ခြေစွမ်းပုံမှန်မရှိရင် ဖလားလည်းမမျှော်လင့်နဲ့လို့ မန်ယူကို ဖာဒီနန်ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခြေစွမ်းပုံမှန်မရှိရင် ဖလားလည်းမမျှော်လင့်နဲ့လို့ မန်ယူကို ဖာဒီနန်ဝေဖန်မန်ယူနောက်ခ့လူဟောင်း ရီယိုဖာဒီနန်က ရှက်ဖီးယူနိုက်တက်ပွဲက မန်ယူအသင်းရဲ့စွမ်းဆောင်ရည်ဟာ ထုံ ထိုင်းပြီး အသက်မပါသလိုကစားခဲ့ကြောင်း ဝေဖန်လိုက်ပါတယ်။ ဒီရာသီမှာမန်ယူနဲ့မကစားခင်တစ်ပွဲသာနိုင် ထားတဲ့ ရှက်ဖီးယူနိုက်တက်ဟာ မန်ယူကိုအိုးလ်ထရက်ဖို့ဒ်မှာလာပြီး ၂-၁ နဲ့အနိုင်ယူသွားတာကြောင့် တုန် လှုပ်စရာ ရလဒ်လည်းဖြစ်ခဲ့ပါတယ်။

မန်ယူဟာဒီပွဲနိုင်ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူ နိုင်မှာဖြစ်ပေမယ့် ရှုံးခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဒီပွဲမှာ မာရှယ်၊ မာတစ်နဲ့ တဲလက်စ်တို့အပါအဝင် က စားသမား အချို့ရဲ့စွမ်းဆောင်ရည်ကိုလည်း ဖာဒီနန်က ဝေဖန်ခဲ့သေးပြီး အားထုတ်မှုနည်းပါးခဲ့တယ် လို့ ဆိုခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး ဖာဒီနန်ကသုံးသပ်ရာမှာ” အရင်တလောက ကျွန်တော်တို့မြင်ခဲ့ရတဲ့ မန်ယူအသင်းမျိုး မဟုတ်ပါဘူး။ အရမ်းအားကိုးခဲ့ရပါတယ်ဆိုတဲ့ ဖာနန်ဒက်စ်လည်း ဒီညမှာဘာမှာမလုပ်နိုင်ခဲ့ဘူး။

ပေါ့ဂ်ဘာလည်း အတူတူဘဲ။ မန်ယူဟာမကြာသေးခင်ကပွဲတွေမှာ တုံ့ပြန်ပုံအရမ်းကောင်းခဲ့ပေမယ့် ဒီကနေ့မှာတော့ ထုံထိုင်း ထိုင်းနဲ့ အသက်မပါသလိုကစားခဲ့နေခဲ့တာ။ ဒီလိုခြေစွမ်းမမှန်ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို အိပ်မက်တောင် မမက်နဲ့တော့။ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ် တို့ဆိုပျောက်နေပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူတို့လည်း ဘော လုံးမရတဲ့အတွက် အရမ်းတော့အပြစ်တင်လို့မရဘူး။

မာရှယ်ဆိုရင်လည်း ပြေးတောင်ပြေးနိုင်ရဲ့လား လို့တောင် ထင်ရတယ်။ ပေးလိုက်ရတဲ့အနိုင်ဂိုးဟာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာဖြစ်ပေမယ့် ဒီဂိုးမပးရခင် မာတစ် နဲ့ တဲလက်စ် တို့ရဲ့ ခံစစ်ကစားပုံက ကျွန်တော့်ကို ဒေါသထွက်စေပါတယ်။ အခုပုံစံက အရင်ကတစ်ဦးချင်း ရော အသင်းလိုက်ပါ ပုံမှန်ခြေစွမ်းမရှိတဲ့ မန်ယူကိုမြင်ခဲ့ရလိုဖြစ်နေတယ်” လို့ပြောသွားပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းဟာ အခုနိုင်ပွဲကြောင့် ယော့ခ်ရှိုင်းယားဒေသခံ ၃ သင်းထဲမှာ မန်ယူကို အိုးလ်ထရက် ဖို့ဒ် ပရီးမီးယားလိဂ်ပွဲမှာ အနိုင်ကစားနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။ ယော့ခ်ရှိုင်းယားဒေသမှာ ရှက်ဖီးယူနိုက်တက်၊ လိဒ်ယူနိုက်တက်နဲ့ ယော့ခ်စီးတီး အသင်းတွေတည်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခစြမ္းပုံမွန္မရွိရင္ ဖလားလည္းမေမွ်ာ္လင့္နဲ႔လို႔ မန္ယူကို ဖာဒီနန္ေဝဖန္

