ချဲလ်ဆီး၊ပီအက်စ်ဂျီနဲ့မန်စီးတီးတို့ကို အဝေးကွင်းအနိုင်ယူ………အသင်းကြီးတွေကိုမကြောက်တဲ့ဆိုးလ်ရှားရဲ့မန်ယူ

photo-gettyimages

photo-gettyimages

မာရှယ်နဲ့မက်ဂွိုင်းယားတို့ရဲ့ခေါင်းတိုက်ဂိုးတွေနဲ့အတူ မန်ယူဟာ ချဲလ်ဆီးအိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ အရေးပါတဲ့နိုင်ပွဲရရှိသွားခဲ့တာ အားလုံးအသိပါပဲ။ တကယ်တော့ မန်ယူဟာ ဆိုးလ်ရှားကိုင်တွယ်ပြီးကတည်းက အသင်းကြီးအဝေးကွင်းပွဲတွေမှာ အထူးကို ရလဒ်ကောင်းမွန်ခဲ့တာပါ။ စပါးကွင်းမှာ နိုင်ခဲ့တယ်။ အာဆင်နယ်ကွင်းမှာ နိုင်ခဲ့တယ်။ ပီအက်စ်ဂျီကွင်းမှာနိုင်ခဲ့တယ်။ မန်စီးတီးကွင်းမှ ၂ ကြိမ်နိုင်ခဲ့တယ်။ အခုချဲလ်ဆီးအိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာဆိုရင် ၃ ကြိမ်တောင်နိုင်ခဲ့တာပါ။

photo-gettyimages

ဒါကြောင့်လည်း ဆိုးလ်ရှားလက်ထက် မန်ယူဟာ ပြိုင်ဘက်အသင်းကြီးတိုင်းရဲ့သတိထားစရာ ဖြစ်လာပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားရဲ့မန်ယူဟာ ဇယားထိပ်က အမှတ်ဖြတ်ဦးဆောင်နေတဲ့လီဗာပူးကို သရေကစားနိုင်ခဲ့တဲ့ ဒီရာသီရဲ့တစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်လည်း ဖြစ်ပါတယ်။ လောလောဆယ်တော့ ချဲလ်ဆီးကို အနိုင်ရမှုကြောင့် အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာတက်လှမ်းလာပြီး အဆင့် ၅ နေရာက စပါးနဲ့ ၂ မှတ်၊ အဆင့် ၄ နေရာက ချဲလ်ဆီး ၃ မှတ်အကွာ ဖြစ်လာပါတယ်။ ဒါကြောင့် ပွဲကြီးတိုးမှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်ထိပ်ဆုံး ၄ နေရာအတွင်း ရပ်တည်နိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်။

photo-gettyimages

ဆိုးလ်ရှားလက်လက် အသင်းကြီးအချင်းချင်းအဝေးကွင်းအနိုင်ရလဒ်များ

မန်စီးတီး ၁-၂ မန်ယူ (ပရီးမီးယားလိဂ် ၁၉/၂၀)

မန်စီးတီး ဝ-၁ မန်ယူ (လိဂ်ဖလား ၁၉/၂၀)

ချဲလ်ဆီး ဝ-၂ မန်ယူ (ပရီးမီးယားလိဂ် ၁၉/၂၀)

ချဲလ်ဆီး ၁-၂ မန်ယူ (လိဂ်ဖလား ၁၉/၂၀)

ချဲလ်ဆီး ဝ-၂ မန်ယူ (အက်ဖ်ဖလား ၁၈/၁၉)

ပီအက်စ်ဂျီ ၁-၃ မန်ယူ (ချန်ပီယံလိဂ် ၁၈/၁၉)

စပါး ဝ-၁ မန်ယူ (ပရီးမီးယားလိဂ် ၁၈/၁၉)

[Zawgyi]

ခ်ဲလ္ဆီး၊ပီအက္စ္ဂ်ီနဲ႔မန္စီးတီးတို႔ကို အေ၀းကြင္းအႏိုင္ယူ………အသင္းႀကီးေတြကိုမေၾကာက္တဲ့ဆိုးလ္ရွားရဲ႕မန္ယူ

