

ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား ဟာဇက်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဒီဇင်ဘာ ၁၈ မှာ ဘာစီလိုနာနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမယ့် El Clasico ပွဲစဉ်ကိုလွဲချော်တော့မယ်လို့ သိရပါတယ်။ သူဟာပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ကပီအက်စ်ဂျီနဲ့ ၂-၂ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဲဒီဒဏ်ရာ ရရှိသွားတာဖြစ်ပါတယ်။
သူဟာ ဘယ်လ်ဂျီယံအသင်းကစားဖော် ဖြစ်တဲ့ပီအက်စ်ဂျီက သောမတ်စ်မူနီယာ ရဲ့ပြင်းထန်တဲ့ဖျက်ထုတ်မှုကြောင့် ညာဘက်ခြေချင်းဝတ်မှာ ဒဏ်ရာရသွားတာဖြစ်ပါတယ်။ အစောပိုင်းမှာ ရီးရဲလ်ဆေးအဖွဲ့က ဟာဇက် ၁၀ ရက်လောက်ဘဲနားရလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ထင်မှတ်ထားတာထက်ပိုပြီး ဆိုးရွားနေတာပါ။

နောက်ဆုံးထုတ်ပြန်ချက်အရ ဟာဇတ် ရဲ့ခြေချင်းဝတ်အရိုးအနည်းငယ် အက်သွားခဲ့တာကြောင့်ရေရည်အနားယူရဖို့လည်းရှိနေပါတယ်။ ရီးရဲလ်ရဲ့ထုတ်ပြန်ချက်အရ ဟာဇက် ဟာခြေချင်းဝတ်အရိုးအက်သွားကြောင်း သူပြန်ကစားနိုင်မယ့်ရက်ကို မသတ်မှတ်နိုင်သေးဘဲ ထပ်မံစစ်ဆေးရဦးမှာဖြစ်ကြောင်း ဖော်ပြသွားပါတယ်။

ဟာဇက် ဟာအရင်ကတည်းက ခြေချင်းဝတ်ဒဏ်ရာပြဿ နာရှိခဲ့သူဖြစ်ပြီး ၂၀၁၇ တုန်းကဘယ်လ်ဂျီယံအတွက် ကစားပေးရင်း ညာဘက်ခြေချင်းဝတ်မှာ ထိခိုက်ခဲ့မိလို့ ခွဲစိတ်ကုသခံခဲ့ပြီး တိုက်တေနီယံပြား ထည့်သွင်းထားရတဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့အခြေအနေပိုဆိုးမှာကို ရီးရဲလ်နည်းပြ ဇီဒန်းက စိုးရိမ်နေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်ဒီဇင်ဘာ ၇(စနေနေ့) မှာ အက်စ်ပန်ညို၊ ဒီဇင်ဘာ ၁၂ မှာဘရုဂျက်နဲ့ ချန်ပီယံလိဂ်အဝေးကွင်း၊ ဒီဇင်ဘာ ၁၆ မှာ ဗလင်စီယာနဲ့အဝေးကွင်း ကစားပြီးရင် နူးကမ့်ကိုသွားပြီး ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi
ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ El Clasico ပြဲကိုပါလြဲမယ္႔ ဟာဇက္
ရီးရဲလ္မက္ဒရစ္အသင္း ေတာင္ပံကစားသမား ဟာဇက္ဟာ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ ဒီဇင္ဘာ ၁၈ မွာ ဘာစီလိုနာနဲ႔ အေ၀းကြင္းယွဥ္ၿပိဳင္ရမယ္႔ El Clasico ပြဲစဥ္ကိုလြဲေခ်ာ္ေတာ႔မယ္လို႔ သိရပါတယ္။ သူဟာၿပီးခဲ့တဲ႔ ႏို၀င္ဘာ ၂၆ ကပီအက္စ္ဂ်ီနဲ႔ ၂-၂ သေရက်ခဲ့တဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အဲဒီဒဏ္ရာ ရရွိသြားတာျဖစ္ပါတယ္။
သူဟာ ဘယ္လ္ဂ်ီယံအသင္းကစားေဖာ္ ျဖစ္တဲ႔ပီအက္စ္ဂ်ီက ေသာမတ္စ္မူနီယာ ရဲ႕ျပင္းထန္တဲ႔ဖ်က္ထုတ္မႈေၾကာင့္ ညာဘက္ေျခခ်င္း၀တ္မွာ ဒဏ္ရာရသြားတာျဖစ္ပါတယ္။ အေစာပိုင္းမွာ ရီးရဲလ္ေဆးအဖြဲ႔က ဟာဇက္ ၁၀ ရက္ေလာက္ဘဲနားရလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ေပမယ္႔ ထင္မွတ္ထားတာထက္ပိုၿပီး ဆိုးရြားေနတာပါ။
ေနာက္ဆုံးထုတ္ျပန္ခ်က္အရ ဟာဇတ္ ရဲ႕ေျခခ်င္း၀တ္အရိုးအနည္းငယ္ အက္သြားခဲ့တာေၾကာင့္ေရရည္အနားယူရဖို႔လည္းရွိေနပါတယ္။ ရီးရဲလ္ရဲ႕ထုတ္ျပန္ခ်က္အရ ဟာဇက္ ဟာေျခခ်င္း၀တ္အရိုးအက္သြားေၾကာင္း သူျပန္ကစားႏိုင္မယ္႔ရက္ကို မသတ္မွတ္ႏိုင္ေသးဘဲ ထပ္မံစစ္ေဆးရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပသြားပါတယ္။
ဟာဇက္ ဟာအရင္ကတည္းက ေျခခ်င္း၀တ္ဒဏ္ရာျပႆ နာရွိခဲ့သူျဖစ္ၿပီး ၂၀၁၇ တုန္းကဘယ္လ္ဂ်ီယံအတြက္ ကစားေပးရင္း ညာဘက္ေျခခ်င္း၀တ္မွာ ထိခိုက္ခဲ့မိလို႔ ခြဲစိတ္ကုသခံခဲ့ၿပီး တိုက္ေတနီယံျပား ထည့္သြင္းထားရတဲ႔သူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔အေျခအေနပိုဆိုးမွာကို ရီးရဲလ္နည္းျပ ဇီဒန္းက စိုးရိမ္ေနတာျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ လာမယ္႔ဒီဇင္ဘာ ၇(စေနေန႔) မွာ အက္စ္ပန္ညိဳ၊ ဒီဇင္ဘာ ၁၂ မွာဘရုဂ်က္နဲ႔ ခ်န္ပီယံလိဂ္အေ၀းကြင္း၊ ဒီဇင္ဘာ ၁၆ မွာ ဗလင္စီယာနဲ႔အေ၀းကြင္း ကစားၿပီးရင္ ႏူးကမ္႔ကိုသြားၿပီး ဘာစီလိုနာနဲ႔ ရင္ဆိုင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။