ခွဲစိတ်ကုသမှု ခံယူရဖွယ်ရှိတဲ့ ဟာဇက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၉ခုနှစ်က ချယ်လ်ဆီး အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဟာဇက် ဟာ ဒဏ်ရာတွေအများအပြားနဲ့ ရုန်းကန်နေရပြီး ရီးရဲလ် အသင်းအတွက် လာလီဂါ (၂၅)ပွဲသာ ပါဝင်ကစားနိုင်ထားတာဖြစ်ပါတယ်။ နည်းပြဇီဒန်း ကတော့ ဟာဇက် အမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဟာဇက် ဟာ ရီးရဲလ် အသင်းမှာ ကစားခဲ့တဲ့ (၁)ရာသီခွဲကာလအတွင်းမှာ အနားယူခဲ့ရတဲ့ရက် (၃၆၂)ရက် ရှိတယ်လို့လည်း သိရပါတယ်။

တောင်ပံကစားသမား ဟာဇက်ဟာ ကာလရှည်ဒုက္ခပေးနေတဲ့ ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေပြီး ခွဲစိတ်မှုသာပြုလုပ်ခဲ့မယ်ဆိုရင် ယခုရာသီကုန်အထိ အနားယူရမှာဖြစ်သလို၊ ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် (၆)ပတ်ကြာအနားယူခဲ့ရတဲ့ ဟာဇက်ဟာ မတ် (၁၃)ရက်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ရီးရဲလ် (၂-၁) အယ်လ်ချီပွဲတွင် (၁၅)မိနစ် ပါဝင်ကစားပြီးနောက် ဘယ်ဘက်တင်ပါးဆုံကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂၀၂ဝပြည့်နှစ်၊ ဖေဖော်ဝါရီတွင် လည်း ခြေချင်းဝတ်ဒဏ်ရာရရှိပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

အဲဒီအချိန်ကတည်းက ဟာဇက်တစ်ယောက် ခြေချင်းဝတ်မှာဆက်တိုက်နာကျင်နေခဲ့ပြီး ဒဏ်ရာများ ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရဲလ်ကစားသမားဘဝ (၁)ရာသီခွဲကျော်ကာလအတွင်း အသင်းရဲ့ ပွဲစဉ်ပေါင်း (၈၄)ပွဲတွင် (၄၈)ပွဲထိ လွဲချော်ခဲ့ပြီး၊အခုထပ်ပြီး ခြေချင်းဝတ်ခွဲစိတ်ကုသမှုခံယူမယ်ဆိုလို့ရှိရင် မြက်ခင်းစိမ်းနဲ့ ကာလအတော်ကြာအောင် ဝေးကွာရအုံးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခြဲစိတ္ကုသမႈ ခံယူရဖြယ္ရွိတဲ့ ဟာဇက္

၂၀၁၉ခုႏွစ္က ခ်ယ္လ္ဆီး အသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ ဟာဇက္ ဟာ ဒဏ္ရာေတြအမ်ားအျပားနဲ႔ ႐ုန္းကန္ေနရၿပီး ရီးရဲလ္ အသင္းအတြက္ လာလီဂါ (၂၅)ပြဲသာ ပါဝင္ကစားႏိုင္ထားတာျဖစ္ပါတယ္။ နည္းျပဇီဒန္း ကေတာ့ ဟာဇက္ အျမန္ဆုံးျပန္​ေကာင္းလာႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ဟာဇက္ ဟာ ရီးရဲလ္ အသင္းမွာ ကစားခဲ့တဲ့ (၁)ရာသီခြဲကာလအတြင္းမွာ အနား ယူခဲ့ရတဲ့ရက္ (၃၆၂)ရက္ ရွိတယ္လို႔လည္း သိရပါတယ္။

ေတာင္ပံကစားသမား ဟာဇက္ဟာ ကာလရွည္ဒုကၡေပးေနတဲ့ ေျခခ်င္းဝတ္ဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူရဖြယ္ရွိေနၿပီး ခြဲစိတ္မႈသာျပဳလုပ္ခဲ့မယ္ဆိုရင္ ယခုရာသီကုန္အထိ အနားယူရမွာျဖစ္သလို၊ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲကိုလည္း လြဲေခ်ာ္ဖြယ္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ရရွိခဲ့တဲ့ ေပါင္ဒဏ္ရာေၾကာင့္ (၆)ပတ္ၾကာအနားယူခဲ့ရတဲ့ ဟာဇက္ဟာ မတ္ (၁၃)ရက္က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္ ရီးရဲလ္ (၂-၁) အယ္လ္ခ်ီပြဲတြင္ (၁၅)မိနစ္ ပါဝင္ကစားၿပီးေနာက္ ဘယ္ဘက္တင္ပါးဆုံႂကြက္သားဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။

ဟာဇက္ဟာ ၿပီးခဲ့တဲ့ ၂၀၂ဝျပည့္ႏွစ္၊ ေဖေဖာ္ဝါရီတြင္ လည္း ေျခခ်င္းဝတ္ဒဏ္ရာရရွိၿပီးေနာက္ ခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္။ အဲဒီအခ်ိန္ကတည္းက ဟာဇက္တစ္​ေယာက္ ေျခခ်င္းဝတ္မွာဆက္တိုက္နာက်င္ေနခဲ့ၿပီး ဒဏ္ရာမ်ား ဆက္တိုက္ရရွိခဲ့တာျဖစ္ပါတယ္။ ဟာဇက္ဟာ ရီးရဲလ္ကစားသမားဘဝ (၁)ရာသီခြဲေက်ာ္ကာလအတြင္း အသင္းရဲ႕ ပြဲစဥ္ေပါင္း (၈၄)ပြဲတြင္ (၄၈)ပြဲထိ လြဲေခ်ာ္ခဲ့ၿပီး၊အခုထပ္ၿပီး ေျခခ်င္းဝတ္ခြဲစိတ္ကုသမႈခံယူမယ္ဆိုလို႔ရွိရင္ ျမက္ခင္းစိမ္းနဲ႔ ကာလအ​ေတာ္ၾကာ​ေအာင္ ​ေ၀းကြာရအုံးမွာပါ။