ခြေပြန်တက်၊ နိုင်ပွဲပြန်ရခဲ့တဲ့ ဂျပန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

(၂၀၂၂)ကမ္ဘာ့ဖလား ခြေစစ်ပွဲ(အာရှဇုန်) ပွဲစဉ်အဖြစ် ဂျပန်နဲ့ ဩစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ နီပွန်တို့ ခြေစွမ်းကောင်းပြ ကံကောင်းခဲ့ပါတယ်။

(၂)သင်းလုံးဟာ တိုက်စစ်ဆော့လိုက် ခံစစ်ဆော့လိုက်နဲ့ ကစားနေတာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။

ဂျပန် အသင်းဟာ နောက်ဆုံးပွဲတုန်းက ဆော်ဒီ ကို အရေးနိမ့်ခဲ့တာကြောင့် အဲဒီပွဲကို မဖြစ်မနေနိုင်ပွဲရဖို့ ကြိုးစားခဲ့တာပါ။

ပွဲချိန်(၈)မိနစ်မှာ တနကာ က ဂျပန် အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဩစတြေးလျ အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မသွင်းနိုင်တာကြောင့် ပထမပိုင်းကတော့ ဂျပန် အသင်းက ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဩစတြေးလျ အသင်းက ချေပဂိုးရရှိဖို့ ကြိုးစားခဲ့တာကြောင့် ပွဲဟာ ပိုကြည့်ကောင်းလာခဲ့ပါတယ်။

ပွဲချိန်မိနစ်(၇၀)မှာတော့ ဩစတြေးလျ အသင်း ချေပဂိုးရရှိခဲ့ပါတယ်။အဲဒီဂိုးကို ဟာရူစတစ် က သွင်းယူသွားခဲ့တာပါ။

ဒါကြောင့် အနိုင်ရဖို့ လိုအပ်နေတဲ့ ဂျပန် အသင်းက ဖိကစားလာခဲ့ပါတယ်။

ပွဲချိန်(၈၅)မိနစ်မှာတော့ ဂျပန် အသင်း အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။

အဲဒီဂိုးကို ဩစတြေးလျနောက်ခံလူ ဘီဟစ်ခ်ျ က ကိုယ့်ဂိုးကိုယ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျ အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ (၃)ပွဲလုံးမှာ အနိုင်ရခဲ့ပေမယ့် ဂျပန် နဲ့ အတွေ့မှာတော့ နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ ခြေစစ်ပွဲ (၄)ပွဲကစားပြီးချိန်တွင် (၃)ပွဲနိုင်၊ (၁)ပွဲရှုံး ရမှတ် (၉)မှတ်ရရှိထားပြီး၊ ဂျပန်အသင်းမှာ ခြေစစ်ပွဲ (၄)ပွဲကစားထားရာတွင် (၂)ပွဲနိုင်၊ (၂)ပွဲရှုံးနဲ့ (၆)မှတ်ရရှိထားပါတယ်။

ဂျပန်အသင်းဟာ နိုဝင်ဘာလမှာ ဗီယက်နမ်၊အိုမန်တို့နဲ့ ကစားရမှာဖြစ်ပြီး ဩစတြေးလျ အသင်းကတော့ ဆော်ဒီ၊တရုတ်တို့နဲ့ နိုဝင်ဘာလမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​ေျချပန္တက္၊ ႏိုင္ပြဲျပန္ရခဲ့တဲ့ ဂ်ပန္

(၂၀၂၂)ကမာၻ႔ဖလား ေျခစစ္ပြဲ(အာရွဇုန္) ပြဲစဥ္အျဖစ္ ဂ်ပန္နဲ႔ ဩစေၾတးလ် အသင္းတို႔ ယွဥ္ၿပိဳင္ခဲ့ၾကရာ နီပြန္တို႔ ​ေျခစြမ္း​ေကာင္းျပ ကံ​ေကာင္းခဲ့ပါတယ္။ (၂)သင္းလုံးဟာ တိုက္စစ္ေဆာ့လိုက္ ခံစစ္ေဆာ့လိုက္နဲ႔ ကစားေနတာေၾကာင့္ ပြဲက အႀကိတ္အနယ္ရွိခဲ့တာျဖစ္ပါတယ္။

ဂ်ပန္ အသင္းဟာ ေနာက္ဆုံးပြဲတုန္းက ေဆာ္ဒီ ကို အေရးနိမ့္ခဲ့တာေၾကာင့္ အဲဒီပြဲကို မျဖစ္မေနႏိုင္ပြဲရဖို႔ ႀကိဳးစားခဲ့တာပါ။

ပြဲခ်ိန္(၈)မိနစ္မွာ တနကာ က ဂ်ပန္ အတြက္ ဦးေဆာင္ဂိုးစတင္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ပထမပိုင္းမွာ ဩစေၾတးလ် အသင္းဟာ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မသြင္းႏိုင္တာေၾကာင့္ ပထမပိုင္းကေတာ့ ဂ်ပန္ အသင္းက ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ဩစေၾတးလ် အသင္းက ေခ်ပဂိုးရရွိဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ပြဲဟာ ပိုၾကည့္​ေကာင္းလာခဲ့ပါတယ္။ပြဲခ်ိန္မိနစ္(၇၀)မွာေတာ့ ဩစေၾတးလ် အသင္း ေခ်ပဂိုးရရွိခဲ့ပါတယ္။အဲဒီဂိုးကို ဟာ႐ူစတစ္ က သြင္းယူသြားခဲ့တာပါ။

ဒါေၾကာင့္ အႏိုင္ရဖို႔ လိုအပ္ေနတဲ့ ဂ်ပန္ အသင္းက ဖိကစားလာခဲ့ပါတယ္။ပြဲခ်ိန္(၈၅)မိနစ္မွာေတာ့ ဂ်ပန္ အသင္း အႏိုင္ဂိုး ရရွိသြားခဲ့ပါတယ္။အဲဒီဂိုးကို ဩစေၾတးလ်ေနာက္ခံလူ ဘီဟစ္ခ္် က ကိုယ့္ဂိုးကိုယ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဩစေၾတးလ် အသင္းဟာ ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ (၃)ပြဲလုံးမွာ အႏိုင္ရခဲ့ေပမယ့္ ဂ်ပန္ နဲ႔ အေတြ႕မွာေတာ့ ႏိုင္ပြဲဆက္မႈရပ္တန႔္သြားခဲ့ရတာလည္းျဖစ္ပါတယ္။ၾသစေၾတးလ်အသင္းဟာ ေျခစစ္ပြဲ (၄)ပြဲကစားၿပီးခ်ိန္တြင္ (၃)ပြဲႏိုင္၊ (၁)ပြဲရႈံး ရမွတ္ (၉)မွတ္ရရွိထားၿပီး၊ ဂ်ပန္အသင္းမွာ ေျခစစ္ပြဲ (၄)ပြဲကစားထားရာတြင္ (၂)ပြဲႏိုင္၊ (၂)ပြဲရႈံးနဲ႔ (၆)မွတ္ရရွိထားပါတယ္။ဂ်ပန္အသင္းဟာ ႏိုဝင္ဘာလမွာ ဗီယက္နမ္၊အိုမန္တို႔နဲ႔ ကစားရမွာျဖစ္ၿပီး ဩစေၾတးလ် အသင္းကေတာ့ ေဆာ္ဒီ၊တ႐ုတ္တို႔နဲ႔ ႏိုဝင္ဘာလမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။