
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ခင်ပွန်းသည်မော်ရိုက ပြင်သစ်ထိပ်သီးပီအက်စ်ဂျီနှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ် စတင်နေချိန်မှာတော့ ဇနီးသည်ဝန်ဒါအိုင်ကာဒီကတော့ အိုင်ဘီဇာသို့ သွားရောက်ကာ အပန်းဖြေလျက်ရှိပါတယ်။
အပန်းဖြေရင်း ဓါတ်ပုံရိုက်ရတာကလည်း ခုခေတ်ထုံးစံပါ။
ဝန်ဒါအိုင်ကာဒီဟာ ရေကူးကန်ဘေးမှာ ရိုက်ကူးထားတဲ့ရေကူးဝတ်စုံနဲ့ဓာတ်ပုံအချို့ကို သူမရဲ့ချစ်လှစွာသောပရိသတ်များကိုမျက်စိအစာကျွေးထားပါတယ်။
ဝန်ဒါအိုင်ကာဒီဟာအိုင်ဘီဇာသို့ ရောက်နေစဉ်အတွင်း ဓာတ်ပုံများရိုက်ကူးကာ Followers ၇.၉သန်းကျော်အထိရှိတဲ့ သူမရဲ့အင်စတာဂရမ်အကောင့်ကနေ ပရိသတ်များအတွက် ဓာတ်ပုံများတင်ပေးနေပါတယ်။
သူမဟာ Cotazur Beachwear ဝတ်စုံဝတ်ဆင်ပြီး ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။
သူမရဲ့ပရိသတ်များဟာလည်း ဓာတ်ပုံများအပေါ်ကျေနပ်အားရလျက် ရှိကြပြီး “အရမ်းလှတယ်”၊ “ဘုရင်မ”စသဖြင့်မှတ်ချက်များရေးသားနေကြပါတယ်။
အိုင်ကာဒီရဲ့အေးဂျင့်အဖြစ်လည်းဆောင်ရွက်နေတဲ့ အလှပဂေးသူမဟာ အင်တာစဂရမ်မှာတင်လာတဲ့ဓာတ်ပုံတွေထဲမှာ အပေါ်ပိုင်းဗလာကျင်းနဲ့ဓာတ်ပုံလည်းပါဝင်ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအတွက် ၆၂ပွဲကစားရာမှာ ၃၃ ဂိုးသွင်းယူထားနိုင်ပါတယ်။
အိုင်ကာဒီဟာ ယခုနွေရာသီမှာပီအက်စ်ဂျီမှထွက်ခွာရန် တံခါးဖွင့်ပေးထားသူဖြစ်ပြီး ဂျူဗင်တပ်စ်ကစိတ်ဝင်စားနေကြောင်းသိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဂစ်တာရှိတ် အမိုက်စားဘော်ဒီလေးကို ပြသတဲ့ ဝန်ဒါအိုင်ကာဒီ