
Photo Credit
Photo Credit
အေစီမီလန်အသင်းဟာ ယနေ့ညကစားရမယ့် တိုရီနိုနဲ့ ကိုပါအီတာလီယာဖလားပွဲစဉ်မှာ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရပေမယ့် ဘက်စကတ်ဘောဂန္ထဝင်ကစားသမားကြီး ကိုဘီဘရိုင်ယန်အမှတ်တရအဖြစ် လက်ပတ်အနက်တွေ ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။
Photo Credit
အေစီမီလန်အသင်းရဲ့အမာခံပရိသတ်ဖြစ်တဲ့ ဘရိုင်ယန်ဟာ တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယားမှာ မတော်တဆရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်သွားခဲ့ရပြီး အသက် ၁၃နှစ်အရွယ်ရှိ သမီးဖြစ်သူအပါအဝင် ရဟတ်ယာဉ်ပေါ် ပါလာသူ ၉ဦးစလုံး ကွယ်လွန်သွားခဲ့ရပါတယ်။
Photo Credit
အသက် ၄၁နှစ်အရွယ်ရှိ ဘရိုင်ယန် ရုတ်တရက်ကွယ်လွန်သွားခဲ့လို့ ကမ္ဘာ့အားကစားလောကတစ်ခုလုံး အံ့အားသင့်ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး အေစီမီလန်အသင်းကလည်း အမေရိကန်ဘက်စကတ်ဘောဂန္ထဝင်ကြီးကို အမှတ်တရအနေနဲ့ ဂုဏ်ပြုဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီလိုလုပ်ဖို့ ခွင့်ပြုချက်မရတာတောင်မှ အေစီမီလန်က သူတို့ရဲ့ဝမ်းနည်းပူဆွေးမှုကို ပြသဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Photo Credit
စီးရီးအေဘောလုံးအဖွဲ့ချုပ်က အိမ်ကွင်းပွဲမှာ အနက်ရောက်လက်ပတ် ဝတ်ဆင်ကစားဖို့ အေစီမီလန်အသင်းရဲ့တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ပေမယ့် အေစီမီလန်ကတော့ မူလအစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ပွဲမစခင်မှာပဲ ဝမ်းနည်းကြောင်း ၁မိနစ်ငြိမ်သက် ဆုတောင်းမှာဖြစ်ပြီး ဆန်စီရိုကွင်းမှာ ပရိသတ် ၃၅၀၀၀ ကျော် လာရောက်ကြည့်ရှုမယ်လို့ မျှော်လင့်ထားပါတယ်။
Photo Credit
”အေစီမီလန်အသင်းပရိသတ်လည်းဖြစ်၊ အားကစားသမိုင်းတစ်လျှောက် ထာဝရအကြီးကျယ်ဆုံးအားကစားသမားတစ်ဦးဖြစ်တဲ့ ဘရိုင်ယန်ရဲ့အဖြစ်ဆိုးကို ကြားသိလိုက်ရလို့ ဘယ်လောက်ခံစားရတယ်ဆိုတာ ပြောပြဖို့ စကားလုံးတောင်မရှိပါဘူး။ ဒီဖြစ်ရပ်ဆိုးကြီးမှာ ပါသွားသူအားလုံးရဲ့မိသားစုဝင်တွေနဲ့အတူ အေစီမီလန်အသင်းလည်း ထပ်တူဝမ်းနည်းမိပါတယ်။ ဘရိုင်ယန်ကိုလည်း ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး”လို့ အေစီမီလန်အသင်းက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
Photo Credit
ဘရိုင်ယန်ဟာ ငယ်ဘဝက မီလန်မြို့မှာ နှစ်ကာလအတော်ကြာနေထိုင်ခဲ့ဖူးပြီး အေစီမီလန်အသင်းရဲ့အမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်. ၂၀၁၆ ခုနှစ်မှာ ဘရိုင်ယန်က ”ကျွန်တော်ဟာ အေစီမီလန်အသင်းအမာခံပရိသတ်အဖြစ် ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော်တို့ခေတ်တုန်းက ဗန်ဘက်စတန်၊ ရစ်ကတ်၊ ဂူလစ်၊ မာလ်ဒီနီတို့ ရှိနေခဲ့တာပါ။ ပြီးတော့ ဘာရီဆီလည်း ရှိပါတယ်။ အဲဒါက ကျွန်တော့်အသင်းပါ”လို့ ပြောကြားခဲ့ပါတယ်။