မာရွယ္နဲ႔မက္ဂြိဳင္းယားတုိ႔ရဲ႕ေခါင္းတိုက္ဂိုးေတြနဲ႔အတူ မန္ယူဟာ ခ်ဲလ္ဆီးအိမ္ကြင္းစတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အေရးပါတဲ့ႏိုင္ပြဲရရွိသြားခဲ့တာ အားလုံးအသိပါပဲ။ တကယ္ေတာ့ မန္ယူဟာ ဆုိးလ္ရွားကိုင္တြယ္ၿပီးကတည္းက အသင္းႀကီးအေ၀းကြင္းပြဲေတြမွာ အထူးကို ရလဒ္ေကာင္းမြန္ခဲ့တာပါ။ စပါးကြင္းမွာ ႏိုင္ခဲ့တယ္။ အာဆင္နယ္ကြင္းမွာ ႏိုင္ခဲ့တယ္။ ပီအက္စ္ဂ်ီကြင္းမွာႏိုင္ခဲ့တယ္။ မန္စီးတီးကြင္းမွ ၂ ႀကိမ္ႏိုင္ခဲ့တယ္။ အခုခ်ဲလ္ဆီးအိမ္ကြင္းစတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာဆုိရင္ ၃ ႀကိမ္ေတာင္ႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း ဆိုးလ္ရွားလက္ထက္ မန္ယူဟာ ၿပိဳင္ဘက္အသင္းႀကီးတိုင္းရဲ႕သတိထားစရာ ျဖစ္လာပါတယ္။ ဒါ့အျပင္ ဆုိးလ္ရွားရဲ႕မန္ယူဟာ ဇယားထိပ္က အမွတ္ျဖတ္ဦးေဆာင္ေနတဲ့လီဗာပူးကို သေရကစားႏိုင္ခဲ့တဲ့ ဒီရာသီရဲ႕တစ္သင္းတည္းေသာပရီးမီးယားလိဂ္ကလပ္လည္း ျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ ခ်ဲလ္ဆီးကို အႏိုင္ရမႈေၾကာင့္ အမွတ္ေပးဇယားမွာ အဆင့္ ၇ ေနရာတက္လွမ္းလာၿပီး အဆင့္ ၅ ေနရာက စပါးနဲ႔ ၂ မွတ္၊ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီး ၃ မွတ္အကြာ ျဖစ္လာပါတယ္။ ဒါေၾကာင့္ ပြဲႀကီးတိုးမႈနဲ႔အတူ ခ်န္ပီယံလိဂ္၀င္ခြင့္ရမယ့္ထိပ္ဆံုး ၄ ေနရာအတြင္း ရပ္တည္ႏိုင္မလားဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မယ္။

ဆိုးလ္ရွားလက္လက္ အသင္းႀကီးအခ်င္းခ်င္းအေ၀းကြင္းအႏိုင္ရလဒ္မ်ား

မန္စီးတီး ၁-၂ မန္ယူ (ပရီးမီးယားလိဂ္ ၁၉/၂၀)

မန္စီးတီး ၀-၁ မန္ယူ (လိဂ္ဖလား ၁၉/၂၀)

ခ်ဲလ္ဆီး ၀-၂ မန္ယူ (ပရီးမီးယားလိဂ္ ၁၉/၂၀)

ခ်ဲလ္ဆီး ၁-၂ မန္ယူ (လိဂ္ဖလား ၁၉/၂၀)

ခ်ဲလ္ဆီး ၀-၂ မန္ယူ (အက္ဖ္ဖလား ၁၈/၁၉)

ပီအက္စ္ဂ်ီ ၁-၃ မန္ယူ (ခ်န္ပီယံလိဂ္ ၁၈/၁၉)

စပါး ၀-၁ မန္ယူ (ပရီးမီးယားလိဂ္ ၁၈/၁၉)