ခြေစွမ်းခေါ်ယူစမ်းသပ်ခဲ့ပေမယ့် ဘားကမ့်ရဲ့သားကို ခေါ်ယူခဲ့ခြင်း မရှိတဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့လက ဒင်းနစ်ဘားကမ့်ရဲ့သားဖြစ်သူ မစ်ချယ်ဘားကမ့်ကို ခြေစွမ်းခေါ်ယူစမ်းသပ်ခဲ့ပေမယ့် မခေါ်ယူခဲ့ဘူးလို့ သိရပါတယ်။

အာဆင်နယ်ဂန္ထဝင် ဘားကမ့်ရဲ့သားဖြစ်သူ မစ်ချယ်ဘားကမ့်ဟာ အောက်တိုဘာလတုန်းက အာဆင်နယ်ယူ- ၂၃ အသင်းမှာ လာရောက်အစမ်းသပ်ခံခဲ့တာဖြစ်ပါတယ်။
အယ်လ်မီရီစီးတီးအသင်းကနေ ထွက်ခွာလာပြီးနောက် မစ်ချယ်ဟာ ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မစ်ချယ်ဟာ ဖခင်ဖြစ်သူရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့ စံချိန်မမီခဲ့ဘဲ အာဆင်နယ်အသင်းတာဝန်ရှိသူတွေရဲ့အာရုံကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။
လန်ဒန်မှာကြီးပြင်းခဲ့တဲ့ ဘားကမ့်ဟာ ၂၀၀၆ ခုနှစ်မှာ လန်ဒန်ကိုစွန့်ခွာခဲ့ပေမယ့် အာဆင်နယ်က သူ့နှလုံးသားထဲမှာရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော့်အဖေက အင်တာ နဲ့ အေဂျက်စ်တို့မှာ ကစားခဲ့တာပါ။ တကယ့်ကိုအသင်းကောင်းတွေပါ။ ဒါပေမယ့် အာဆင်နယ်က အိမ်လိုပဲ ခံစားရပါတယ်။ အမ်းမရိတ် နဲ့ ဟိုက်ဘူရီ ဘယ်ကိုရွေးမလဲဆိုရင် ကျွန်တော့်အဖေရဲ့အမှတ်တရတွေရှိနေတဲ့ ဟိုက်ဘူရီကိုပဲ ရွေးချင်ပါတယ်”လို့ မစ်ချယ်ဘားကမ့်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လူငယ်အသင်းအတွက်ပြည်ပက ကစားသမားတွေကို ခေါ်ယူစမ်းသပ်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

မစ်ချယ်ရဲ့ဖခင် ဘားကမ့်ကတော့ ၁၉၉၅ ကနေ ၂၀၀၆ အထိ အာဆင်နယ်အသင်းမှာ ၁၁ နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၄၂၃ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

အသက် ၅၁ နှစ်သားဟာ အာဆင်နယ်အသင်းနဲ့အတူ လိဂ်ဖာလား ၃ ကြိမ် ၊ အက်ဖ်အေဖလား ၄ ကြိမ်တို့ကို ရယူနိုင်ခဲ့ပြီး ဂိုးပေါင်း ၁၂၀ အထိ သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ၂၀၀၆ ခုနှစ်မှာ ဘားကမ့်တစ်ယောက် အနားယူခဲ့ပြီး အေဂျက်စ်ကိုပြန်ခဲ့ကာ ၂၀၁၁ ခုနှစ်မှာ လက်ထောက်နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပါတယ်။ အာတီတာကတော့ ယွန်းဘတ်ထွက်ခွာသွားတာကြောင့် ဘားကမ့်ကို အာဆင်နယ်အသင်းထံခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခစြမ္းေခၚယူစမ္းသပ္ခဲ့ေပမယ့္ ဘားကမ့္ရဲ႕သားကို ေခၚယူခဲ့ျခင္း မရွိတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့လက ဒင္းနစ္ဘားကမ့္ရဲ႕သားျဖစ္သူ မစ္ခ်ယ္ဘားကမ့္ကို ေျခစြမ္းေခၚယူစမ္းသပ္ခဲ့ေပမယ့္ မေခၚယူခဲ့ဘူးလို႔ သိရပါတယ္။