မန္ယူေနာက္ခ့လူေဟာင္း ရီယိုဖာဒီနန္က ရွက္ဖီးယူႏိုက္တက္ပြဲက မန္ယူအသင္းရဲ႕စြမ္းေဆာင္ရည္ဟာ ထုံ ထိုင္းၿပီး အသက္မပါသလိုကစားခဲ့ေၾကာင္း ေဝဖန္လိုက္ပါတယ္။ ဒီရာသီမွာမန္ယူနဲ႔မကစားခင္တစ္ပြဲသာႏိုင္ ထားတဲ့ ရွက္ဖီးယူႏိုက္တက္ဟာ မန္ယူကိုအိုးလ္ထရက္ဖို႔ဒ္မွာလာၿပီး ၂-၁ နဲ႔အႏိုင္ယူသြားတာေၾကာင့္ တုန္ လႈပ္စရာ ရလဒ္လည္းျဖစ္ခဲ့ပါတယ္။ မန္ယူဟာဒီပြဲႏိုင္ရင္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ရယူ ႏိုင္မွာျဖစ္ေပမယ့္ ရႈံးခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ ဒီပြဲမွာ မာရွယ္၊ မာတစ္နဲ႔ တဲလက္စ္တို႔အပါအဝင္ က စားသမား အခ်ိဳ႕ရဲ႕စြမ္းေဆာင္ရည္ကိုလည္း ဖာဒီနန္က ေဝဖန္ခဲ့ေသးၿပီး အားထုတ္မႈနည္းပါးခဲ့တယ္ လို႔ ဆိုခဲ့ပါတယ္။

ဒီပြဲနဲ႔ပတ္သက္ၿပီး ဖာဒီနန္ကသုံးသပ္ရာမွာ” အရင္တေလာက ကြၽန္ေတာ္တို႔ျမင္ခဲ့ရတဲ့ မန္ယူအသင္းမ်ိဳးမ ဟုတ္ပါဘူး။ အရမ္းအားကိုးခဲ့ရပါတယ္ဆိုတဲ့ ဖာနန္ဒက္စ္လည္း ဒီညမွာဘာမွာမလုပ္ႏိုင္ခဲ့ဘူး။ ေပါ့ဂ္ဘာလည္း အတူတူဘဲ။ မန္ယူဟာမၾကာေသးခင္ကပြဲေတြမွာ တုံ႔ျပန္ပုံအရမ္းေကာင္းခဲ့ေပမယ့္ ဒီကေန႔မွာေတာ့ ထုံထိုင္း ထိုင္းနဲ႔ အသက္မပါသလိုကစားခဲ့ေနခဲ့တာ။ ဒီလိုေျခစြမ္းမမွန္ဘူးဆိုရင္ေတာ့ ပရီးမီးယားလိဂ္ဖလားကို အိပ္မက္ေတာင္ မမက္နဲ႔ေတာ့။

ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္ တို႔ဆိုေပ်ာက္ေနၿပီး ဘာမွမလုပ္ႏိုင္ခဲ့ဘူး။ သူတို႔လည္း ေဘာ လုံးမရတဲ့အတြက္ အရမ္းေတာ့အျပစ္တင္လို႔မရဘူး။ မာရွယ္ဆိုရင္လည္း ေျပးေတာင္ေျပးႏိုင္ရဲ႕လား လို႔ေတာင္ ထင္ရတယ္။ ေပးလိုက္ရတဲ့အႏိုင္ဂိုးဟာ လမ္းေၾကာင္းေျပာင္း ဂိုးဝင္သြားတာျဖစ္ေပမယ့္ ဒီဂိုးမပးရခင္ မာတစ္ နဲ႔ တဲလက္စ္ တို႔ရဲ႕ ခံစစ္ကစားပုံက ကြၽန္ေတာ့္ကို ေဒါသထြက္ေစပါတယ္။ အခုပုံစံက အရင္ကတစ္ဦးခ်င္း ေရာ အသင္းလိုက္ပါ ပုံမွန္ေျခစြမ္းမရွိတဲ့ မန္ယူကိုျမင္ခဲ့ရလိုျဖစ္ေနတယ္” လို႔ေျပာသြားပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္းဟာ အခုႏိုင္ပြဲေၾကာင့္ ေယာ့ခ္ရႈိင္းယားေဒသခံ ၃ သင္းထဲမွာ မန္ယူကို အိုးလ္ထရက္ ဖို႔ဒ္ ပရီးမီးယားလိဂ္ပြဲမွာ အႏိုင္ကစားႏိုင္ခဲ့တဲ့ ပထမဆုံးအသင္းျဖစ္လာပါတယ္။ ေယာ့ခ္ရႈိင္းယားေဒသမွာ ရွက္ဖီးယူႏိုက္တက္၊ လိဒ္ယူႏိုက္တက္နဲ႔ ေယာ့ခ္စီးတီး အသင္းေတြတည္ရွိပါတယ္။