ဂန္တဝင် မာရာဒိုနာကွယ်လွန်မှုအပေါ် သူ့ရဲ့သူငယ်ချင်းပီလီက ဝမ်းနည်းနှုတ်ဆက်စကားတွေ ဆိုခဲ့သလို မက်ဆီ၊ စီရော်နယ်ဒို နဲ့ အမ်ဘာပေတို့ တွေအပါအဝင် ကမ္ဘာတစ်ဝှမ်းက နာမည်ကျော် ဘောလုံးသမားတွေက လူမှုကွန်ယက်တွေပေါ်မှာ ဝမ်းနည်းကြောင်းတွေရေးတင်ထားနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘုရားပေးတဲ့ လက်တစ်စုံပိုင်ရှင် အာဂျင်တီးနားသားကြီး မာရာဒိုနာကတော့ အသက် ၆၀အရွယ်မှာ မနေ့ည (ဗုဒ္ဓဟူးနေ့)က ရုတ်တရက် နှလုံးဖောက်ခဲ့ပြီး အသက် ဆုံးပါးသွားခဲ့ပါပြီ။

ကမ္ဘာတစ်ဝှမ်းက နာမည်ကျော် ဘောလုံးသမားတွေကလည်း ဂန္တဝင်တစ်ဦးကြွေလွင့်မှုအတွက် ဝမ်းနည်းနှုတ်ဆက်စကားတွေ ပြောခဲ့ကြပါတယ်။

ဘရာဇီးလ်ဘောလုံးလောကရဲ့ ဂန္တဝင်ကြီး ပီလီက သူ့ရဲ့ သူငယ်ချင်း ဖြစ်သူ အာဂျင်တီးနားနဲ့ ဘောလုံးလောကရဲ့ ဂန္တဝင် ဒီယေဂိုမာရာဒိုနာ ကြွေလွင့်သွားတာနဲ့ ပတ်သက်ပြီး “ပြောစရာတွေ အများကြီး ရှိနေပေမယ့် အခုအချိန်အတွက်တော့ သူ့ရဲ့ မိသားစုဝင်တွေကို ဘုရားသခင်က ခွန်အားတွေ ပေးပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်နေ့နေ့မှာတော့ ကောင်းကင်ဘုံမှာ ငါတို့နှစ်ယောက်အတူ ဘောလုံးကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပီလီက ရေးသားခဲ့ပါတယ်။

မာရာဒိုနာဟာ ဦးနှောက်သွေးယိုမှုကို ကုသမှုခံယူခဲ့ကာ ဆေးရုံက ဆင်းလာပြီး ၂ပတ်အကြာမှာ နှလုံးဖောက်မှုကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၆ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်း ဗိုလ်စွဲအောင် ကူညီပေးခဲ့တဲ့ မာရာဒိုနာဟာ ဘိုကာဂျူနီယာ၊ ဘာစီလိုနာနဲ့ နာပိုလီအသင်းတွေမှာ လှပတဲ့ ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကိုနည်းပြခဲ့စဉ်ကမက်ဆီရဲ့ ဆရာဖြစ်ခဲ့ဖူးသလို သူတို့ နှစ်ဦးဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတဲ့သူ နှစ်ဦးဖြစ်ပါတယ်။

မက်ဆီက”အာဂျင်တီးနားနဲ့ ဘောလုံးလောက အတွက် အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ သူဟာ ကျွန်တော်တို့ကို ထားသွားခဲ့ပေမယ့် သူဟာ အမြဲတမ်း ရှင်သန်နေမယ့် ဂန္တဝင်တစ်ဦးပါ

“သူနဲ့အတူ ကျွန်တော် ပျော်ရွှင်ခဲ့ရတဲ့ အရမ်းကို ကောင်းမွန်ခဲ့တဲ့ အချိန်တွေ အားလုံးကို ကျွန်တော် သိမ်းဆည်းထားသွားပါမယ်။ သူရဲ့ မိသားစုတွေနဲ့လည်း ထပ်တူထပ်မျှ ဝမ်းနည်းမှုကို ခံစားရပါတယ်။ ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါ”လို့ ရေးသားခဲ့ပါတယ်။

ဂျုဗင်တပ်စ်နဲ့ ပေါ်တူဂီရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကလည်း “ဒီနေ့မှာ ကျွန်တော်ကတော့ သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်ခဲ့ရပါတယ်။ ကမ္ဘာကြီးကတော့ ထာဝရပါရမီရှင်တစ်ဦးကို နှုတ်ဆက်လိုက်ရတာပေါ့။ သူဟာ အမြဲတမ်းအတွက် အကောင်းဆုံး တစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ဘက်ကင်းတဲ့ မှော်ဆရာတစ်ဦးဖြစ်ပါတယ်။ သူထွက်သွားတာ အရမ်းစောလွန်းပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ။ ခင်ဗျားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။

