ခြေစွမ်းပြနေတဲ့ လုခ်ရှောကို လစာတိုးမြှင့်ပြီးစာချုပ်သစ်ချုပ်ဖို့ ယူနိုက်တက် စီစဉ်နေပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အသင်းအတွက်ခြေစွမ်းပြကစားနေတဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို လစာငွေတိုးမြှင့်ပေးပြီး စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေလုပ်နေပြီဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်နောက်ခံကစားသမား လုခ်ရှောဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းက ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အကောင်းဆုံးပုံစံနဲ့အတူ ယူနိုက်တက်ဘယ်ခြမ်းမှာ အဓိက ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရနေပြီး ဖေဖော်ဝါလကနေ လက်ရှိအချိန်အထိ (၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒီလိုပုံစံကောင်းတွေပြသနေတာကြောင့် လုခ်ရှောဟာ (၂)နှစ်ကြာဝေးကွာခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပြန်လည်ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင်(၃၄)သန်းနဲ့ ယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့သူ လုခ်ရှောဟာ အခုဆိုရင် နည်းပြဆိုးလ်ရှားရဲ့အနာဂတ်စီမံကိန်းထဲမှာ ဆက်လက်ပါဝင်ခွင့်ရဖို့အခွင့်အရေးရှိနေပါပြီ။

ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်အသင်းက ပေါ်တိုအသင်းဘယ်နောက်ခံလူတဲလက်စ်ကို ပေါင်(၁၃)သန်းနဲ့ ခေါ်ယူခဲ့တာကြောင့် လုခ်ရှောရဲ့အနာဂတ်က သေချာမှုမရှိတော့ဘူးလို့ သတင်းတွေထွက်ခဲ့ပေမယ့် လုခ်ရှောဟာ ဘယ်နောက်ခံနေရာကို မဆုံးရှုံးရစေဖို့ ကြိုးစားကစားခဲ့တာကြောင့် အခုလိုခြေစွမ်းကောင်းတွေပြသနိုင်တာလို့လည်း သတ်မှတ်ရမှာပါ။

လုခ်ရှောရဲ့ လက်ရှိ စာချုပ်သက်တမ်းက (၂)နှစ်ကျန်ရှိနေပေမယ့် ယူနိုက်တက်အသင်းက လုခ်ရှောကို အခုပေးချေနေတဲ့ တစ်ပတ်ပေါင်(၁၅၀,၀၀၀)ထက် ပိုတိုးပေးပြီးစာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီလို့ ဗြိတိန်သတင်းစာ The Mirror ကဖော်ပြခဲ့ပါတယ်။

လုခ်ရှောဟာ ဒီရာသီပြိုင်ပွဲစုံမှာ ယူနိုက်တက်အသင်းအတွက် (၃၅)ပွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ပွဲစဉ်(၂၉)ပွဲမှာ (၂၅)ပွဲအထိပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်ကစားသမားဘ၀ (၇)ရာသီကြာကာလအတွင်း ကွန်မြူနတီဒိုင်း၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေရယူခဲ့သူ လုခ်ရှောအနေနဲ့ ဒီရာသီမှာ အသင်းအတွက် ဆုဖလားအောင်မြင်မှုရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခစြမ္းျပေနတဲ့ လုခ္ေရွာကို လစာတိုးျမႇင့္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ယူႏိုက္တက္ စီစဥ္ေနၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ အသင္းအတြက္ေျခစြမ္းျပကစားေနတဲ့ ဘယ္ေနာက္ခံလူ လုခ္ေရွာကို လစာေငြတိုးျမႇင့္ေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြလုပ္ေနၿပီျဖစ္ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္ေနာက္ခံကစားသမား လုခ္ေရွာဟာ ၿပီးခဲ့တဲ့ရာသီေတြတုန္းက ေျခစြမ္းျပဖို႔႐ုန္းကန္ခဲ့ရေပမယ့္ ဒီရာသီမွာေတာ့ အေကာင္းဆုံးပုံစံနဲ႔အတူ ယူႏိုက္တက္ဘယ္ျခမ္းမွာ အဓိက ကစားသမားအျဖစ္ပါဝင္ကစားခြင့္ရေနၿပီး ေဖေဖာ္ဝါလကေန လက္ရွိအခ်ိန္အထိ (၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၄)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။ ဒီလိုပုံစံေကာင္းေတြျပသေနတာေၾကာင့္ လုခ္ေရွာဟာ (၂)ႏွစ္ၾကာေဝးကြာခဲ့ရတဲ့ အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရၿပီျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္က ေဆာက္သမ္တန္အသင္းကေန ေပါင္(၃၄)သန္းနဲ႔ ယူႏိုက္တက္အသင္းဆီ ေရာက္ရွိခဲ့သူ လုခ္ေရွာဟာ အခုဆိုရင္ နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္စီမံကိန္းထဲမွာ ဆက္လက္ပါဝင္ခြင့္ရဖို႔အခြင့္အေရးရွိေနပါၿပီ။ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ယူႏိုက္တက္အသင္းက ေပၚတိုအသင္းဘယ္ေနာက္ခံလူတဲလက္စ္ကို ေပါင္(၁၃)သန္းနဲ႔ ေခၚယူခဲ့တာေၾကာင့္ လုခ္ေရွာရဲ႕အနာဂတ္က ေသခ်ာမႈမရွိေတာ့ဘူးလို႔ သတင္းေတြထြက္ခဲ့ေပမယ့္ လုခ္ေရွာဟာ ဘယ္ေနာက္ခံေနရာကို မဆုံးရႈံးရေစဖို႔ ႀကိဳးစားကစားခဲ့တာေၾကာင့္ အခုလိုေျခစြမ္းေကာင္းေတြျပသႏိုင္တာလို႔လည္း သတ္မွတ္ရမွာပါ။ လုခ္ေရွာရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက (၂)ႏွစ္က်န္ရွိေနေပမယ့္ ယူႏိုက္တက္အသင္းက လုခ္ေရွာကို အခုေပးေခ်ေနတဲ့ တစ္ပတ္ေပါင္(၁၅၀,၀၀၀)ထက္ ပိုတိုးေပးၿပီးစာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္ေနၿပီလို႔ ၿဗိတိန္သတင္းစာ The Mirror ကေဖာ္ျပခဲ့ပါတယ္။

လုခ္ေရွာဟာ ဒီရာသီၿပိဳင္ပြဲစုံမွာ ယူႏိုက္တက္အသင္းအတြက္ (၃၅)ပြဲကစားခဲ့ၿပီး ပရီးမီးယားလိဂ္မွာေတာ့ ပြဲစဥ္(၂၉)ပြဲမွာ (၂၅)ပြဲအထိပါဝင္ကစားခြင့္ရခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမားဘ၀ (၇)ရာသီၾကာကာလအတြင္း ကြန္ျမဴနတီဒိုင္း၊ လိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြရယူခဲ့သူ လုခ္ေရွာအေနနဲ႔ ဒီရာသီမွာ အသင္းအတြက္ ဆုဖလားေအာင္ျမင္မႈရယူေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။