
Photo Credit
Photo Credit
လီဗာပူးအသင်းအတွက် အကြီးမားဆုံးထိုးနှက်ချက်အဖြစ် အားထားရသည့်ကွင်းလယ်လူ ဖာဘင်ညိုမှာ နာပိုလီနှင့် သရေကျခဲ့သောချန်ပီယံလိဂ်ပွဲတွင် ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယခုနှစ်ကုန်အထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသား ဖာဘင်ညိုသည် ပွဲအစ ၁၈ မိနစ်အကြာ၌ပင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲအပြီးတွင် ခြေကျင်းဝတ်တွင် အကာများဖြင့် အုပ်ထားသည်ကို တွေ့မြင်ခဲ့ရသည်။
Photo Credit
ဖာဘင်ညို ဒဏ်ရာရရှိသည့်သတင်းက လီဗာပူးအတွက် အကြီးမားဆုံးထိုးနှက်ချက်ဖြစ်လာပြီး အသင်းမှာ လက်ရှိအချိန်တွင် ၄၃ရက်အတွင်း ၁၄ပွဲကစားရသည့်ကာလကို ဖြတ်သန်းနေရကာ လက်ရှိအချိန်မှ ဒီဇင်ဘာလကုန်အထိ ၁၀ပွဲကစားရမည်ဖြစ်သည်။
Photo Credit
”ဖာဘင်ညိုဟာ နာပိုလီနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာရရှိခဲ့တာပါ။ သူဟာ အဲဒီပွဲမှာ အကျမတော်ဖြစ်ခဲ့ရလို့ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ၁၈ မိနစ်မှာပဲ လူစားလဲလိုက်ရပါတယ်။ အသေးစိတ်စစ်ဆေးချက်တွေအရ သူ့အနေနဲ့ နှစ်သစ်ကူးကာလအထိ အနားယူရမှာဖြစ်ပါတယ်။ ဖာဘင်ညိုဟာ ကြံ့ခိုင်မှုအပြည့်ပြန်ရလာဖို့ အသင်းရဲ့ဆေးအဖွဲ့နဲ့အတူ မဲလ်ဝုဒ်မှာ အစီအစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာပါ”ဟု လီဗာပူးက ထုတ်ပြန်ကြေညာခဲ့သည်။
Photo Credit
”ဖာဘင်ညို ဒဏ်ရာရသွားတာက ကျွန်တော်တို့အသင်းအတွက် တကယ့်ကိုသတင်းဆိုးပါပဲ။ သူဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာ အတိအကျမသိသေးပေမယ့် အနည်းဆုံး ခရစ္စမတ်ပွဲစဉ်တွေမှာတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း သူ့နေရာမှာ အစားထိုးနိုင်ပါတယ်။ ဝီနယ်လ်ဒမ်းနဲ့ ဟန်ဒါဆန်တို့ရှိနေပါတယ်”ဟု နည်းပြကလော့ပ်က ပြောကြားခဲ့သည်။
Photo Credit
Zawgyi
ေျခက်င္း၀တ္အရြတ္ေၾကာဒဏ္ရာေၾကာင့္ ယခုႏွစ္ကုန္အထိ ဖာဘင္ညိဳ အနားယူရေတာ့မည္
လီဗာပူးအသင္းအတြက္ အႀကီးမားဆုံးထုိးႏွက္ခ်က္အျဖစ္ အားထားရသည့္ကြင္းလယ္လူ ဖာဘင္ညိဳမွာ နာပိုလီႏွင့္ သေရက်ခဲ့ေသာခ်န္ပီယံလိဂ္ပြဲတြင္ ေျခက်င္း၀တ္အရြတ္ေၾကာဒဏ္ရာရရွိခဲ့ျခင္းေၾကာင့္ ယခုႏွစ္ကုန္အထိ အနားယူရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ ဘရာဇီးႏိုင္ငံသား ဖာဘင္ညိဳသည္ ပြဲအစ ၁၈ မိနစ္အၾကာ၌ပင္ ယင္းဒဏ္ရာရရွိခဲ့ျခင္းျဖစ္ၿပီး ပြဲအၿပီးတြင္ ေျခက်င္း၀တ္တြင္ အကာမ်ားျဖင့္ အုပ္ထားသည္ကို ေတြ႕ျမင္ခ့ဲရသည္။
ဖာဘင္ညိဳ ဒဏ္ရာရရွိသည့္သတင္းက လီဗာပူးအတြက္ အႀကီးမားဆုံးထိုးႏွက္ခ်က္ျဖစ္လာၿပီး အသင္းမွာ လက္ရွိအခ်ိန္တြင္ ၄၃ရက္အတြင္း ၁၄ပဲြကစားရသည့္ကာလကို ျဖတ္သန္းေနရကာ လက္ရွိအခ်ိန္မွ ဒီဇင္ဘာလကုန္အထိ ၁၀ပြဲကစားရမည္ျဖစ္သည္။
”ဖာဘင္ညိဳဟာ နာပိုလီနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ေျခက်င္း၀တ္အရြတ္ေၾကာဒဏ္ရာရရွိခဲ့တာပါ။ သူဟာ အဲဒီပြဲမွာ အက်မေတာ္ျဖစ္ခဲ့ရလုိ႔ ေျခက်င္း၀တ္ဒဏ္ရာရခဲ့တာျဖစ္ၿပီး ၁၈ မိနစ္မွာပဲ လူစားလဲလုိက္ရပါတယ္။ အေသးစိတ္စစ္ေဆးခ်က္ေတြအရ သူ႕အေနနဲ႔ ႏွစ္သစ္ကူးကာလအထိ အနားယူရမွာျဖစ္ပါတယ္။ ဖာဘင္ညိဳဟာ ႀကံ့ခုိင္မႈအျပည့္ျပန္ရလာဖို႔ အသင္းရဲ႕ေဆးအဖြဲ႕နဲ႔အတူ မဲလ္၀ုဒ္မွာ အစီအစဥ္ေတြအတုိင္း လုပ္ေဆာင္သြားမွာပါ”ဟု လီဗာပူးက ထုတ္ျပန္ေၾကညာခဲ့သည္။
”ဖာဘင္ညိဳ ဒဏ္ရာရသြားတာက ကၽြန္ေတာ္တို႔အသင္းအတြက္ တကယ့္ကိုသတင္းဆုိးပါပဲ။ သူဘယ္အခ်ိန္ျပန္ကစားႏိုင္မလဲဆုိတာ အတိအက်မသိေသးေပမယ့္ အနည္းဆုံး ခရစၥမတ္ပြဲစဥ္ေတြမွာေတာ့ ပါ၀င္ႏုိင္မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔လည္း သူ႕ေနရာမွာ အစားထုိးႏိုင္ပါတယ္။ ၀ီနယ္လ္ဒမ္းနဲ႔ ဟန္ဒါဆန္တုိ႔ရွိေနပါတယ္”ဟု နည္းျပကေလာ့ပ္က ေျပာၾကားခဲ့သည္။