ခြေစွမ်းပြနေတဲ့ ဖီးလစ်ကို ပီယာလိုနဲ့ ယှဉ်ပြီး ချီးကျူးနေသလို ယူနိုက်တက်ပရီသတ်တွေက ခေါ်ယူဖို့ တောင်းဆိုနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းပရိသတ်တွေက အီတလီ ဂန္တဝင် ကွင်းလယ်လူ ပီယာလိုလက်သစ်လို့ တင်စားချီးကျူးနေကြတဲ့ ကယ်ဗင်ဖီးလိစ်ကို ယူနိုက်တက်အသင်းပရီသတ်တွေကလည်း အသင်းဆီ ခေါ်ယူပေးဖို့ တောင်းဆိုပြောကြားနေကြပါတယ်။

ခရိုအေးရှားကို အနိုင်ရခဲ့တဲ့ပွဲမှာ စတာလင် ရဲ့သွင်းဂိုးကို လှလှပပ ဖန်တီး ပေးခဲ့တဲ့ ကယ်ဗင်ဖီးလစ် ကို ပီယာလို နဲ့ နှိုင်းယှဉ် ချီးကျူးနေကြတာပါ။

ခရိုအေးရှား နဲ့ ပွဲအတွက် အင်္ဂလန်အသင်း ပွဲထွက် လူစာရင်းမှာ ဒီကလန်ရိုက်စ် နဲ့အတူ ကယ်ဗင်ဖီးလစ် ကို မြင်ရချိန်မှာ

မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် လိဒ်ယူနိုက်တက် ကွင်းလယ်ကစားသမားဖြစ်တဲ့ ကယ်ဗင်ဖီးလစ်ဟာ ပရီသတ်တွေ အထင်ကြီးလောက်အောင် ကစားနိုင်ပြခဲ့ပါတယ်။

အင်္ဂလန်အသင်း ဂိုးရဖို့ ရုန်းကန်နေရချိန်မှာ ကယ်ဗင်ဖီးလစ် ဟာ တစ်ကိုယ်တော် အစွမ်းနဲ့ ထိုးဖောက်ပြီး စတာလင်း ဆီ သေသပ်တိကျတဲ့ ပေးပို့မှု ပြုလုပ်ပေးခဲ့တာပါ။

အဲ့နေ့ပွဲက သူ့ရဲ့ ခြေစွမ်းကို ဘောလုံးသမားဟောင်းတွေနဲ့ ပရီသတ်တွေက ဆိုရှယ်မီဒီယာမှာ အတော်လေး ချီးကျူးခဲ့ကြတာပါ။

ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဟောင်း ဘောလက်ကလည်း ကယ်ဗင်ဖီးလစ် နာမည်ဘေးမှာ မီးတောက် အီမိုဂျီ ထည့်ပြီး တွစ်တာမှာ ချီးကျူးခဲ့ပါတယ်။

Football Focus Presenter ဟောင်း ဒန်ဝေါလ်ကာ ကလည်း ” ဖီးလစ် နဲ့ ရိုက်စ် နှစ်ဦးရဲ့ ကွင်းလယ်က တကယ့်ကို သေသပ်တဲ့ ပေါင်းစပ်မှုပါပဲ။

ယေ့ာရှိုင်းယား ပီယာလို တစ်ယောက် ခြေစွမ်းပြခဲ့တဲ့ ပွဲတစ်ပွဲပါ” လို့ ချီးကျူး ခဲ့ပါတယ်။

ခရစ်ဆမ်တန် ကတော့ ကီဗင်ဖီးလစ် ကို နေရာပေးတဲ့ဆောက်ဂိတ် ရဲ့ရွေးချယ်မှုကို ထောက်ခံ အားပေး သွားခဲ့ပါတယ်။

ဂျာမိန်းဂျီးနပ်စ်ကတော့ ဆောက်ဂိတ် အနေနဲ့ ကယ်ဗင်ဖီးလစ် ကို ပုံမှန် ပွဲထွက် အသုံးပြုသင့်ပြီလို့ဆိုပါတယ်။

ကယ်ဗင်ဖီးလစ် ဟာ ဟန်ဒါဆန် ဒဏ်ရာ ပြဿနာရှိနေတာကြောင့် ပွဲထွက်ခွင့် ရတာ ဖြစ်ပေမယ့် ခုခြေစွမ်းအရ ဟန်ဒါဆန် ပွဲထွက်ခွင့် ပျောက်ဖို့ ရှိနေပါတယ်။

