
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် အကယ်ဒမီ ထွက် လင်ဂတ်ဟာ ခြေစွမ်းကောင်း ကွယ်ပျောက်နေတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်တုန်းက ဝက်စ်ဟမ်းအသင်းထံအငှားစာချုပ်နဲ့ပြောင်းရွှေ့ ကစားခဲ့ပါတယ်။
လင်ဂတ်ဟာ နည်းပြဟောင်းမိုရက်စ်ရဲ့လက်အောက်မှာ နောက်တစ်ကြိမ် ပြန်လည် ထွန်းတောက် ခွင့်ရရှိခဲ့ပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းအသင်းက ကွင်းလယ်ကစားသမားလင်ဂတ်ကို အပြီးသတ်စာချုပ်နဲ့ခေါ်ယူနိုင်ဖို့ညှိနှိုင်းပါတယ်။
ဒါပေမယ့် လိုချင်ပေမယ့် ငွေကြေးနောက်က မလိုက်နိုင်တဲ့ ဒရမ်မာဇာတ်လမ်းဖြစ်နေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကိုအပြီးသတ်ခေါ်ယူဖို့အတွက် ယူနိုက်တက် အသင်းတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးပေါင်၂၅သန်းကို ပေးချေဖို့ အဆင်မပြေဖြစ်နေသလို
လင်ဂတ်ရဲ့တစ် ပတ်လုပ်ခလစာ ပေါင်တစ်သိန်းကိုလည်းအပြည့်အဝပေးချေနိုင်ခြင်းမရှိကြောင်းသိရပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကို အပြီးသတ်မဝယ်နိုင်တော့ဘဲ အကယ်ဒမီထွက် ကစားသမား ကို ယူနိုက်တက် အသင်းထံပြန်လည်စေလွှတ်ဖို့ ပြုလုပ်နေကြောင်းသိရပါတယ်။
ကံကောင်းမှုတွေပြန်လည်ရရှိပြီလို့ထင်ရတဲ့လင်ဂတ်ဟာ အောင်မြင်မှုတွေ ငုပ်လျှိုးရာ မိခင်အသင်းမြေဆီပြန်ရကိန်းဖြစ်နေပါတယ်။
ဝက်စ်ဟမ်းဟာ ယခုနှစ်ဘောလုံးရာသီတွင် စုစုပေါင်း ပေါင် ၆၅ သန်း အရှုံးပေါ်ခဲ့ပြီး လာမယ့်နှစ်တွင်လည်း ထပ်မံအရှုံးပေါ်နိုင်တာကြောင့် လင်ဂတ်လို တန်ဖိုးကြီးကစား သမားကို ရေရှည်စာချုပ်ချုပ်ဆိုရန် မလွယ်ကူ တာဖြစ်ပါတယ်။
လင်ဂတ်နဲ့ယူနိုက်တက် အသင်းတို့ရဲ့စာချုပ်သက်တမ်းဟာ တစ်နှစ်ကျန်နေသေးပြီးယူနိုက်တက်အသင်းကို လင်ဂတ်သာပြန်ရောက်ခဲ့ရင်ပွဲထွက်ကစားရဖို့အခွင့်အရေးမရှိသလောက်အနေထားကို ပြန်လည်ရောက်ရှိသွားဖို့ရှိနေပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ လင်ဂတ်ဟာဝက်စ်ဟမ်းသို့ ပြောင်းရွှေ့ပြီးနောက် ၁၃ ပွဲကစားပြီး ၉ ဂိုး သွင်းယူကာ အင်္ဂလန်လက်ရွေးစင်အသင်းတွင်လည်း ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေျခစြမ္း ျပန္လည္ေတာက္ပခ်ိန္မွာ ရင္နာစရာအျဖစ္နဲ႔ ႀကံဳေနရတဲ့ လင္ဂတ္
