ခြေစွမ်းတွေထက်လာတာဟာ စီရော်နယ်ဒိုကြောင့်ဆိုပြီး ပြောဆိုလာတဲ့ ဖာနန်ဒက်စ်

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ဒီရက်ပိုင်းမှာတော့ ဘရူနိုဖာနန်ဒက်စ်တစ်ယောက် သူနဲ့ဆက်စပ်ပတ်သက်တဲ့သူတွေရဲ့အကြောင်းကို ချီးကျူးပြောဆိုနေပါတယ်။ အခုဖာနန်ဒက်စ်ချီးကျူးစကားဆိုလာသူကတော့ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ် ဟာ 2017 ခုနှစ် တုန်းက ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ပါဝင် ကစားခွင့် ရရှိ ခဲ့သူ ဖြစ်ပြီး ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ စီ ရော်နယ်ဒို နဲ့ အတူ တွဲဖက် ကစားခွင့် ရရှိ ထားခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ် ။ “ကျွန်တော်ပေါ်တူဂီလက်ရွေးစင်အသင်းမှာရှိတဲ့အချိန် ရော်နယ်ဒိုဟာ ကျွန်တော့် ကို ကောင်းကောင်း ကြိုဆိုခဲ့ ပါတယ် ။ ကျွန်တော် တို့ ကတော့ သူ့ကို စံထားရတဲ့ကစားသမား တစ်ဦးလို ရှုမြင် ခဲ့ကြ ပါ တယ်။ ကျွန်တော့် အတွက်တော့ သူဟာ ထာဝရ Idol တစ်ဦး ပါပဲ ။

photo internet

ကျွန်တော် ဟာ သူ ပေးခဲ့တဲ့ ဥပမာ တွေကို လိုက်နာ ကျင့်သုံးခဲ့ ပါတယ် ။ သူဟာ ကျွန်တော့် ရဲ့ အနှစ်သက်ဆုံး ကစားသမား တွေ ထဲက တစ်ယောက် ပါပဲ ကျွန်တော် ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း မှ ဆင့်ခေါ် ခံခဲ့ ရစဉ် တုန်းက သူဟာ ကျွန်တော့် ဆီ ရောက်လာ ခဲ့ပြီး ‘ မင်းဟာ စပို့တင်း အသင်း မှာ အလုပ် တွေကို ကောင်းကောင်း လုပ်ပြ နိုင်ခဲ့တယ် ။ မင်းရဲ့ ခြေစွမ်း ငါ သဘောကျ ပါတယ် ‘ လို့ ပြောခဲ့ ပါတယ် ။ အဲ့ဒီလို ပြောစကား မျိုးက ကျွန်တော် တို့လို ကစားသမား တွေ အတွက်ထူးခြားမှု တွေကို ဖြစ်ပေါ် စေပါတယ်။ ကျွန်တော်ယူနိုက်တက်ကို ဆေးစစ်ဖို့ စတင် ရောက်ရှိ ကတည်းက အဲဒီက အနေအထား တွေဟာ ကျွန်တော့် ကို အထင်ကြီးစိတ် ဖြစ်စေခဲ့ ပါတယ် ။ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းထဲ မှာ ကျွန်တော် တို့ လိုချင်တဲ့ အရာရာတိုင်း အဆင်သင့် ရှိနေ တယ်လေ ။ အိုးလ် ထရပ်ဖို့ဒ် မှာက ကျွန်တော် တို့ဟာ လူ တစ်ဦး တစ်ယောက် မှ မရှိ သလိုအနေအထားနဲ့ သွေးပူ လေ့ကျင့်ခန်း လုပ်ဆောင် နိုင်ကြ ပါတယ် ။ အသင်း ရဲ့ ဥမင် အထိ ဘာ အသံ မှ မကြားရ ပါဘူး ။ ဒါပေမယ့် ကွင်းထဲ စတင် ခြေချ လိုက်ပြီ ဆိုတာ နဲ့ အံ့ဖွယ် ဆူညံသံတွေ ၊ ပရိသတ် တွေရဲ့ အော်ဟစ် အားပေးမှု တွေကို ကြားရ တော့တာ ပါပဲ ။”ဆိုပြီး ဘရူနိုဖာနန်ဒက်စ်ကပြောဆိုပါတယ်။