Squawka Football ကတော့ ကယ်ဗင်ဖီးလစ် ကို ကစားသမား ၃ ဦး ပေါင်းစပ်ထားသူလို့ ဆိုထားပါတယ်။

ဘောလုံးပေးပို့မှုမှာ ပီယာလို၊ ဘောလုံး အဖျက်မှာ ဂတ်တူဆို၊ အလိမ်အခေါက်မှာ ကာကာ တို့ သုံးဦး ပေါင်းစပ်ထားသူ ဖြစ်တယ်လို့ ချီးကျူးခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း လိဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ရာသီတစ်ခုပိုင်ဆိုင်ခဲ့တဲ့သူပါ။

ယူနိုက်တက် ပရိသတ်တစ်ဦးက“ယူနိုက်တက်က ဒီကန်ရိုက်စ်နဲ့ စကားပြောနေတယ်။

ဒါပေမယ့် သူ့ရဲ့ကစားဖာ်က ပိုပြီးကောင်းနေတာတွေ့ရပါတယ်။

ဖီးလစ်အပေါ် စိတ်ဝင်စားမှုနည်းတာ မယုံနိုင်လောက်အောင်ဖြစ်ရပါတယ်။”လို့ ဆိုသွားခဲ့ပါတယ်။

နောက်တစ်ဦးကလည်း “လက်ရှိမှာ ယူနိုက်တက်က ဘယ်ကွင်းလယ်ခံစစ်ကစားသမားကို စောင့်ကြည့်နေတာလည်းတော့ မသိပါဘူး။

ဒါပေမယ့် ကယ်လ်ဗင် ဖီးလစ်ကို ခေါ်ယူတာက ပိုကောင်းပါလိမ့်မယ်”လို့ မှတ်ချက်ပေးထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခစြမ္းျပေနတဲ့ ဖီးလစ္ကို ပီယာလိုနဲ႔ ယွဥ္ၿပီး ခ်ီးက်ဴးေနသလို ယူႏိုက္တက္ပရီသတ္ေတြက ေခၚယူဖို႔ ေတာင္းဆိုေန

အဂၤလန္အသင္းပရိသတ္ေတြက အီတလီ ဂႏၲဝင္ ကြင္းလယ္လူ ပီယာလိုလက္သစ္လို႔ တင္စားခ်ီးက်ဴးေနၾကတဲ့ ကယ္ဗင္ဖီးလိစ္ကို ယူႏိုက္တက္အသင္းပရီသတ္ေတြကလည္း အသင္းဆီ ေခၚယူေပးဖို႔ ေတာင္းဆိုေျပာၾကားေနၾကပါတယ္။ ခ႐ိုေအးရွားကို အႏိုင္ရခဲ့တဲ့ပြဲမွာ စတာလင္ ရဲ႕သြင္းဂိုးကို လွလွပပ ဖန္တီး ေပးခဲ့တဲ့ ကယ္ဗင္ဖီးလစ္ ကို ပီယာလို နဲ႔ ႏႈိင္းယွဥ္ ခ်ီးက်ဴးေနၾကတာပါ။

ခ႐ိုေအးရွား နဲ႔ ပြဲအတြက္ အဂၤလန္အသင္း ပြဲထြက္ လူစာရင္းမွာ ဒီကလန္႐ိုက္စ္ နဲ႔အတူ ကယ္ဗင္ဖီးလစ္ ကို ျမင္ရခ်ိန္မွာ ေမးခြန္းထုတ္မႈေတြ ရွိခဲ့ေပမယ့္ လိဒ္ယူႏိုက္တက္ ကြင္းလယ္ကစားသမားျဖစ္တဲ့ ကယ္ဗင္ဖီးလစ္ဟာ ပရီသတ္ေတြ အထင္ႀကီးေလာက္ေအာင္ ကစားႏိုင္ျပခဲ့ပါတယ္။ အဂၤလန္အသင္း ဂိုးရဖို႔ ႐ုန္းကန္ေနရခ်ိန္မွာ ကယ္ဗင္ဖီးလစ္ ဟာ တစ္ကိုယ္ေတာ္ အစြမ္းနဲ႔ ထိုးေဖာက္ၿပီး စတာလင္း ဆီ ေသသပ္တိက်တဲ့ ေပးပို႔မႈ ျပဳလုပ္ေပးခဲ့တာပါ။ အဲ့ေန႔ပြဲက သူ႔ရဲ႕ ေျခစြမ္းကို ေဘာလုံးသမားေဟာင္းေတြနဲ႔ ပရီသတ္ေတြက ဆိုရွယ္မီဒီယာမွာ အေတာ္ေလး ခ်ီးက်ဴးခဲ့ၾကတာပါ။

