ဂန္ထဝင်နှစ်ဦးဖြစ်တဲ့ ကွန်ပနီနဲ့ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ရုပ်တုကို အစ်တီဟတ်ကွင်းရှေ့မှာထားပြီး ဂုဏ်ပြုခဲ့တဲ့မန်စီးတီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ အသင်းရဲ့ဂန္ထဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ ကွန်ပနီနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ အစ်တီဟတ်ကွင်းရှေ့မှာ သူတို့နှစ်ယောက်ရဲ့ပုံတူရုပ်တုတွေထားပြီးတော့ ထူးထူးခြားခြားဂုဏ်ပြုခဲ့ပါတယ်။

ဘယ်လ်ဂျီယနာမည်ကျော်နောက်ခံလူဟောင်းကွန်ပနီဟာ မန်စီးတီးအသင်းမှာ (၁၁)ရာသီကြာကစားခဲ့သလို အသင်းခေါင်းဆောင်အဖြစ် (၈)ရာသီအထိတာဝန်ယူခဲ့ပြီး ၂၀၁၁-၁၂ ရာသီမှာ (၄၄)နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားရယူနိုင်အောင် ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ကွန်ပနီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၁၃-၁၄၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ရာသီတွေမှာ ဆက်လက်ရယူခဲ့ပြီး FA ဖလား(၂)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်အထိရယူခဲ့တာကြောင့် မန်စီးတီးကစားသမားတွေထဲမှာ ဆုဖလားအများဆုံးရယူနိုင်ခဲ့သူတစ်ဦးအဖြစ်လည်း ရပ်တည်နေသူပါ။

၂၀၁၉ ခုနှစ်မှာ မန်စီးတီးအသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် အသင်းဟောင်းအန်ဒါလက်ချ်ဆီ ပြန်ခဲ့ပေမယ့် တစ်ရာသီအကြာမှာတော့ ဘောလုံးသမားဘဝကအနားယူခဲ့ပြီး အခု အန်ဒါလက်ချ်နည်းပြအဖြစ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အခုလောလောဆယ်ဆိုစီဒက်အသင်းမှာကစားနေတဲ့ ဒေးဗစ်ဆေးလ်ဗား(၃၅နှစ်)ဟာ မန်စီးတီးအသင်းမှာ ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီး

ကွန်ပနီလိုပဲ ပရီးမီးယားလိဂ်(၄)ကြိမ်၊ FAဖလား(၂)ကြိမ်ရယူခဲ့သလို လိဂ်ဖလားမှာတော့ ကွန်ပနီထက်တစ်ကြိမ်အသာနဲ့ (၅)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် မန်စီးတီးအသင်းဟာ သူတို့ရဲ့ဂန္ထဝင်ကစားသမားနှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပနီ၊ဒေးဗစ်ဆေးလ်ဗားတို့ရဲ့ပုံတူရုပ်တုထုလုပ်ဖို့ ကမ္ဘာ့အကောင်းဆုံးပန်းပုပညာရှင်ဆုရရှိခဲ့တဲ့ အန်ဒီစကော့ကို တာဝန်ပေးခဲ့ပြီး အစ်တီဟစ်ကွင်းရှေ့မှာ အမှတ်တရထားရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုဂုဏ်ပြုခံခဲ့ရတာနဲ့ပတ်သက်ပြီး ကွန်ပနီက “မန်စီးတီးလို ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းက ကျွန်တော့်ကို ဒီလိုမျိုးအသိအမှတ်ပြုဂုဏ်ယူမယ်လို့ မထင်မိခဲ့ပါဘူး။

ကျွန်တော့်ဇနီးက မန်ချက်စတာမြို့သူဖြစ်သလို ကလေးတွေဟာလည်း မန်ချက်စတာမြို့မှာပဲ မွေးဖွားခဲ့တာပါ။

အခုတော့ သူတို့ဟာ အဖေဖြစ်သူရဲ့အောင်မြင်မှုကို မျှဝေခံစားဖို့ မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိတော့မှာဖြစ်ပါတယ်။