ယူႏိုက္တက္ အကယ္ဒမီ ထြက္ လင္ဂတ္ဟာ ေျခစြမ္းေကာင္း ကြယ္ေပ်ာက္ေနတာေၾကာင့္ ၿပီးခဲ့တဲ့ဇန္နဝါရီေဈးကြက္တုန္းက ဝက္စ္ဟမ္းအသင္းထံအငွားစာခ်ဳပ္နဲ႔ေျပာင္းေ႐ႊ႕ ကစားခဲ့ပါတယ္။ လင္ဂတ္ဟာ နည္းျပေဟာင္းမိုရက္စ္ရဲ႕လက္ေအာက္မွာ ေနာက္တစ္ႀကိမ္ ျပန္လည္ ထြန္းေတာက္ ခြင့္ရရိွခဲ့ပါတယ္။
ဒါေၾကာင့္ ဝက္စ္ဟမ္းအသင္းက ကြင္းလယ္ကစားသမားလင္ဂတ္ကို အၿပီးသတ္စာခ်ဳပ္နဲ႔ေခၚယူႏိုင္ဖို႔ညႇိႏႈိင္းပါတယ္။ ဒါေပမယ့္ လိုခ်င္ေပမယ့္ ေငြေၾကးေနာက္က မလိုက္ႏိုင္တဲ့ ဒရမ္မာဇာတ္လမ္းျဖစ္ေနပါတယ္။
ဝက္စ္ဟမ္းအသင္းဟာ လင္ဂတ္ကိုအၿပီးသတ္ေခၚယူဖို႔အတြက္ ယူႏိုက္တက္ အသင္းေတာင္းဆိုတဲ့ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းကို ေပးေခ်ဖို႔ အဆင္မေျပျဖစ္ေနသလိုလင္ဂတ္ရဲ႕တစ္ ပတ္လုပ္ခလစာ ေပါင္တစ္သိန္းကိုလည္းအျပည့္အဝေပးေခ်ႏိုင္ျခင္းမရွိေၾကာင္းသိရပါတယ္။
ဒါေၾကာင့္ ဝက္စ္ဟမ္းအသင္းဟာ လင္ဂတ္ကို အၿပီးသတ္မဝယ္ႏိုင္ေတာ့ဘဲ အကယ္ဒမီထြက္ ကစားသမား ကို ယူႏိုက္တက္ အသင္းထံျပန္လည္ေစလႊတ္ဖို႔ ျပဳလုပ္ေနေၾကာင္းသိရပါတယ္။
ကံေကာင္းမွဳေတြျပန္လည္ရရိွၿပီလို႔ထင္ရတဲ့လင္ဂတ္ဟာ ေအာင္ျမင္မွဳေတြ ငုပ္လွ်ိဳးရာ မိခင္အသင္းေျမဆီျပန္ရကိန္းျဖစ္ေနပါတယ္။ ၀က္စ္ဟမ္းဟာ ယခုႏွစ္ေဘာလုံးရာသီတြင္ စုစုေပါင္း ေပါင္ ၆၅ သန္း အရႈံးေပၚခဲ့ၿပီး လာမယ့္ႏွစ္တြင္လည္း ထပ္မံအရႈံးေပၚႏိုင္တာေၾကာင့္ လင္ဂတ္လို တန္ဖိုးႀကီးကစား သမားကို ေရရွည္စာခ်ဳပ္ခ်ဳပ္ဆိုရန္ မလြယ္ကူ တာျဖစ္ပါတယ္။
လင္ဂတ္နဲ႔ယူနိုက္တက္ အသင္းတို႔ရဲ႕စာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္က်န္ေနေသးၿပီးယူႏိုက္တက္အသင္းကို လင္ဂတ္သာျပန္ေရာက္ခဲ့ရင္ပြဲထြက္ကစားရဖို႔အခြင့္အေရးမရွိသေလာက္အေနထားကို ျပန္လည္ေရာက္ရွိသြားဖို႔ရွိေနပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ လင္ဂတ္ဟာဝက္စ္ဟမ္းသို႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ ၁၃ ပြဲကစားၿပီး ၉ ဂိုး သြင္းယူကာ အဂၤလန္လက္ေ႐ြးစင္အသင္းတြင္လည္း ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။