ဂ်ာမနီနဲ႔ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူေဟာင္း ေဘာလက္ကလည္း ကယ္ဗင္ဖီးလစ္ နာမည္ေဘးမွာ မီးေတာက္ အီမိုဂ်ီ ထည့္ၿပီး တြစ္တာမွာ ခ်ီးက်ဴးခဲ့ပါတယ္။ Football Focus Presenter ေဟာင္း ဒန္ေဝါလ္ကာ ကလည္း ” ဖီးလစ္ နဲ႔ ႐ိုက္စ္ ႏွစ္ဦးရဲ႕ ကြင္းလယ္က တကယ့္ကို ေသသပ္တဲ့ ေပါင္းစပ္မႈပါပဲ။ ေယ့ာရႈိင္းယား ပီယာလို တစ္ေယာက္ ေျခစြမ္းျပခဲ့တဲ့ ပြဲတစ္ပြဲပါ” လို႔ ခ်ီးက်ဴး ခဲ့ပါတယ္။ ခရစ္ဆမ္တန္ ကေတာ့ ကီဗင္ဖီးလစ္ ကို ေနရာေပးတဲ့ေဆာက္ဂိတ္ ရဲ႕ေ႐ြးခ်ယ္မႈကို ေထာက္ခံ အားေပး သြားခဲ့ပါတယ္။ ဂ်ာမိန္းဂ်ီးနပ္စ္ကေတာ့ ေဆာက္ဂိတ္ အေနနဲ႔ ကယ္ဗင္ဖီးလစ္ ကို ပုံမွန္ ပြဲထြက္ အသုံးျပဳသင့္ၿပီလို႔ဆိုပါတယ္။

ကယ္ဗင္ဖီးလစ္ ဟာ ဟန္ဒါဆန္ ဒဏ္ရာ ျပႆနာရွိေနတာေၾကာင့္ ပြဲထြက္ခြင့္ ရတာ ျဖစ္ေပမယ့္ ခုေျခစြမ္းအရ ဟန္ဒါဆန္ ပြဲထြက္ခြင့္ ေပ်ာက္ဖို႔ ရွိေနပါတယ္။ Squawka Football ကေတာ့ ကယ္ဗင္ဖီးလစ္ ကို ကစားသမား ၃ ဦး ေပါင္းစပ္ထားသူလို႔ ဆိုထားပါတယ္။ ေဘာလုံးေပးပို႔မႈမွာ ပီယာလို၊ ေဘာလုံး အဖ်က္မွာ ဂတ္တူဆို၊ အလိမ္အေခါက္မွာ ကာကာ တို႔ သုံးဦး ေပါင္းစပ္ထားသူ ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့တာပါ။ အသက္ ၂၅ ႏွစ္အ႐ြယ္ ဖီးလစ္ဟာ ၿပီးခဲ့တဲ့ရာသီအတြင္း လိဒ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ ေကာင္းမြန္တဲ့ရာသီတစ္ခုပိုင္ဆိုင္ခဲ့တဲ့သူပါ။

ယူႏိုက္တက္ ပရိသတ္တစ္ဦးက“ယူႏိုက္တက္က ဒီကန္႐ိုက္စ္နဲ႔ စကားေျပာေနတယ္။ ဒါေပမယ့္ သူ႔ရဲ႕ကစားဖာ္က ပိုၿပီးေကာင္းေနတာေတြ႕ရပါတယ္။ ဖီးလစ္အေပၚ စိတ္ဝင္စားမႈနည္းတာ မယုံႏိုင္ေလာက္ေအာင္ျဖစ္ရပါတယ္။”လို႔ ဆိုသြားခဲ့ပါတယ္။ ေနာက္တစ္ဦးကလည္း “လက္ရွိမွာ ယူႏိုက္တက္က ဘယ္ကြင္းလယ္ခံစစ္ကစားသမားကို ေစာင့္ၾကည့္ေနတာလည္းေတာ့ မသိပါဘူး။ ဒါေပမယ့္ ကယ္လ္ဗင္ ဖီးလစ္ကို ေခၚယူတာက ပိုေကာင္းပါလိမ့္မယ္”လို႔ မွတ္ခ်က္ေပးထားပါတယ္။