အာဆင္နယ္ဂႏၳ၀င္ ဘားကမ့္ရဲ႕သားျဖစ္သူ မစ္ခ်ယ္ဘားကမ့္ဟာ ေအာက္တိုဘာလတုန္းက အာဆင္နယ္ယူ- ၂၃ အသင္းမွာ လာေရာက္အစမ္းသပ္ခံခဲ့တာျဖစ္ပါတယ္။

အယ္လ္မီရီစီးတီးအသင္းကေန ထြက္ခြာလာျပီးေနာက္ မစ္ခ်ယ္ဟာ ကလပ္အသင္းလက္မဲ့ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မစ္ခ်ယ္ဟာ ဖခင္ျဖစ္သူရဲ႕ေျခရာကို လိုက္နင္းႏိုင္ဖို႔ စံခ်ိန္မမီခဲ့ဘဲ အာဆင္နယ္အသင္းတာ၀န္ရွိသူေတြရဲ႕အာရံုကို မဆြဲေဆာင္ႏိုင္ခဲ့ပါဘူး။

လန္ဒန္မွာၾကီးျပင္းခဲ့တဲ့ ဘားကမ့္ဟာ ၂၀၀၆ ခုႏွစ္မွာ လန္ဒန္ကိုစြန္႔ခြာခဲ့ေပမယ့္ အာဆင္နယ္က သူ႕ႏွလံုးသားထဲမွာရွိေနေသးတယ္လုိ႔ ဆိုခဲ့ပါတယ္။

“ကြ်န္ေတာ့္အေဖက အင္တာ နဲ႔ ေအဂ်က္စ္တို႔မွာ ကစားခဲ့တာပါ။ တကယ့္ကိုအသင္းေကာင္းေတြပါ။ ဒါေပမယ့္ အာဆင္နယ္က အိမ္လိုပဲ ခံစားရပါတယ္။ အမ္းမရိတ္ နဲ႔ ဟိုက္ဘူရီ ဘယ္ကိုေရြးမလဲဆိုရင္ ကြ်န္ေတာ့္အေဖရဲ႕အမွတ္တရေတြရွိေနတဲ့ ဟိုက္ဘူရီကိုပဲ ေရြးခ်င္ပါတယ္”လို႔ မစ္ခ်ယ္ဘားကမ့္က ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လူငယ္အသင္းအတြက္ျပည္ပက ကစားသမားေတြကို ေခၚယူစမ္းသပ္ေလ့က်င့္ခဲ့တာျဖစ္ပါတယ္။ မစ္ခ်ယ္ရဲ႕ဖခင္ ဘားကမ့္ကေတာ့ ၁၉၉၅ ကေန ၂၀၀၆ အထိ အာဆင္နယ္အသင္းမွာ ၁၁ ႏွစ္ၾကာကစားခဲ့ျပီး ပြဲေပါင္း ၄၂၃ ပြဲအထိ ပါ၀င္ကစားခဲ့ပါတယ္။

အသက္ ၅၁ ႏွစ္သားဟာ အာဆင္နယ္အသင္းနဲ႔အတူ လိဂ္ဖာလား ၃ ၾကိမ္ ၊ အက္ဖ္ေအဖလား ၄ ၾကိမ္တို႔ကို ရယူႏိုင္ခဲ့ျပီး ဂိုးေပါင္း ၁၂၀ အထိ သြင္းယူေပးခဲ့ပါတယ္။ အဲ့ေနာက္ ၂၀၀၆ ခုႏွစ္မွာ ဘားကမ့္တစ္ေယာက္ အနားယူခဲ့ျပီး ေအဂ်က္စ္ကိုျပန္ခဲ့ကာ ၂၀၁၁ ခုႏွစ္မွာ လက္ေထာက္နည္းျပအျဖစ္ ကိုင္တြယ္ခဲ့ပါတယ္။

အာတီတာကေတာ့ ယြန္းဘတ္ထြက္ခြာသြားတာေၾကာင့္ ဘားကမ့္ကို အာဆင္နယ္အသင္းထံေခၚယူဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။