ဒါက တကယ့်ကို စကားလုံးနဲ့ဖော်ပြဖို့ခက်တဲ့ ခံစားချက်ပါပဲ။

ဒီရုပ်တုက ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆေးလ်ဗားကလည်း “မန်စီးတီးအသင်းမှာကစားခွင့်ရခဲ့တာက ကျွန်တော့်ဘဝကို ကြီးမားတဲ့အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

ကျွန်တော်တို့အတူ အသင်းအတွက်စွမ်းဆောင်ပေးခဲ့တာတွေကို ကျေနပ်ဂုဏ်ယူမိသလို ဒီလိုမျိုးဂုဏ်ပြုခံရတဲ့အတွက်လည်း စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်”လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကွန်ပနီနဲ့ ဒေးဗစ်ဆေးလ်ဗားတို့အပြင် အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ တိုက်စစ်မှူးဟောင်းအဂွဲရိုးကိုလည်း ရုပ်တုထုလုပ်ဂုဏ်ပြုသွားမှာဖြစ်ပြီး လာမယ့်(၂)နှစ်အကြာ အစ်တီဟတ်ကွင်းရှေ့မှာ ရုပ်တုဖွင့်လှစ်ထားနိုင်ဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂႏၴဝင္ႏွစ္ဦးျဖစ္တဲ့ ကြန္ပနီနဲ႔ေဒးဗစ္ေဆးလ္ဗားတို႔ရဲ႕႐ုပ္တုကို အစ္တီဟတ္ကြင္းေရွ႕မွာထားၿပီး ဂုဏ္ျပဳခဲ့တဲ့မန္စီးတီး