Photo Credit
Zawgyi
ခြင့္ျပဳခ်က္မရေပမယ့္ ယေန႔ညမွာ ကိုဘီဘ႐ိုင္ယန္အမွတ္တရ လက္ပတ္အနက္ေတြ ၀တ္ဆင္ကစားမယ့္ ေအစီမီလန္
ေအစီမီလန္အသင္းဟာ ယေန႔ညကစားရမယ့္ တုိရီႏိုနဲ႔ ကိုပါအီတာလီယာဖလားပြဲစဥ္မွာ အာဏာပိုင္ေတြရဲ႕ခြင့္ျပဳခ်က္မရေပမယ့္ ဘက္စကတ္ေဘာဂႏၳ၀င္ကစားသမားႀကီး ကိုဘီဘ႐ိုင္ယန္အမွတ္တရအျဖစ္ လက္ပတ္အနက္ေတြ ၀တ္ဆင္ကစားသြားမယ္လုိ႔ သိရပါတယ္။
ေအစီမီလန္အသင္းရဲ႕အမာခံပရိသတ္ျဖစ္တဲ့ ဘ႐ိုင္ယန္ဟာ တနဂၤေႏြေန႔က ကယ္လီဖုိးနီးယားမွာ မေတာ္တဆရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ကြယ္လြန္သြားခဲ့ရၿပီး အသက္ ၁၃ႏွစ္အရြယ္ရွိ သမီးျဖစ္သူအပါအ၀င္ ရဟတ္ယာဥ္ေပၚ ပါလာသူ ၉ဦးစလုံး ကြယ္လြန္သြားခဲ့ရပါတယ္။
အသက္ ၄၁ႏွစ္အရြယ္ရွိ ဘ႐ိုင္ယန္ ႐ုတ္တရက္ကြယ္လြန္သြားခဲ့လုိ႔ ကမၻာ့အားကစားေလာကတစ္ခုလုံး အံ့အားသင့္ထိတ္လန္႔တုန္လႈပ္ခဲ့ၾကၿပီး ေအစီမီလန္အသင္းကလည္း အေမရိကန္ဘက္စကတ္ေဘာဂႏၳ၀င္ႀကီးကို အမွတ္တရအေနနဲ႔ ဂုဏ္ျပဳဖုိ႔ စီစဥ္ထားတာျဖစ္ၿပီး ဒီလုိလုပ္ဖို႔ ခြင့္ျပဳခ်က္မရတာေတာင္မွ ေအစီမီလန္က သူတုိ႔ရဲ႕၀မ္းနည္းပူေဆြးမႈကို ျပသဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
စီးရီးေအေဘာလုံးအဖြဲ႕ခ်ဳပ္က အိမ္ကြင္းပြဲမွာ အနက္ေရာက္လက္ပတ္ ၀တ္ဆင္ကစားဖို႔ ေအစီမီလန္အသင္းရဲ႕ေတာင္းဆုိခ်က္ကို လိုက္ေလ်ာဖို႔ ျငင္းဆန္ခဲ့ေပမယ့္ ေအစီမီလန္ကေတာ့ မူလအစီအစဥ္အတုိင္း ဆက္လုပ္ဖုိ႔ ဆုံးျဖတ္ထားပါတယ္။ ၿပီးေတာ့ ပြဲမစခင္မွာပဲ ၀မ္းနည္းေၾကာင္း ၁မိနစ္ၿငိမ္သက္ ဆုေတာင္းမွာျဖစ္ၿပီး ဆန္စီ႐ိုကြင္းမွာ ပရိသတ္ ၃၅၀၀၀ ေက်ာ္ လာေရာက္ၾကည့္႐ႈမယ္လုိ႔ ေမွ်ာ္လင့္ထားပါတယ္။
”ေအစီမီလန္အသင္းပရိသတ္လည္းျဖစ္၊ အားကစားသမုိင္းတစ္ေလွ်ာက္ ထာ၀ရအႀကီးက်ယ္ဆုံးအားကစားသမားတစ္ဦးျဖစ္တဲ့ ဘ႐ိုင္ယန္ရဲ႕အျဖစ္ဆုိးကို ၾကားသိလုိက္ရလုိ႔ ဘယ္ေလာက္ခံစားရတယ္ဆုိတာ ေျပာျပဖုိ႔ စကားလုံးေတာင္မရွိပါဘူး။ ဒီျဖစ္ရပ္ဆုိးႀကီးမွာ ပါသြားသူအားလုံးရဲ႕မိသားစု၀င္ေတြနဲ႔အတူ ေအစီမီလန္အသင္းလည္း ထပ္တူ၀မ္းနည္းမိပါတယ္။ ဘ႐ိုင္ယန္ကိုလည္း ဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး”လုိ႔ ေအစီမီလန္အသင္းက လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။
ဘ႐ိုင္ယန္ဟာ ငယ္ဘ၀က မီလန္ၿမိဳ႕မွာ ႏွစ္ကာလအေတာ္ၾကာေနထုိင္ခဲ့ဖူးၿပီး ေအစီမီလန္အသင္းရဲ႕အမာခံပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္. ၂၀၁၆ ခုႏွစ္မွာ ဘ႐ိုင္ယန္က ”ကၽြန္ေတာ္ဟာ ေအစီမီလန္အသင္းအမာခံပရိသတ္အျဖစ္ ႀကီးျပင္းလာခဲ့တာပါ။ ကၽြန္ေတာ္တုိ႔ေခတ္တုန္းက ဗန္ဘက္စတန္၊ ရစ္ကတ္၊ ဂူလစ္၊ မာလ္ဒီနီတုိ႔ ရွိေနခဲ့တာပါ။ ၿပီးေတာ့ ဘာရီဆီလည္း ရွိပါတယ္။ အဲဒါက ကၽြန္ေတာ့္အသင္းပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။