ချဲလ်ဆီး နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဘက်ကူးပြောင်းလိုက်ရတဲ့ နာမည်ကြီးအေဂျက်စ်

Photo Credit

Photo Credit

ချန်ပီယံလိဂ်အုပ်စု H ကတော့ နောက်ဆုံးပွဲစဉ်မှာ မထင်မှတ်တာတွေဖြစ်ပေါ်ခဲ့ပြီး အနိမ့်ဆုံးသရေကစားနိုင်ရုံနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်မယ့် အေဂျက်စ်အသင်းက လာလီဂါကလပ် ဗလန်စီယာကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်သွားခဲ့လို့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာတော့ အိမ်ရှင်ချဲလ်ဆီးက လိုင်လီကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ဗလန်စီယာနဲ့အတူ ၁၆သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပေမယ့် ဗလန်စီယာနဲ့အမှတ်တူအနေအထားမှာ ထိပ်တိုက်တွေ့ဆုံမှုမှာ ဗလန်စီယာအသာရထားလို့ ချဲလ်ဆီးလည်း အုပ်စုဒုတိယပဲရရှိခဲ့ပါတယ်။

Photo Credit

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ဖို့ စက္ကန့်ပိုင်းအလိုအထိ နီးစပ်ခဲ့တဲ့ အေဂျက်စ်ဟာ နွေရာသီမှာလည်း ကြယ်ပွင့်တွေဖြစ်တဲ့ ဒီလစ်ဂျ်နဲ့ ဒီဂျောင်တို့ ထွက်ခွာသွားခဲ့ကြပြီး ချဲလ်ဆီးနဲ့ဗလန်စီယာတို့ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာတွေ၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၃ဂိုးပြတ်ဦးဆောင်နိုင်ပြီးမှ သရေကျခဲ့ရတာတွေက နစ်နာစရာဖြစ်ခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၂၄ မိနစ်မှာပဲ ဖာရန်တောရက်စ်ရဲ့လှပတဲ့ပေးပို့မှုကနေ တိုက်စစ်မှူး ရိုဒရီဂိုက ဗလန်စီယာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ မာတီနက်ဇ်နဲ့ ဇီယက်ချ်တို့ရဲ့ကန်သွင်းချက်တွေကို ဗလန်စီယာဂိုးသမား ဒိုမင်နက်ချ် ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်အေဂျက်စ်အသင်းလည်း အုပ်စုတတိယအဖြစ် ယူရိုပါလိဂ် ၃၂သင်းအဆင့်ကို ကူးပြောင်းသွားခဲ့ရပါတယ်။

Photo Credit

စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ချဲလ်ဆီးက တိုက်စစ်မှူးဟောင်း ရီမီရဲ့ဂိုးကြောင့် ပွဲပြီးခါနီးမှာ ပရိသတ်တွေ စိုးရိမ်ခဲ့ကြသေးပေမယ့် အနိုင်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့ပြီး လိုအပ်နေတဲ့နိုင်ပွဲရခဲ့ပါတယ်။

Photo Credit

ပွဲချိန် ၁၉ မိနစ်မှာ အေဘရာဟမ်က ဝီလျံရဲ့ဖြတ်တင်ဘောကနေ ပိတ်သွင်းကာ ယခုရာသီ သူ့ရဲ့၁၃ဂိုးမြောက်အဖြစ် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ နောက်ခံလူ အက်စ်ပီလီကျူတာက အီမာဆင်ရဲ့ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။

Photo Credit

Zawgyi


စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ပွဲမှာတော့ အိမ်ရှင်ချဲလ်ဆီးက လိုင်လီကို ၂-၁ ဂိုးနဲ့အနိုင်ယူပြီး ဗလန်စီယာနဲ့အတူ ၁၆သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပေမယ့် ဗလန်စီယာနဲ့အမှတ်တူအနေအထားမှာ ထိပ်တိုက်တွေ့ဆုံမှုမှာ ဗလန်စီယာအသာရထားလို့ ချဲလ်ဆီးလည်း အုပ်စုဒုတိယပဲရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ဖို့ စက္ကန့်ပိုင်းအလိုအထိ နီးစပ်ခဲ့တဲ့ အေဂျက်စ်ဟာ နွေရာသီမှာလည်း ကြယ်ပွင့်တွေဖြစ်တဲ့ ဒီလစ်ဂ်ျနဲ့ ဒီဂျောင်တို့ ထွက်ခွာသွားခဲ့ကြပြီး ချဲလ်ဆီးနဲ့ဗလန်စီယာတို့ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာတွေ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကို ၃ဂိုးပြတ်ဦးဆောင်နိုင်ပြီးမှ သရေကျခဲ့ရတာတွေက နစ်နာစရာဖြစ်ခဲ့ပါတယ်။
ပွဲချိန် ၂၄ မိနစ်မှာပဲ ဖာရန်တောရက်စ်ရဲ့လှပတဲ့ပေးပို့မှုကနေ တိုက်စစ်မှူး ရိုဒရီဂိုက ဗလန်စီယာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ မာတီနက်ဇ်နဲ့ ဇီယက်ခ်ျတို့ရဲ့ကန်သွင်းချက်တွေကို ဗလန်စီယာဂိုးသမား ဒိုမင်နက်ခ်ျ ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်အေဂျက်စ်အသင်းလည်း အုပ်စုတတိယအဖြစ် ယူရိုပါလိဂ် ၃၂သင်းအဆင့်ကို ကူးပြောင်းသွားခဲ့ရပါတယ်။
စတမ်းဖို့ဒ်ဘရစ်ခ်ျမှာတော့ ချဲလ်ဆီးက တိုက်စစ်မှူးဟောင်း ရီမီရဲ့ဂိုးကြောင့် ပွဲပြီးခါနီးမှာ ပရိသတ်တွေ စိုးရိမ်ခဲ့ကြသေးပေမယ့် အနိုင်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့ပြီး လိုအပ်နေတဲ့နိုင်ပွဲရခဲ့ပါတယ်။