မန္စီးတီးအသင္းဟာ အသင္းရဲ႕ဂႏၴဝင္ကစားသမားႏွစ္ဦးျဖစ္တဲ့ ကြန္ပနီနဲ႔ ေဒးဗစ္ေဆးလ္ဗားတို႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အစ္တီဟတ္ကြင္းေရွ႕မွာ သူတို႔ႏွစ္ေယာက္ရဲ႕ပုံတူ႐ုပ္တုေတြထားၿပီးေတာ့ ထူးထူးျခားျခားဂုဏ္ျပဳခဲ့ပါတယ္။ ဘယ္လ္ဂ်ီယနာမည္ေက်ာ္ေနာက္ခံလူေဟာင္းကြန္ပနီဟာ မန္စီးတီးအသင္းမွာ (၁၁)ရာသီၾကာကစားခဲ့သလို အသင္းေခါင္းေဆာင္အျဖစ္ (၈)ရာသီအထိတာဝန္ယူခဲ့ၿပီး ၂၀၁၁-၁၂ ရာသီမွာ (၄၄)ႏွစ္ၾကာေဝးကြာေနတဲ့ အမွတ္ေပးဖလားရယူႏိုင္ေအာင္ ဦးေဆာင္ေပးခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ ကြန္ပနီဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၂၀၁၃-၁၄၊ ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ ရာသီေတြမွာ ဆက္လက္ရယူခဲ့ၿပီး FA ဖလား(၂)ႀကိမ္၊ လိဂ္ဖလား(၄)ႀကိမ္အထိရယူခဲ့တာေၾကာင့္ မန္စီးတီးကစားသမားေတြထဲမွာ ဆုဖလားအမ်ားဆုံးရယူႏိုင္ခဲ့သူတစ္ဦးအျဖစ္လည္း ရပ္တည္ေနသူပါ။ ၂၀၁၉ ခုႏွစ္မွာ မန္စီးတီးအသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ အသင္းေဟာင္းအန္ဒါလက္ခ်္ဆီ ျပန္ခဲ့ေပမယ့္ တစ္ရာသီအၾကာမွာေတာ့ ေဘာလုံးသမားဘဝကအနားယူခဲ့ၿပီး အခု အန္ဒါလက္ခ်္နည္းျပအျဖစ္ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။ အခုေလာေလာဆယ္ဆိုစီဒက္အသင္းမွာကစားေနတဲ့ ေဒးဗစ္ေဆးလ္ဗား(၃၅ႏွစ္)ဟာ မန္စီးတီးအသင္းမွာ ၂၀၁၀ ကေန ၂၀၂၀ ခုႏွစ္အထိ ဆယ္စုႏွစ္တစ္ခုၾကာကစားခဲ့ၿပီး ကြန္ပနီလိုပဲ ပရီးမီးယားလိဂ္(၄)ႀကိမ္၊ FAဖလား(၂)ႀကိမ္ရယူခဲ့သလို လိဂ္ဖလားမွာေတာ့ ကြန္ပနီထက္တစ္ႀကိမ္အသာနဲ႔ (၅)ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ မန္စီးတီးအသင္းဟာ သူတို႔ရဲ႕ဂႏၴဝင္ကစားသမားႏွစ္ဦးကို ဂုဏ္ျပဳတဲ့အေနနဲ႔ ကြန္ပနီ၊ေဒးဗစ္ေဆးလ္ဗားတို႔ရဲ႕ပုံတူ႐ုပ္တုထုလုပ္ဖို႔ ကမာၻ႔အေကာင္းဆုံးပန္းပုပညာရွင္ဆုရရွိခဲ့တဲ့ အန္ဒီစေကာ့ကို တာဝန္ေပးခဲ့ၿပီး အစ္တီဟစ္ကြင္းေရွ႕မွာ အမွတ္တရထားရွိခဲ့တာျဖစ္ပါတယ္။ ဒီလိုဂုဏ္ျပဳခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ကြန္ပနီက “မန္စီးတီးလို ႀကီးက်ယ္ခမ္းနားတဲ့အသင္းတစ္သင္းက ကြၽန္ေတာ့္ကို ဒီလိုမ်ိဳးအသိအမွတ္ျပဳဂုဏ္ယူမယ္လို႔ မထင္မိခဲ့ပါဘူး။ ကြၽန္ေတာ့္ဇနီးက မန္ခ်က္စတာၿမိဳ႕သူျဖစ္သလို ကေလးေတြဟာလည္း မန္ခ်က္စတာၿမိဳ႕မွာပဲ ေမြးဖြားခဲ့တာပါ။ အခုေတာ့ သူတို႔ဟာ အေဖျဖစ္သူရဲ႕ေအာင္ျမင္မႈကို မွ်ေဝခံစားဖို႔ မန္ခ်က္စတာၿမိဳ႕ကို ျပန္လည္ေရာက္ရွိေတာ့မွာျဖစ္ပါတယ္။ ဒါက တကယ့္ကို စကားလုံးနဲ႔ေဖာ္ျပဖို႔ခက္တဲ့ ခံစားခ်က္ပါပဲ။ ဒီ႐ုပ္တုက ကြၽန္ေတာ့္အတြက္ အဓိပၸါယ္အမ်ားႀကီးရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ေဆးလ္ဗားကလည္း “မန္စီးတီးအသင္းမွာကစားခြင့္ရခဲ့တာက ကြၽန္ေတာ့္ဘဝကို ႀကီးမားတဲ့အေျပာင္းအလဲျဖစ္ေစခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အတူ အသင္းအတြက္စြမ္းေဆာင္ေပးခဲ့တာေတြကို ေက်နပ္ဂုဏ္ယူမိသလို ဒီလိုမ်ိဳးဂုဏ္ျပဳခံရတဲ့အတြက္လည္း စိတ္လႈပ္ရွားေပ်ာ္႐ႊင္မိပါတယ္”လို႔ ဆိုခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ကြန္ပနီနဲ႔ ေဒးဗစ္ေဆးလ္ဗားတို႔အျပင္ အသင္းသမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ တိုက္စစ္မႉးေဟာင္းအဂြဲ႐ိုးကိုလည္း ႐ုပ္တုထုလုပ္ဂုဏ္ျပဳသြားမွာျဖစ္ၿပီး လာမယ့္(၂)ႏွစ္အၾကာ အစ္တီဟတ္ကြင္းေရွ႕မွာ ႐ုပ္တုဖြင့္လွစ္ထားႏိုင္ဖို႔ရွိေနပါၿပီ။