ခြေစွမ်းသာမက နှလုံးရည်လည်း ပြည့်ဝကြောင်း ပြသခဲ့တဲ့ လီဝန်ဒေါ့စကီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဝန်ဒေါ့စကီးဟာမနေ့ညတုန်းကအင်္ဂလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီအင်္ဂလန်ကစားသမားများကဒူးထောက်ကာလူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်စဉ်လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့ပိုလန်ပရိသတ်များအား အင်္ကျီလက်မောင်းမှ Respect ဆိုတဲ့စာသားကိုညွှန်ပြမှုပြုလုပ်ခဲ့ပါတယ်။

ပိုလန်ပရိသတ်အမြောက်အမြားတို့ဟာအင်္ဂလန်ကစားသမားများ ဒူးထောက်စဉ်လှောင်ပြောင်မှုပြုလုပ်မှုကိုမြင်တွေ့ရပြီးနောက်ပိုလန်အသင်းခေါင်းဆောင်က ပြိုင်ဘက်ကို လေးစားဖို့ ပရိသတ်တွေကို အသိပေးမေတ္တာ ရပ်ခံခဲ့တာပါ။

အဲဒီအဖြစ်အပျက်ဟာ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေခဲ့ပြီး လီဝန်ဒေါ့စကီးရဲ့ ခေါင်းဆောင်ကောင်းပီသတဲ့အပြုအမူအတွက် ချီးကျူးမှုတွေရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲစဉ်မှာလည်း အင်္ဂလန်ကစားသမားတွေဟာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီး အချိုရည်ဗူးတွေ၊ စားစရာတွေနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။

အဲဒီပွဲဟာ ပထမပိုင်းမှာ ဂိုးမရှိသရေသာဖြစ်ခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ်မှာတော့ လုခ်ရှောရဲ့ ဖရီးကစ်ကို မက်ဂွိုင်းယား ခေါင်းတိုက်ရာမှာ တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ အင်္ဂလန်တို့ အဖွင့်ဂိုးရခဲ့ပြီး ကွင်းလယ်မှာ ဝေါ်လ်ကာနဲ့ အပေးအယူလုပ်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းက ဘယ်လိုမှ ထင်မှတ်မထားတဲ့ အနေအထားကနေ အပြင်းကန်သွင်းခဲ့ရာမှာအိမ်ရှင်တို့ စတင်ထိုးနှက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပိုလန်တို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ကြပြီး နာကျင်အချိန်ပိုမှာ လီဝန်ဒေါ့စကီးက ဂိုးဧရိယာအတွင်းကနေ အနီးကပ် မတင်ပေးတဲ့ ဘောလုံးကို လူစားဝင်ကွင်းလယ်လူ ရှီမိုင်းစကီးက ခေါင်းတိုက်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။

အဲဒီလိုနဲ့ ပိုလန်နဲ့ အင်္ဂလန်တို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ တစ်ဂိုးစီသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေျခစြမ္းသာမက ႏွလုံးရည္လည္း ျပည့္ဝေၾကာင္း ျပသခဲ့တဲ့ လီဝန္ေဒါ့စကီး

လီဝန္ေဒါ့စကီးဟာမေန႔ညတုန္းကအဂၤလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီအဂၤလန္ကစားသမားမ်ားကဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားမႈဆန႔္က်င္ေရးလႈပ္ရွားမႈျပဳလုပ္စဥ္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့တဲ့ပိုလန္ပရိသတ္မ်ားအား အက်ႌလက္ေမာင္းမွ Respect ဆိုတဲ့စာသားကိုၫႊန္ျပမႈျပဳလုပ္ခဲ့ပါတယ္။

ပိုလန္ပရိသတ္အေျမာက္အျမားတို႔ဟာအဂၤလန္ကစားသမားမ်ား ဒူးေထာက္စဥ္ေလွာင္ေျပာင္မႈျပဳလုပ္မႈကိုျမင္ေတြ႕ရၿပီးေနာက္ပိုလန္အသင္းေခါင္းေဆာင္က ၿပိဳင္ဘက္ကို ေလးစားဖို႔ ပရိသတ္ေတြကို အသိေပးေမတၱာ ရပ္ခံခဲ့တာပါ။

အဲဒီအျဖစ္အပ်က္ဟာ လူမႈကြန္ရက္ေပၚမွာ ေရပန္းစားေနခဲ့ၿပီး လီဝန္ေဒါ့စကီးရဲ႕ ေခါင္းေဆာင္ေကာင္းပီသတဲ့အျပဳအမူအတြက္ ခ်ီးက်ဴးမႈေတြရွိခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့ ဟန္ေဂရီနဲ႔ပြဲစဥ္မွာလည္း အဂၤလန္ကစားသမားေတြဟာ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားမႈကို ခံခဲ့ရၿပီး အခ်ိဳရည္ဗူးေတြ၊ စားစရာေတြနဲ႔ ပစ္ေပါက္ျခင္းခံခဲ့ရပါတယ္။

အဲဒီပြဲဟာ ပထမပိုင္းမွာ ဂိုးမရွိသေရသာျဖစ္ခဲ့တာပါ။ ဒုတိယပိုင္း ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ လုခ္ေရွာရဲ႕ ဖရီးကစ္ကို မက္ဂြိဳင္းယား ေခါင္းတိုက္ရာမွာ တိုင္ထိထြက္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ အဂၤလန္တို႔ အဖြင့္ဂိုးရခဲ့ၿပီး ကြင္းလယ္မွာ ေဝၚလ္ကာနဲ႔ အေပးအယူလုပ္ခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းက ဘယ္လိုမွ ထင္မွတ္မထားတဲ့ အေနအထားကေန အျပင္းကန္သြင္းခဲ့ရာမွာအိမ္ရွင္တို႔ စတင္ထိုးႏွက္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပိုလန္တို႔ ျပန္လည္တိုက္စစ္ဆင္ႏိုင္ခဲ့ၾကၿပီး နာက်င္အခ်ိန္ပိုမွာ လီ၀န္ေဒါ့စကီးက ဂိုးဧရိယာအတြင္းကေန အနီးကပ္ မတင္ေပးတဲ့ ေဘာလုံးကို လူစားဝင္ကြင္းလယ္လူ ရွီမိုင္းစကီးက ေခါင္းတိုက္သြင္းၿပီး ေခ်ပႏိုင္ခဲ့ပါတယ္။အဲဒီလိုနဲ႔ ပိုလန္နဲ႔ အဂၤလန္တို႔ရဲ႕ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲဟာ တစ္ဂိုးစီသေရနဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။