photo internet

ဘရူနို ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစား ပေးထား ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 5 ပွဲမှာ အသင်း အတွက် ကိုယ်တိုင် 2 ဂိုးသွင်း ၊ 3 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ယူရို ပါလိဂ် ပြိုင်ပွဲ မှာလည်း အသင်း အတွက် 1 ဂိုးသွင်း ၊ 1 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ကာ ပုံစံကောင်း တွေကို ဆက်တိုက် ပြသ ထားနိုင် ခဲ့ပါ သေးတယ် ။ ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက အိုးလ် ထရပ်ဖို့ဒ် ကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အသင်း အတွက် ကစားပေး ခဲ့တဲ့ ပထမဆုံးလ မှာပဲ အထူး ခြေစွမ်းကောင်း တွေကို ပြသရင်း ပရီးမီးယား လိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို သိမ်းပိုက် နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဖာနန်ဒက်စ်က နည်းပြဆိုးလ်ရှားနဲ့အလုပ်လုပ်ရာမှာ ရင်းနှီးမှု့ရခဲ့တာကြောင့် ပိုမိုခြေစွမ်းပြနိုင်ခဲ့တာဖြစ်တယ်လို့လည်းပြောဆိုပါတယ်။

photo internet

“ကစားသမားအသစ်တစ်ယောက်အတွက်နည်းပြကသိပ်အရေးကြီးပါတယ်။ကျွန်တော့်အနေနဲ့ဆိုလည်းသိပ် အရေးကြီးပါတယ်။အခြားတစ်ဖက်ကနေယုံကြည်ချက်အပြည့်အဝရနေဖို့လိုအပ်ပါတယ်။ကစားသမားတစ် ယောက်ပြောင်းလဲလိုနေချိန်မှာ၊နိုင်ငံတစ်ခုအပြောင်းအလဲလုပ်သလိုကို လုပ်ဖို့လိုပါတယ်။ အကြီးမားဆုံး ကလပ်၊အကြီးမားဆုံးကစားသမားတွေနဲ့တွေ့ပြီဆို ယုံကြည်မှု့ရှိနေဖို့ကသိပ်အရေးကြီးပါတယ်။ ကျွန်တော်ဒီကိုရောက်လာချိန်မှာ နည်းပြကအရာရာတိုင်းထက်ပိုပြီးအရေးကြီးပါတယ်။ နည်းပြထက်ပို အရေးကြီးတဲ့သူတွေကတော့ ကျွန်တော့်အသင်းဖော်တွေပါပဲ။ ဘာကြောင့်လဲဆိုရင် အသင်းဖော် အချင်းချင်းကြားမှာနားလည်မှု့နဲ့ယုံကြည်မှု့ရှိဖို့ကသိပ်အရေးကြီးပါတယ်။ဒါမှလည်းလွယ်လွယ်ကူကူနဲ့အသင်း မှာအံဝင်မှာပါ”ဆိုပြီး ဖာနန်ဒက်စ်ကပြောပါတယ်။

photo internet

နည်းပြဆိုးလ်ရှားအနေနဲ့ ဖာနန်ဒက်စ်ကို ကွင်းအတွင်းလွတ်လပ်စွာကစားဖို့အတွက် မှာကြားထားပြီးတော့ ရှေ့လယ်နောက် လိုက်ပါကစားနေတဲ့ ဖာနန်ဒက်စ်ရဲ့ ကစားပုံက ယူနိုက်တက်အသင်းဖော်တွေအတွက် ပါ အကျိုးရှိနေစေခဲ့တာဖြစ်ပြီး၊ အသင်းဖော်တွေရဲ့ ခြေစွမ်းပိုင်းပါတိုးတက်လာနေတာကို ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။ ဖာနန်ဒက်စ်ရဲ့လေ့ကျင့်ရေးကွင်းက ကြိုးစားမှုတွေနဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေက ယူနိုက်တက်တစ်သင်းလုံးကို ပြောင်းလဲပစ်ခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်တို့သာပြီးခဲ့တဲ့နွေရာသီကတည်းက ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အခုချိန်မှာ အဆင့်(၄)အတွင်း ဝင်ရောက်နေနိုင်ဖွယ်ရှိပါတယ်။

photo internet

(Zawgyi Version)

