ခွဲစိတ်မှုခံယူရမယ့် ဖခင်ဖြစ်သူကြောင့် အာဂျင်တီးနားပြန်သွားတဲ့ မာတီနက်ဇ် ဝက်စ်ဟမ်းပွဲလွဲဖို့များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်စ်တွန်ဗီလာဂိုးသမားအီမီလီယာနိုမာတီနက်ဇ်ဟာ ဖခင်ဖြစ်သူရဲ့အရေးပေါ် အခြေအနေကြောင့် မွေးရပ်မြေအာဂျင်တီးနားကိုပြန်သွားခဲ့ရတာမို့ လာမယ့်တနင်္ဂနွေ ဝက်စ်ဟမ်းနဲ့ကစားရမယ့်ပွဲကို လွဲချော်ဖို့များပါတယ်။

မာတီနက်ဇ်ဟာ ဖခင်ဖြစ်သူ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမယ်လို့ မိသားစုထံက သိရပြီးပြီးချင်းမှာပဲ အာဂျင်တီးနားကို အလျင်အမြန်ပြန်သွားခဲ့တာပါ။

ဖခင်ရဲ့ဆေးရုံကုတင်ဘေးမှာ အစ်ကိုဖြစ်သူနဲ့အတူရှိနေပုံကို မာတီနက်ဇ်က အင်စတာဂရမ်မှာတင်ပြီး ပရိသတ်တွေကိုမျှဝေခဲ့ပါတယ်။

ပုံထဲမှာ ညီအစ်ကို ၂ဦးလုံးပြုံးရယ်နေသလို လူနာကလည်းလက်မထောင်ပြပြီးခွဲစိတ်ကုသမှုအောင်မြင်ကြောင်းအသိ ပေးခဲ့ပါတယ်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် ဗြိတိန်ကို မာတီနက်ဇ် ဘယ်အချိန်ပြန်လာမလဲဆိုတာမသိရသေးတာမို့ဝက်စ်ဟမ်းနဲ့ပွဲလွဲဖို့ကသေချာသလောက်ပါပဲ။

မာတီနက်ဇ် ဟာ မွေးရပ်မြေမှာလည်း လေ့ကျင့်ခန်းဆင်းပျက်ကွက်ခြင်းမရှိဘဲ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ Ezeiza Training Camp မှာတစ်ဦးတည်းလေ့ကျင့်ခဲ့ပါတယ်။

မာတီနက်ဇ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးရင် ဗြိတိန်ကိုပြန်တဲ့အခါကွာရန်တင်းဝင်စရာမလိုပေမယ့် ကာကွယ်ဆေးမထိုးထား ရသေးရင်တော့ ကွာရန်တင်း ၁၀ရက်ဝင်ရဦးမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းပွဲအမီ မာတီနက်ဇ်ပြန်မရောက်ရင် အရန်ဂိုးသမား ဂျက်ဒ်စတီးယားပွဲထွက်ခွင့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခြဲစိတ္မႈခံယူရမယ့္ ဖခင္ျဖစ္သူေၾကာင့္ အာဂ်င္တီးနားျပန္သြားတဲ့ မာတီနက္ဇ္ ဝက္စ္ဟမ္းပြဲလြဲဖို႔မ်ား

အက္စ္တြန္ဗီလာဂိုးသမားအီမီလီယာႏိုမာတီနက္ဇ္ဟာ ဖခင္ျဖစ္သူရဲ႕အေရးေပၚ အေျခအေနေၾကာင့္ ေမြးရပ္ေျမအာဂ်င္တီးနားကိုျပန္သြားခဲ့ရတာမို႔ လာမယ့္တနဂၤေႏြ ဝက္စ္ဟမ္းနဲ႔ကစားရမယ့္ပြဲကို လြဲေခ်ာ္ဖို႔မ်ားပါတယ္။

မာတီနက္ဇ္ဟာ ဖခင္ျဖစ္သူ အေရးေပၚခြဲစိတ္ကုသမႈခံယူရမယ္လို႔ မိသားစုထံက သိရၿပီးၿပီးခ်င္းမွာပဲ အာဂ်င္တီးနားကို အလ်င္အျမန္ျပန္သြားခဲ့တာပါ။

ဖခင္ရဲ႕ေဆး႐ုံကုတင္ေဘးမွာ အစ္ကိုျဖစ္သူနဲ႔အတူရွိေနပုံကို မာတီနက္ဇ္က အင္စတာဂရမ္မွာတင္ၿပီး ပရိသတ္ေတြကိုမွ်ေဝခဲ့ပါတယ္။

ပုံထဲမွာ ညီအစ္ကို ၂ဦးလုံးၿပဳံးရယ္ေနသလို လူနာကလည္းလက္မေထာင္ျပၿပီးခြဲစိတ္ကုသမႈေအာင္ျမင္ေၾကာင္းအသိ ေပးခဲ့ပါတယ္။

ခြဲစိတ္မႈေအာင္ျမင္ခဲ့ေပမယ့္ ၿဗိတိန္ကို မာတီနက္ဇ္ ဘယ္အခ်ိန္ျပန္လာမလဲဆိုတာမသိရေသးတာမို႔ဝက္စ္ဟမ္းနဲ႔ပြဲလြဲဖို႔ကေသခ်ာသေလာက္ပါပဲ။

မာတီနက္ဇ္ ဟာ ေမြးရပ္ေျမမွာလည္း ေလ့က်င့္ခန္းဆင္းပ်က္ကြက္ျခင္းမရွိဘဲ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းရဲ႕ Ezeiza Training Camp မွာတစ္ဦးတည္းေလ့က်င့္ခဲ့ပါတယ္။

မာတီနက္ဇ္အေနနဲ႔ ကိုဗစ္ကာကြယ္ေဆး အႀကိမ္ျပည့္ထိုးထားၿပီးရင္ ၿဗိတိန္ကိုျပန္တဲ့အခါကြာရန္တင္းဝင္စရာမလိုေပမယ့္ ကာကြယ္ေဆးမထိုးထား ရေသးရင္ေတာ့ ကြာရန္တင္း ၁၀ရက္ဝင္ရဦးမွာျဖစ္ပါတယ္။

ဝက္စ္ဟမ္းပြဲအမီ မာတီနက္ဇ္ျပန္မေရာက္ရင္ အရန္ဂိုးသမား ဂ်က္ဒ္စတီးယားပြဲထြက္ခြင့္ရမွာပါ။