ဂတ်မူလာကို ကျော်ပြီး ထာဝရဂိုးသွင်းဘုရင်စာရင်းမှာ အဆင့် ၅နေရာ ရောက်လာတဲ့ ရော်နယ်ဒို

Photo Credit

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပါးမားနဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် ထာဝရဂိုးသွင်းအများဆုံးစာရင်းမှာ ဂျာမနီဂန္ထဝင် ဂတ်မူလာကို ကျော်ဖြတ်ပြီး အဆင့် ၅ နေရာရောက်လာကြောင်း သိရပါတယ်။

Photo Credit ; B/R

ပေါ်တူဂီစူပါစတား ရော်နယ်ဒိုဟာ ပါးမားကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် သူတစ်ဦးတည်းဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ကစားသမားဘဝတစ်လျှောက် ၁၀၂၈ပွဲမှာ သွင်းဂိုးက ၇၃၆ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ နောက်ဆုံး ၇ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်သလို အဲဒီကာလအတွင်း စုစုပေါင်း ၁၁ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂတ်မူလာကို ၁ဂိုးအသာနဲ့ ကျော်ဖြတ်ကာ အဆင့် ၅နေရာ ရောက်ရှိလာခဲ့တာပါ။ သူဟာ တစ်ပွဲပျမ်းမျှ သွင်းဂိုး ဝ.၇၂ ဂိုးအထိရှိပြီး ဟန်ဂေရီဂန္ထဝင်ကြီး ပွတ်ရှ်ကပ်စ်ရဲ့ ၇၄၇ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့လည်း အခြေအနေကောင်းနေပါတယ်။

Photo Credit

တကယ်လို့များ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးကြီး ပီလီတစ်ယောက် သူ့ရဲ့ဂိုးသွင်းမှတ်တမ်းမှာ အဆင့်နိမ့်ပြိုင်ပွဲက သွင်းဂိုးတွေကိုသာ ထည့်မတွက်ရင် ၇၆၇ ဂိုးပဲရှိမှာဖြစ်လို့ ရော်နယ်ဒိုလည်း အဲဒီစံချိန်ကိုတောင် ကျော်ဖြတ်နိုင်တဲ့အခြေအနေရှိနေပါတယ်။

Photo Credit

ဒုတိယနေရာမှာတော့ နောက်ထပ်ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဖြစ်တဲ့ ရိုမာရီယိုက ၇၇၂ ဂိုးနဲ့ ရပ်တည်နေပြီး ချက်-သြစတြီးယားဂန္ထဝင်တိုက်စစ်မှူး ဘီကန်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

Photo Credit

Rec.Sport.Soccer Statistics Foundation (RSSSF) ရဲ့အချက်အလက်တွေအရ ဘီကန်ဟာ ပွဲပေါင်း ၅၃၀မှာ ၈၀၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသက် ၄၂နှစ်အရွယ်ရှိ ဘောလုံးကစားခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ရွှေဘောလုံးဆု ၆ကြိမ်ရရှိထားတဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၉၀၁ ပွဲမှာ ၇၁၇ ဂိုးသွင်းယူကာ အဆင့် ၇နေရာမှာ ရပ်တည်နေပေမယ့် သူလည်း ကစားသမားဘဝကနေ အနားမယူခင် ဒီထက်အဆင့်မြင့်ဦးမှာ သေချာပါတယ်။

Photo Credit

Zawgyi

ဂတ္မူလာကို ေက်ာ္ၿပီး ထာ၀ရဂိုးသြင္းဘုရင္စာရင္းမွာ အဆင့္ ၅ေနရာ ေရာက္လာတ့ဲ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ပါးမားနဲ႔ပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကမၻာ့ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ထာ၀ရဂုိးသြင္းအမ်ားဆုံးစာရင္းမွာ ဂ်ာမနီဂႏၳ၀င္ ဂတ္မူလာကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၅ ေနရာေရာက္လာေၾကာင္း သိရပါတယ္။
ေပၚတူဂီစူပါစတား ေရာ္နယ္ဒိုဟာ ပါးမားကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ သူတစ္ဦးတည္းဂိုးေတြ သြင္းယူေပးခဲ့တာျဖစ္ၿပီး အခုဆိုရင္ ကစားသမားဘ၀တစ္ေလွ်ာက္ ၁၀၂၈ပဲြမွာ သြင္းဂိုးက ၇၃၆ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာ ေနာက္ဆုံး ၇ပြဲဆက္ ဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္သလုိ အဲဒီကာလအတြင္း စုစုေပါင္း ၁၁ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဂတ္မူလာကို ၁ဂိုးအသာနဲ႔ ေက်ာ္ျဖတ္ကာ အဆင့္ ၅ေနရာ ေရာက္ရွိလာခဲ့တာပါ။ သူဟာ တစ္ပဲြပ်မ္းမွ် သြင္းဂုိး ၀.၇၂ ဂိုးအထိရွိၿပီး ဟန္ေဂရီဂႏၳ၀င္ႀကီး ပြတ္ရွ္ကပ္စ္ရဲ႕ ၇၄၇ ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔လည္း အေျခအေနေကာင္းေနပါတယ္။
တကယ္လုိ႔မ်ား ဘရာဇီးဂႏၳ၀င္တုိက္စစ္မွဴးႀကီး ပီလီတစ္ေယာက္ သူ႕ရဲ႕ဂိုးသြင္းမွတ္တမ္းမွာ အဆင့္နိမ့္ၿပိဳင္ပဲြက သြင္းဂိုးေတြကိုသာ ထည့္မတြက္ရင္ ၇၆၇ ဂိုးပဲရွိမွာျဖစ္လုိ႔ ေရာ္နယ္ဒိုလည္း အဲဒီစံခ်ိန္ကိုေတာင္ ေက်ာ္ျဖတ္ႏိုင္တဲ့အေျခအေနရွိေနပါတယ္။
ဒုတိယေနရာမွာေတာ့ ေနာက္ထပ္ဘရာဇီးဂႏၳ၀င္တုိက္စစ္မွဴးျဖစ္တဲ့ ႐ိုမာရီယိုက ၇၇၂ ဂိုးနဲ႔ ရပ္တည္ေနၿပီး ခ်က္-ၾသစႀတီးယားဂႏၳ၀င္တုိက္စစ္မွဴး ဘီကန္က ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။
Rec.Sport.Soccer Statistics Foundation (RSSSF) ရဲ႕အခ်က္အလက္ေတြအရ ဘီကန္ဟာ ပြဲေပါင္း ၅၃၀မွာ ၈၀၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အသက္ ၄၂ႏွစ္အရြယ္ရွိ ေဘာလုံးကစားခဲ့တယ္လုိ႔ သိရပါတယ္။
ေရႊေဘာလုံးဆု ၆ႀကိမ္ရရွိထားတဲ့ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက ၉၀၁ ပြဲမွာ ၇၁၇ ဂိုးသြင္းယူကာ အဆင့္ ၇ေနရာမွာ ရပ္တည္ေနေပမယ့္ သူလည္း ကစားသမားဘ၀ကေန အနားမယူခင္ ဒီထက္အဆင့္ျမင့္ဦးမွာ ေသခ်ာပါတယ္။