ပီအစ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကတော့ “ငြိမ်းချမ်းစွာ အနားယူပါ ဂန္တဝင်ကြီးရေ။ သူဟာ ဘောလုံးလောကရဲ့ သမိုင်းမှာ ထာဝရတည်ရှိနေမှာပါ။ ကမ္ဘာကြီးတစ်ခုလုံးကို သူပေးခဲ့တဲ့ ပျော်ရွှင်မှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ ရေးသားသွားခဲ့ပါတယ်။

မာရာဒိုနာရဲ့ သမက်ဟောင်း ဖြစ်သူ အဂူရိုကလည်း ” သူ့ကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ သူနဲ့အတူအမြဲရှိနေမှာပါ”ဆိုပြီး ဝမ်းနည်းကြောင်း တင်ခဲ့ပါတယ်။

ဇလာတန်အီဗရာဟီမိုဗစ်ကလည်း မာရာဒိုနာဟာ မသေဆုံးပါဘူးသူဟာ မသေဆုံးနိုင်တဲ့သူပါ။ ဘုရားသခင်က ဒီကမ္ဘာအတွက်ပေးထားတဲ့ အကောင်းဆုံးပါရမီရှင်ကစားသမားဖြစ်ပါတယ် အမြဲတမ်းအတွက်ပေါ့။ သူဟာ အစဉ်အမြဲရှင်သန်နေပါလိမ့်မယ်ဆိုပြီး ရေးသားသွားခဲ့ပါတယ်။ အလားတူ ဂယ်ရီ လိုင်နီကာ၊ အိုဝင်တို့လို ဂန္တဝင် ကစားသမားတွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်ပေါ်မှာ အသီးသီး တင်ခဲ့ကြပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ၂၀၁၇ခုနှစ်က အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ မာရာဒိုနာကို ဝမ်းနည်းကြောင်း ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂႏၲဝင္ မာရာဒိုနာကြယ္လြန္မႈအေပၚ သူ႔ရဲ႕သူငယ္ခ်င္းပီလီက ဝမ္းနည္းႏႈတ္ဆက္စကားေတြ ဆိုခဲ့သလို မက္ဆီ၊ စီေရာ္နယ္ဒို နဲ႔ အမ္ဘာေပတို႔ ေတြအပါအဝင္ ကမာၻတစ္ဝွမ္းက နာမည္ေက်ာ္ ေဘာလုံးသမားေတြက လူမႈကြန္ယက္ေတြေပၚမွာ ဝမ္းနည္းေၾကာင္းေတြေရးတင္ထားေနၾကပါတယ္။

ဘုရားေပးတဲ့ လက္တစ္စုံပိုင္ရွင္ အာဂ်င္တီးနားသားႀကီး မာရာဒိုနာကေတာ့ အသက္ ၆၀အ႐ြယ္မွာ မေန႔ည (ဗုဒၶဟူးေန႔)က ႐ုတ္တရက္ ႏွလုံးေဖာက္ခဲ့ၿပီး အသက္ ဆုံးပါးသြားခဲ့ပါၿပီ။ ကမာၻတစ္ဝွမ္းက နာမည္ေက်ာ္ ေဘာလုံးသမားေတြကလည္း ဂႏၲဝင္တစ္ဦးေႂကြလြင့္မႈအတြက္ ဝမ္းနည္းႏႈတ္ဆက္စကားေတြ ေျပာခဲ့ၾကပါတယ္။

ဘရာဇီးလ္ေဘာလုံးေလာကရဲ႕ ဂႏၲဝင္ႀကီး ပီလီက သူ႔ရဲ႕ သူငယ္ခ်င္း ျဖစ္သူ အာဂ်င္တီးနားနဲ႔ ေဘာလုံးေလာကရဲ႕ ဂႏၲဝင္ ဒီေယဂိုမာရာဒိုနာ ေႂကြလြင့္သြားတာနဲ႔ ပတ္သက္ၿပီး “ေျပာစရာေတြ အမ်ားႀကီး ရွိေနေပမယ့္ အခုအခ်ိန္အတြက္ေတာ့ သူ႔ရဲ႕ မိသားစုဝင္ေတြကို ဘုရားသခင္က ခြန္အားေတြ ေပးပါေစလို႔ ဆုေတာင္းေပးပါတယ္။ တစ္ေန႔ေန႔မွာေတာ့ ေကာင္းကင္ဘုံမွာ ငါတို႔ႏွစ္ေယာက္အတူ ေဘာလုံးကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ပီလီက သူ႔ရဲ႕ Twitterကေန ေရးသားခဲ့ပါတယ္။

မာရာဒိုနာဟာ ဦးေႏွာက္ေသြးယိုမႈကို ကုသမႈခံယူခဲ့ကာ ေဆး႐ုံက ဆင္းလာၿပီး ၂ပတ္အၾကာမွာ ႏွလုံးေဖာက္မႈေၾကာင့္ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

၁၉၈၆ ကမာၻ႔ဖလားကို အာဂ်င္တီးနားအသင္း ဗိုလ္စြဲေအာင္ ကူညီေပးခဲ့တဲ့ မာရာဒိုနာဟာ ဘိုကာဂ်ဴနီယာ၊ ဘာစီလိုနာနဲ႔ နာပိုလီအသင္းေတြမွာ လွပတဲ့ ေဘာလုံးသမားဘဝကို ျဖတ္သန္းခဲ့ပါတယ္။

မာရာဒိုနာဟာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းကိုနည္းျပခဲ့စဥ္ကမက္ဆီရဲ႕ ဆရာျဖစ္ခဲ့ဖူးသလို သူတို႔ ႏွစ္ဦးဟာ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိၾကတဲ့သူ ႏွစ္ဦးျဖစ္ပါတယ္။

မက္ဆီက”အာဂ်င္တီးနားနဲ႔ ေဘာလုံးေလာက အတြက္ အရမ္းကို ဝမ္းနည္းစရာေကာင္းတဲ့ ေန႔တစ္ေန႔ပါပဲ။ သူဟာ ကြၽန္ေတာ္တို႔ကို ထားသြားခဲ့ေပမယ့္ သူဟာ အၿမဲတမ္း ရွင္သန္ေနမယ့္ ဂႏၲဝင္တစ္ဦးပါ

“သူနဲ႔အတူ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ခဲ့ရတဲ့ အရမ္းကို ေကာင္းမြန္ခဲ့တဲ့ အခ်ိန္ေတြ အားလုံးကို ကြၽန္ေတာ္ သိမ္းဆည္းထားသြားပါမယ္။ သူရဲ႕ မိသားစုေတြနဲ႔လည္း ထပ္တူထပ္မွ် ဝမ္းနည္းမႈကို ခံစားရပါတယ္။ ၿငိမ္းခ်မ္းစြာ အိပ္စက္အနားယူပါ”လို႔ ေရးသားခဲ့ပါတယ္။

ဂ်ဳဗင္တပ္စ္နဲ႔ ေပၚတူဂီရဲ႕ တိုက္စစ္မႉး စီေရာ္နယ္ဒိုကလည္း “ဒီေန႔မွာ ကြၽန္ေတာ္ကေတာ့ သူငယ္ခ်င္းတစ္ေယာက္ကို ႏႈတ္ဆက္ခဲ့ရပါတယ္။ ကမာၻႀကီးကေတာ့ ထာဝရပါရမီရွင္တစ္ဦးကို ႏႈတ္ဆက္လိုက္ရတာေပါ့။ သူဟာ အၿမဲတမ္းအတြက္ အေကာင္းဆုံး တစ္ေယာက္ျဖစ္ပါတယ္။ ၿပိဳင္ဘက္ကင္းတဲ့ ေမွာ္ဆရာတစ္ဦးျဖစ္ပါတယ္။ သူထြက္သြားတာ အရမ္းေစာလြန္းပါတယ္။ ၿငိမ္းခ်မ္းစြာ အနားယူပါ။ ခင္ဗ်ားကို ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူး”လို႔ ေရးသားခဲ့ပါတယ္။

ပီအစ္ဂ်ီအသင္းရဲ႕ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပကေတာ့ “ၿငိမ္းခ်မ္းစြာ အနားယူပါ ဂႏၲဝင္ႀကီးေရ။ သူဟာ ေဘာလုံးေလာကရဲ႕ သမိုင္းမွာ ထာဝရတည္ရွိေနမွာပါ။ ကမာၻႀကီးတစ္ခုလုံးကို သူေပးခဲ့တဲ့ ေပ်ာ္႐ႊင္မႈေတြအတြက္ ေက်းဇူးတင္ပါတယ္”လို႔ ေရးသားသြားခဲ့ပါတယ္။

မာရာဒိုနာရဲ႕ သမက္ေဟာင္း ျဖစ္သူ အဂူ႐ိုကလည္း ” သူ႔ကိုဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး။ သူနဲ႔အတူအၿမဲရွိေနမွာပါ”ဆိုၿပီး ဝမ္းနည္းေၾကာင္း တင္ခဲ့ပါတယ္။

ဇလာတန္အီဗရာဟီမိုဗစ္ကလည္း မာရာဒိုနာဟာ မေသဆံုးပါဘူးသူဟာ မေသဆံုးႏိုင္တဲ့သူပါ။ ဘုရားသခင္က ဒီကမၻာအတြက္ေပးထားတဲ့ အေကာင္းဆုံးပါရမီရွင္ကစားသမားျဖစ္ပါတယ္ အျမဲတမ္းအတြက္ေပါ့။ သူဟာ အစဥ္အၿမဲရွင္သန္ေနပါလိမ့္မယ္ဆိုၿပီး ေရးသားသြားခဲ့ပါတယ္။ အလားတူ ဂယ္ရီ လိုင္နီကာ၊ အိုဝင္တို႔လို ဂႏၲဝင္ ကစားသမားေတြကလည္း ဝမ္းနည္းေၾကာင္း လူမႈကြန္ရက္ေပၚမွာ အသီးသီး တင္ခဲ့ၾကပါတယ္။

အဂၤလန္တိုက္စစ္မႉး ဟယ္ရီကိန္းကလည္း ၂၀၁၇ခုႏွစ္က အတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပုံနဲ႔ မာရာဒိုနာကို ဝမ္းနည္းေၾကာင္း ဆိုခဲ့ပါတယ္။