ခြေစွမ်းဆိုးရွားနေတာ အဆုံးသတ်ညံဖျင်းနေတာကြောင့်လို့ ဂွာဒီယိုလာအပြစ်တင်

Photo- Internet
Photo- Internet

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီမှာခြေစွမ်းဆိုးရွားနေတာဟာ အဆုံးသတ်ပိုင်းညံဖျင်းလို့ဖြစ်ပြီး ဒီပြဿ     နာကိုပြီးခဲ့တဲ့ ရာသီကတည်းက ရင်ဆိုင်ခဲ့ရတာလို့ ပြောလိုက်ပါတယ်။ မန်စီးတီးဟာ မကြာသေးခင်က နယူးကာဆယ်ကို ၂-၂ သရေကျပြီးနောက် ထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁၁ မှတ်ကွာဟာသွားပါတယ်။

ဒါကြောင့် ချန်ပီယံဘွဲ့ကို ဆက်ထိန်းဖို့မသေချာတော့တဲ့အခြေအနေကို ရောက်လာရပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ ၉၅ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ဂွာဒီယိုလာကတော့ သူ့အသင်းသားတွေအနေနဲ့ အခုထက်ပိုပြီး အဆုံးသတ်ကောင်းသင့်တယ်လို့ ယူဆနေပါတယ်။

Photo- Internet

နယူးကာဆယ်နဲ့ ပွဲမှာ ဂျီးဆပ်ဟာ တစ်ဦးချင်းအခွင့်အရေးကို လွဲချော်ခဲ့သလို စတာလင်းဆိုရင်လည်း ပွဲပြီးကာနီးမှာအနိုင်ဂိုးရမယ့် အခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ခံစစ်အားနည်းမှုလို့ ဆိုတာထက် ဂိုးသွင်းခွင့်တွေဖြုန်းတီးနေခြင်းကသာ အသင်းရဲ့ပြဿ     နာဖြစ်တယ်လို့ ဆိုခဲ့တာပါ။

Photo- Internet

ဂွာဒီယိုလာက”ဒါကပြီးခဲ့တဲ့ ရာသီကတည်းကဖြစ်ခဲ့တဲ့ ပြဿ     နာဗျ။ နယူးကာဆယ်ဘက်ကို ကျွန်တော်တို့ ၂၄ ချက်ကန်ခဲ့တယ်။ အကုန်လုံးတော့ဂိုးပေါက်တည့်ခဲ့တာမဟုတ်ဘူး၊ ဂိုးသမားနဲ့လည်း တစ်ဦးချင်းတွေ့မှု ၄ ကြိမ်လောက်ရှိခဲ့သေးတယ်။ သူတို့ကတော့ ဂိုးပေါက်တည့်အောင် ၂ ကြိမ်ကန်ပြီး ၂ ဂိုးရသွားတယ်။

Photo- Internet

ဒါဟာသိပ်အံအားသင့်စရာကောင်းတဲ့ မှတ်တမ်းဘဲ။ ကျွန်တော်တို့တွေ ပိုပြီးဖန်တီးနိုင်ဖို့နဲ့ ပေးဂိုးတွေလျော့ဖို့ကြိုးစားရဦးမှာပါ” လို့ပြောသွားပါတယ်။ ဂျီးဆပ်ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ကတည်းကဂိုးပေါက်ပျောက်နေလို့ သူဂိုးမသွင်းနိုင်တာ ၈ ပွဲဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။

Photo- Internet

Zawgyi

ေျခစြမး္ဆိုးရြားေနတာ အဆုံးသတ္ညံဖ်င္းေနတာေၾကာင့္လို႔ ဂြာဒီယိုလာအျပစ္တင္

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက ဒီရာသီမွာေျခစြမ္းဆိုးရြားေနတာဟာ အဆုံးသတ္ပိုင္းညံဖ်င္းလို႔ျဖစ္ၿပီး ဒီျပႆ     နာကိုၿပီးခဲ့တဲ႔ ရာသီကတည္းက ရင္ဆိုင္ခဲ့ရတာလို႔ ေျပာလိုက္ပါတယ္။ မန္စီးတီးဟာ မၾကာေသးခင္က နယူးကာဆယ္ကို ၂-၂ သေရက်ၿပီးေနာက္ ထိပ္ဆုံးကဦးေဆာင္ေနတဲ႔ လီဗာပူးနဲ႔ ၁၁ မွတ္ကြာဟာသြားပါတယ္။

ဒါေၾကာင့္ ခ်န္ပီယံဘြဲ႔ကို ဆက္ထိန္းဖို႔မေသခ်ာေတာ႔တဲ႔အေျခအေနကို ေရာက္လာရပါတယ္။ မန္စီးတီးဟာ ၿပီးခဲ့တဲ႔ရာသီတုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ ၉၅ ဂိုးအထိသြင္းယူႏိုင္ခဲ့တာပါ။ ဒါေပမယ္႔ ဂြာဒီယုိလာကေတာ႔ သူ႔အသင္းသားေတြအေနနဲ႔ အခုထက္ပိုၿပီး အဆုံးသတ္ေကာင္းသင့္တယ္လို႔ ယူဆေနပါတယ္။

နယူးကာဆယ္နဲ႔ ပြဲမွာ ဂ်ီးဆပ္ဟာ တစ္ဦးခ်င္းအခြင့္အေရးကို လြဲေခ်ာ္ခဲ့သလို စတာလင္းဆိုရင္လည္း ပြဲၿပီးကာနီးမွာအႏိုင္ဂိုးရမယ္႔ အခြင့္အေရးကိုအသုံးမခ်ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း ခံစစ္အားနည္းမႈလို႔ ဆိုတာထက္ ဂိုးသြင္းခြင့္ေတြျဖဳန္းတီးေနျခင္းကသာ အသင္းရဲ႕ျပႆ     နာျဖစ္တယ္လို႔ ဆိုခဲ့တာပါ။

ဂြာဒီယိုလာက”ဒါကၿပီးခဲ့တဲ႔ ရာသီကတည္းကျဖစ္ခဲ့တဲ႔ ျပႆ     နာဗ်။ နယူးကာဆယ္ဘက္ကို က်ြန္ေတာ္တို႔ ၂၄ ခ်က္ကန္ခဲ့တယ္။ အကုန္လုံးေတာ႔ဂိုးေပါက္တည့္ခဲ့တာမဟုတ္ဘူး၊ ဂိုးသမားနဲ႔လည္း တစ္ဦးခ်င္းေတြ႔မႈ ၄ ႀကိမ္ေလာက္ရွိခဲ့ေသးတယ္။ သူတို႔ကေတာ႔ ဂိုးေပါက္တည့္ေအာင္ ၂ ႀကိမ္ကန္ၿပီး ၂ ဂိုးရသြားတယ္။

ဒါဟာသိပ္အံအားသင့္စရာေကာင္းတဲ႔ မွတ္တမ္းဘဲ။ က်ြန္ေတာ္တို႔ေတြ ပိုၿပီးဖန္တီးႏိုင္ဖို႔နဲ႔ ေပးဂိုးေတြေလ်ာ႔ဖို႔ႀကိဳးစားရဦးမွာပါ” လို႔ေျပာသြားပါတယ္။ ဂ်ီးဆပ္ဆိုရင္ ၿပီးခဲ့တဲ႔ ေအာက္တိုဘာ ၁၉ ကတည္းကဂိုးေပါက္ေပ်ာက္ေနလို႔ သူဂိုးမသြင္းႏိုင္တာ ၈ ပြဲဆက္တိုက္ရွိေနၿပီျဖစ္ပါတယ္။