခုက အလုပ်ကြိုးစားရမယ့်အချိန်ပါ။ အသင်းမှာ လုံလောက်တဲ့ ကစားသမားတွေရှိပါတယ်။ သူတို့တွေကလည်း အရည်အချင်း ရှိပြီးသားတွေပါ”လို့ ဆိုးလ်ရှားက ဆိုပါတယ်။ ပရိသတ်တွေကတော့ လက်ကျန်အပြောင်းအရွှေ့ရက်သိပ်မကျန်တော့တာကြောင့် ရက်ရှ်ဖို့ဒ်နေရာမှာ လိုအပ်တဲ့တိုက်စစ်မှူးကို ခေါ်ယူဖို့ အလိုရှိနေကြပါတယ်။


သတင်းတွေအရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် ကာဗာနီ ၊ ဒမ်ဘီလီ နဲ့ ပီယာတက်ခ်တို့ကို ချိတ်ဆက်နေပြီး လက်ရှိတိုက်စစ်ပိုင်းမှာ ဂရင်းဝုဒ် နဲ့ မာရှယ်တို့သာ အားကိုးနေရတာ ဖြစ်ပါတယ်။