ခြေစွမ်းထက်တဲ့ ရော်နယ်ဒိုအတွက် အသင်းက ပေးနိုင်ဖွယ်ရှိတဲ့ မွေးနေ့လက်ဆောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ် အသင်းတိုက်စစ်ကစားသမား ရော်နယ်ဒို ကတော့ အသက်(၃၆)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းကတော့ သူတို့ရဲ့အဓိက ကစားသမား ကို (၂၀၂၃) နွေရာသီအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒို နဲ့ ဂျုဗင်တပ်စ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာနည်းပြပီယာလိုရဲ့ ဂျူဗင်တပ်စ်အသင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်သူဖြစ်ကာ အသင်းအတွက်အရေးပါတဲ့ ဂိုးတွေသွင်းယူပေးနေသူဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိရာသီမှာ ဂျူဗင်တပ်စ်အတွက်ပွဲပေါင်း၂၃ပွဲပါဝင်ကစားပြီး၊  ၂၂ဂိုးသွင်းယူပေးကာကမ္ဘာဘောလုံးသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့စံချိန်ကို စိုက်ထူထားနိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၈ခုနှစ်က ရီးရဲလ် အသင်းကနေ ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာရာသီအစက ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့တာကြောင့် အသင်းရဲ့ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ပေမယ့် ပါဝင်တဲ့ ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြပြီး သွင်းဂိုးတွေ ရယူနိုင်ခဲ့တာပါ။ အဲဒါကြောင့်လည်း ဂျူဗင်တပ်စ် အသင်းက ရော်နယ်ဒို ကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ် အသင်းအတွက် ပွဲပေါင်း(၁၁၂)ပွဲပါဝင်ကစားထားပြီး (၈၇)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ် အသင်းနဲ့ အတူ စီးရီးအေဖလား (၂)ကြိမ်၊ ကိုပါအီတလီယာဖလား (၂)ကြိမ်ရယူထားတာဖြစ်ပါတယ်။ ဒီကနေ့ဟာ ရော်နယ်ဒို တစ်ယောက်တည်းရဲ့ မွေးနေ့မဟုတ်ပါဘူး။ နောက်ထပ် ဘောလုံးကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ နေမာရဲ့ မွေးနေ့ရက်မြတ်လည်း ဖြစ်ပါတယ်။ နေမာကတော့ အသက် ၂၉နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခစြမ္းထက္တဲ့ ေရာ္နယ္ဒိုအတြက္ အသင္းက ေပးႏိုင္ဖြယ္ရွိတဲ့ ေမြးေန႔လက္ေဆာင္

ဂ်ဴဗင္တပ္စ္ အသင္းတိုက္စစ္ကစားသမား ေရာ္နယ္ဒို ကေတာ့ အသက္(၃၆)ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္ အသင္းကေတာ့ သူတို႔ရဲ႕အဓိက ကစားသမား ကို (၂၀၂၃) ေႏြရာသီအထိ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ေရာ္နယ္ဒို နဲ႔ ဂ်ဳဗင္တပ္စ္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၂) ရာသီအကုန္မွာ ကုန္ဆုံးမွာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာနည္းျပပီယာလိုရဲ႕ဂ်ဴဗင္တပ္စ္အသင္းမွာအဓိကကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပကစားႏိုင္သူျဖစ္ကာအသင္းအတြက္အေရးပါတဲ့ဂိုးေတြသြင္းယူေပးေနသူျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာလက္ရွိရာသီမွာဂ်ဴဗင္တပ္စ္အတြက္ပြဲေပါင္း၂၃ပြဲပါဝင္ကစားၿပီး၊ ၂၂ဂိုးသြင္းယူေပးကာကမာၻေဘာလုံးသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့စံခ်ိန္ကိုစိုက္ထူထားႏိုင္ခဲ့သူျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္က ရီးရဲလ္ အသင္းကေန ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာရာသီအစက ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားခဲ့တာေၾကာင့္ အသင္းရဲ႕ပြဲစဥ္အမ်ားအျပားကို လြဲေခ်ာ္ခဲ့ေပမယ့္ ပါဝင္တဲ့ ပြဲေတြမွာ အေကာင္းဆုံးေျခစြမ္းျပၿပီး သြင္းဂိုးေတြ ရယူႏိုင္ခဲ့တာပါ။

အဲဒါေၾကာင့္လည္း ဂ်ဴဗင္တပ္စ္ အသင္းက ေရာ္နယ္ဒို ကို အသင္းမွာ ဆက္ထိန္းသိမ္းဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ဂ်ဴဗင္တပ္စ္ အသင္းအတြက္ ပြဲေပါင္း(၁၁၂)ပြဲပါဝင္ကစားထားၿပီး (၈၇)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ဂ်ဴဗင္တပ္စ္ အသင္းနဲ႔ အတူ စီးရီးေအဖလား (၂)ႀကိမ္၊ ကိုပါအီတလီယာဖလား (၂)ႀကိမ္ရယူထားတာျဖစ္ပါတယ္။

ဒီကေန႔ဟာ ​ေရာ္နယ္ဒို တစ္​ေယာက္တည္းရဲ႕ ​ေမြး​ေန႔မဟုတ္ပါဘူး။ ​ေနာက္ထပ္ ေဘာလုံးၾကယ္ပြင့္ တစ္​ေယာက္ျဖစ္တဲ့ ေနမာရဲ႕ ေမြးေန႔ရက္ျမတ္လည္း ျဖစ္ပါတယ္။ေနမာကေတာ့ အသက္ ၂၉ႏွစ္ ျပည့္​ေျမာက္ခဲ့တာျဖစ္ပါတယ္။