ခြေစွမ်းပြနေတဲ့ ကာဗာနီကို စာချုပ်သက်တမ်းတိုးဖို့ မဆုံးဖြတ်ရသေးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အသင်းအတွက်ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီနဲ့ နောက်ထပ် ဝါရင့်ကွင်းလယ်လူ မာတာတို့ကို စာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘာကိုမှ အတိအကျမဆုံးဖြတ်ရသေးပါဘူး။

ပြီးခဲ့တဲ့နှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့ ဥရုဂွေးတိုက်စစ်မှူးကာဗာနီဟာ ယူနိုက်တက်အသင်းအတွက် (၂၃)ပွဲကစား၊ (၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာ အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ပါတယ်။

အခုလာမယ့် တနင်္ဂနွေနေ့မှာ အသက်(၃၄)နှစ်ပြည့်မယ့် ကာဗာနီရဲ့ လက်ရှိစာချုပ်က လာမယ့်ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အဲဒီစာချုပ်ထဲမှာ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရင် ၂၀၂၂၊ နွေရာသီအထိ သက်တမ်းတိုးခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

၂၀၁၄ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ မာတာဟာ ယူနိုက်တက်ကစားသမားဘ၀ အစောပိုင်းကာလတွေအတွင်းမှာ ပုံမှန်ကစားခွင့်ရခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ မာတာဟာ ဒီရာသီမှာ အသင်းအတွက် စုစုပေါင်း(၁၀)ပွဲသာကစားခဲ့ရပြီး အဲဒီပွဲအများစုမှာလည်း ပွဲချိန်ပြည့်ကစားခွင့် မရခဲ့သလို နောက်ဆုံးပါဝင်ခဲ့တာက ဒီဇင်ဘာ(၁၇)ရက်တုန်းက ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ (၁၆)မိနစ်သာ ဝင်ကစားခဲ့ရတာပါ။ သူ့ရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့်ဇွန်လမှာ သက်တမ်းပြည့်မှာဖြစ်ပြီး ကာဗာနီလိုပဲ နှစ်ဖက်သဘောတူညီမှုရရင် စာချုပ်သက်တမ်းတိုးခွင့်ရှိနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို လူငယ်ကစားသမားတွေကို ခေါ်ယူအားဖြည့်ဖို့ ဆန္ဒရှိနေပြီး ဒေ့ါမွန်တိုက်စစ်မှူး ဟာလန်း၊ တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုတို့ကို ပစ်မှတ်ထားနေတာကြောင့် ကာဗာနီနဲ့ မာတာတို့ရဲ့ အနာဂတ်က သိပ်မသေချာတဲ့အနေအထားလို့ ပြောရမှာပါ။

Zawgyi

ေျခစြမ္းျပေနတဲ့ ကာဗာနီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ မဆုံးျဖတ္ရေသးတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ အသင္းအတြက္ေျခစြမ္းျပ ဂိုးေတြသြင္းေနတဲ့ ဝါရင့္တိုက္စစ္မႉး ကာဗာနီနဲ႔ ေနာက္ထပ္ ဝါရင့္ကြင္းလယ္လူ မာတာတို႔ကို စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥနဲ႔ပတ္သက္ၿပီး ဘာကိုမွ အတိအက်မဆုံးျဖတ္ရေသးပါဘူး။ ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ယူႏိုက္တက္အသင္းကို ေရာက္ရွိလာတဲ့ ဥ႐ုေဂြးတိုက္စစ္မႉးကာဗာနီဟာ ယူႏိုက္တက္အသင္းအတြက္ (၂၃)ပြဲကစား၊ (၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့ၿပီး အခုေနာက္ပိုင္းမွာ အသင္းရဲ႕ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရရွိေနသူျဖစ္ပါတယ္။

အခုလာမယ့္ တနဂၤေႏြေန႔မွာ အသက္(၃၄)ႏွစ္ျပည့္မယ့္ ကာဗာနီရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ဇြန္လမွာ သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္ အဲဒီစာခ်ဳပ္ထဲမွာ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈရရင္ ၂၀၂၂၊ ေႏြရာသီအထိ သက္တမ္းတိုးခြင့္ရွိတယ္ဆိုတဲ့အခ်က္လည္း ပါဝင္ပါတယ္။

၂၀၁၄ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့သူ မာတာဟာ ယူႏိုက္တက္ကစားသမားဘ၀ အေစာပိုင္းကာလေတြအတြင္းမွာ ပုံမွန္ကစားခြင့္ရခဲ့ေပမယ့္လည္း ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ပြဲထြက္ကစားခြင့္ေပ်ာက္ဆုံးေနသူျဖစ္ပါတယ္။ အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာတာဟာ ဒီရာသီမွာ အသင္းအတြက္ စုစုေပါင္း(၁၀)ပြဲသာကစားခဲ့ရၿပီး အဲဒီပြဲအမ်ားစုမွာလည္း ပြဲခ်ိန္ျပည့္ကစားခြင့္ မရခဲ့သလို ေနာက္ဆုံးပါဝင္ခဲ့တာက ဒီဇင္ဘာ(၁၇)ရက္တုန္းက ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ (၁၆)မိနစ္သာ ဝင္ကစားခဲ့ရတာပါ။

သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း လာမယ့္ဇြန္လမွာ သက္တမ္းျပည့္မွာျဖစ္ၿပီး ကာဗာနီလိုပဲ ႏွစ္ဖက္သေဘာတူညီမႈရရင္ စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိေနတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ အသင္းရဲ႕တိုက္စစ္ပိုင္းကို လူငယ္ကစားသမားေတြကို ေခၚယူအားျဖည့္ဖို႔ ဆႏၵရွိေနၿပီး ေဒ့ါမြန္တိုက္စစ္မႉး ဟာလန္း၊ ေတာင္ပံတိုက္စစ္ကစားသမား ဆန္ခ်ိဳတို႔ကို ပစ္မွတ္ထားေနတာေၾကာင့္ ကာဗာနီနဲ႔ မာတာတို႔ရဲ႕ အနာဂတ္က သိပ္မေသခ်ာတဲ့အေနအထားလို႔ ေျပာရမွာပါ။