ခြေစွမ်းရှိပေမယ့် ထိပ်တန်းအသင်းတွေနဲ့တွေ့ရင် Big games Flop ဖြစ်နေသေးတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူကိုရောက်လာတာတစ်နှစ် သက်တမ်းဘဲရှိသေးပေမယ့် သူ့အစွမ်းအစနဲ့ အသင်းကို ဆွဲတင်ပေးခဲ့လို့ မန်ယူဟာ ပရီးမီးယားလိဂ်မှာ၂၀၁၃ နောက်ပိုင်း ၁၇ ပွဲပြီးချိန်ထိပ်ဆုံးကိုပထမဆုံးရောက်လာ တဲ့အပြင် သူကိုယ်တိုင်လည်း ပြိုင်ပွဲရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်ရယူပြီး ဘောလုံးပြ က္ခဒိန်တစ်ခုအတွင်း အများဆုံးရယူနိုင်တဲ့သူအဖြစ် စံချိန်တင်ထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ သူဟာထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့လို့ ဖာနန်ဒက်စ်ကို ပွဲကြီးတွေမှာအသုံးမဝင်သေးသူ Big games Flop အဖြစ်သတ်မှတ်နေကြပါတယ်။ သူဟာပြိုင်ပွဲရဲ့ထိပ်ဆုံး ၆ သင်းနဲ့တွေ့ရင် ခြေစွမ်းမပြနိုင်ခဲ့တာကို အချက်အ လက်နဲ့ ဖော်ပြတဲ့ မှတ်တမ်းတစ်ခုလည်း ထွက်ပေါ်လာခဲ့လို့ ပွဲကြီးတွေမှာ ဘာကြောင့်ခြေစွမ်းမပြနိုင်သလဲ ဆို ပြီး မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ လီဗာပူးနဲ့ပွဲမှာ ဖရီးကစ်ကနေတစ်ဆင့် ဂိုးရလုနီးပါးဖြစ် အောင် ကန်နိုင်ခဲ့မှုနဲ့ ပင်နယ်တီဧရိယာထဲကနေ သူ့ကန်သွင်းမှုကို ပြိုင်ဘက်ဂိုးသမား အဲလစ်ဆန် လက်စွမ်းပြ ကာကွယ်ခဲ့ရတဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ပွဲလုံးကြည့်ရင်တော့ သူဟာခြေစွမ်းမပေါ်ခဲ့သလို ဒီရာသီမှာ ၇ ပွဲမြောက်အဖြစ် ဂိုးဖန်တီးမှုရော သွင်းဂိုးပါမရှိတဲ့ပွဲဖြစ်ခဲ့ရ တာကြောင့် ထိပ်သီးအသင်းတွေနဲ့တွေ့ ရင် သူခြေစွမ်းပျောက်လေ့ရှိတာကို ငြင်းလို့မရဖြစ်ခဲ့ပါတယ်။

သူဟာမန်ယူကိုရောက်လာပြီးနောက် ထိပ်သီး ၆ သင်းနဲ့ ၈ ပွဲတွေ့ခဲ့ရာမှာ ၂ ဂိုးသာရသေးလို့ ကျန်တဲ့ပြိုင်ဘက်တွေနဲ့တွေ့ရင် စွမ်းဆောင်နိုင်မှုထက် အများ ကြီးလျော့နည်းနေတာပါ။ မှတ်တမ်းအရကြည့်ရင် ဖာနန်ဒက်စ်ဟာ ထိပ်သီး ၆ သင်းနဲ့ ၈ ပွဲတွေ့ရာမှာ သွင်းဂိုးက ၂ ဂိုးသာရှိခဲ့ပြီးဂိုးဖန်တီး နိုင်မှုကလည်း ၂ ကြိမ်ဘဲရှိပါတယ်။

ဒါကြောင့်သူ့ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှုဟာ ၁၆၄ မိနစ်ရောက်မှတစ်ကြိမ်သာရှိ ခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ပြိုင်ဘက်တွေနဲ့ ၂၄ ကြိမ်တွေ့ခဲ့ရာမှာတော့ ၁၇ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးပေးနိုင် ခဲ့ပါတယ်။

ဒါကြောင့် သွင်းဂိုးနဲ့ ဂိုးဖန်တီးနိုင်မှုမှာ မိနစ် ၇၀ တိုင်းတစ်ကြိမ်စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒီနေရာမှာ ပြောစရာရှိတာက ပွဲအရေအတွက်ပေါ်မူတည်ပြီး စွမ်းနိုင်မှုမှတ်တမ်းဟာလည်း အနည်းအများရှိတယ်လို့ ဆို နိုင်ပါတယ်။

ဒါပေမယ့် ထိပ်သီး ၆ သင်းနဲ့ တစ်ပွဲချင်းစီတွေ့တဲ့ မှတ်တမ်းကိုကြည့်ရင် ဖာနန်ဒက်စ်မှာ အား နည်းချက်ရှိနေသေးတာ ထင်ရှားနေလို့သူဟာ Big games Flop ဖြစ်နေသေးတယ်လို့ဘဲ သတ်မှတ်ရပါလိမ့် မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




