ခြေကျိုးသွားနိုင်လောက်တဲ့ ဖျက်ထုတ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ မက်ဆီ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ယနေ့မနက် အာဂျင်တီးနား နှင့် ဗင်နီဇွဲလားတို့ ပွဲစဥ်မှာ လီယွန်နယ် မက်ဆီဟာ ခြေကျိုးသွားနိုင်လောက်အောင် ပြင်းထန်တဲ့ ဖျက်ထုတ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ဗင်နီဇွဲလားအသင်းမှ နံပါတ် ( ၆ ) ပိုင်ရှင် Adrián Martínez ရဲ့ ရက်စက်တဲ့ ကန်ချက်ဟာ တီဗီဖန်သားပြင်ပေါ်ကနေ ကြည့်ရှုနေတဲ့ ပရိသတ်တွေ အားလုံးကို စိုးရိမ်သွားစေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ လီယိုကတော့ အဆိုပါ ပြစ်ဒဏ်ဘော ကျူးလွန်ခံရပြီး မိနစ်အနည်းငယ်အကြာမှာ ဘာပြဿနာမှမရှိပဲ ပုံမှန်အတိုင်းဆက်လက်ကစားနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးက ပြိုင်ဘက် ဧရိယာထိပ်မှာ dribble ဖြတ်ကျော်ဖို့ ကြိုးစားစဥ် ဗင်နီဇွဲလားနောက်ခံလူက သူ့ရဲ့ ညာခြေနဲ့အတူ မက်ဆီရဲ့ ဘယ်ဘက်ဒူးခေါင်းကို အပြင်းအထန်ထိခိုက်မိစေခဲ့တာဖြစ်ပါတယ်။

အလားတူဖျက်ထုတ်မှုတွေက ခြေထောက်ကျိုးသည်အထိ ဆိုးရွားနိုင်ပြီး မက်ဆီကတော့ ထပ်မံ ကံကောင်းခဲ့ပြန်ပါတယ်။

ဒိုင်လူကြီး မက်ဆီရဲ့ အခြေအနေကို စစ်ဆေးနေချိန် ဒီပေါလ် နှင့် အသင်းဖော်တွေက နံပါတ် ( ၆ ) ကို ရင်ဆိုင်တွေ့ကာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

အဲ့ဒီနောက် အာဂျင်တီနားအသင်းရဲ့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေဝင်လာပြီး လီယိုရဲ့ အခြေအနေကို စစ်ဆေးခဲ့ပါတယ်။

ကွင်းလယ်ဒိုင် Leodán González, က အစောပိုင်းမှာ ပြစ်ဒဏ်ကျူးလွန်သူကို အဝါကတ်သာ ပြခဲ့ပါတယ်။

တီဗီပေါ်က ပြန်လည်ပြသမှုမှာ ဖျက်ထုတ်မှုရဲ့ အသေးစိတ်အခြေကို မြင်တွေ့ခဲ့ရပြီး VAR တာဝန်ရှိသူတွေကလည်း ကွင်းလယ်ဒိုင်ကို ကွင်းဘေး မောနီတာမှာ ပြန်လည်စစ်ဆေးဖို့ သတိပေးခဲ့ပါတယ်။

ဒိုင်လူကြီးအတွက် ဆုံးဖြတ်ချက်ချဖို့ အချိန်သိပ်မယူခဲ့ရပဲ နောက်ခံလူကို ချက်ချင်း အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

မက်ဆီဟာ ကလပ်အသင်းနဲ့ မိနစ်အနည်းငယ်သာ ကစားထားသေးပေမယ့် နည်းပြ စကာလိုနီကတော့ တိုက်စစ်မှူးကို မိနစ် ( ၉၀ ) ပြည့် အသုံးပြုခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ဆာပေါ်လိုမှာ ဘရာဇီးအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi





