ချဲလ်ဆီးအသင်းအတွက် ၁၉ဂိုးအထိ တိုက်ရိုက်ပတ်သတ်ထားတဲ့ တီမိုဝါနာက အနူတောမှာ လူချောဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိုင်ဗ်ဇစ် အသင်းကနေ ပြောင်းလာပြီးတော့ ချဲလ်ဆီးအသင်းရှေ့တန်းမှာ ထင်သလောက် ဂိုးတွေမသွင်းနိုင်သေးတဲ့ တီမိုဝါနာ ကိုဝေဖန်မှုတွေရှိနေပေမယ့် စာရင်းဇယား မှတ်တမ်းတွေအရ သူက အဆိုးဆုံးတိုက်စစ်မှုးတော့ မဟုတ်ပါဘူး။

အချက်အလက်တွေအရ တီမိုဝါနာဟာ ချဲလ်ဆီးအသင်းမှာရှိတဲ့ ကစားသမားတွေအားလုံးထက် ဂိုးပါဝင်ပတ်သတ်မှုနှုန်းဟာ အများဆုံးဖြစ်နေပါတယ်။

သူဟာ ဒီရာသီမှာချဲလ်ဆီးအသင်းအတွက် ၁၉ ဂိုး တိုက်ရိုက်ပါဝင်ပတ်သတ်ခဲ့ပြီး ကျန်တဲ့ ချဲလ်ဆီးကစားသမားတွေ အားလုံးထက် အများဆုံးဖြစ်နေတာပါဘဲ။

သူကိုယ်တိုင် ၁၀ဂိုး သွင်းယူထားပြီး ကစားဖော်တွေအတွက် ၉ဂိုး ဖန်တီးပေးထားတဲ့ တီမိုဝါနာ ဟာ အသင်းကို စရောက်ကတည်းက လိုင်ဗ်ဇစ်အသင်းမှာပြသခဲ့တဲ့ ခြေစွမ်းမျိုး မပြသနိုင်တော့ဘူးလို့ ပရိသတ်တွေက ဝေဖန်နေခဲ့ကြတာပါ။


လိုင်ဗ်ဇစ် အသင်းမှာတုန်းက အဓိက တိုက်စစ်မှုးဖြစ်ခဲ့သလို ဘွန်ဒက်စ်လီဂါမှာလည်း ဂိုးသွင်းအားကောင်းခဲ့တဲ့ သူ့ကို ချဲလ်ဆီး ပရိသတ်တွေက အများကြီးမျှော်လင့်ထားခဲ့ကြပေမယ့် နည်းပြဟောင်း လမ်းပတ်လက်ထက်မှာ သူက ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။


အသင်းရဲ့ ကျောနံပါတ် ၉ ကို ပေးထားခဲ့ပေမယ့် ဝါနာဟာ နံပါတ် ၉နဲ့ ထိုက်တန်တဲ့သွင်းဂိုးမျိုး မပြသနိုင်ခဲ့တာကြောင့် သူနဲ့ အတူ ဂျာမနီကနေ ပြောင်းရွေ့လာတဲ့ ကစားသမား ဟားဗတ်စ် နဲ့ အတူ ဝေဖန်မှုတွေကို အတော်လေးခံခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းမှာ ဝါနာအပြင် တခြားတိုက်စစ်မှုးတွေဖြစ်တဲ့ ဂီရောက်ဒ့် ၊ အေဗရာဟမ်၊ မေဆင်မောင့် တို့လို တိုက်စစ်မှုးတွေလည်း ရှိနေတာကြောင့် လက်ရှိနည်းပြ တူချယ်အနေနဲ့ ရွေးချယ်စရာတွေ အများအပြားရှိတယ်လို့ ဘောလုံးပွဲတွေသုံးသပ်တဲ့ မော်ရစ်ဆင် ကပြောကြားထားပါတယ်။ မော်ရစ်ဆင်က “ဝါနာရဲ့အနေအထားကို ကြည့်မယ်ဆိုရင် နည်းပြ တူချယ်ဘယ်လောက် စိတ်ရှည်မလဲဆိုတာဘဲ ကြည့်ရမှာပါ။

ချဲလ်ဆီးတိုက်စစ်မှာ တခြားတိုက်စစ်မှုးတွေလည်းအများကြီးပါဘဲ ။ အေဗရာဟမ်ဆိုရင် FA ဖလားမှာ ချဲလ်ဆီးအတွက် ဂိုးအများဆုံးသွင်းပေးထားတဲ့ လူငယ်တိုက်စစ်မှုးတစ်ဦးပါ။

နောက်ပြီး ဂီရောက်ဒ့်ဆိုရင်လည်း အတွေ့အကြုံရှိတဲ့ တိုက်စစ်မှုးတစ်ဦးပါဘဲ။ တူချယ်အနေနဲ့ ဝါနာအပေါ် ဘယ်လောက်ထိ စိတ်ရှည်ပြီး နေရာပေးအချိန်ပေးပြီးသုံးမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။ ဂိုးတွေအများကြီး မသွင်းနိုင်ဘူးဆိုတိုင်း ကျွန်တော်တို့ သူ့ကို အပြစ်တင်နေလို့ မရပါဘူး ။

သူက ချဲလ်ဆီးအသင်းမှာ အသားကျဖို့အချိန်လိုနေတာလည်း ဖြစ်နိုင်ပါတယ် ” လို့ ပြောကြားသွားပါတယ်။

တီမိုဝါနာဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတုန်းကလည်း ကစားဖော် ဇီယက်ချ် ဂိုးသွင်းနိုင်ဖို့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါမေယ့် ဒီနှစ်ချဲလ်ဆီးရှေ့တန်းက ဂိုးသွင်းနူန်းက အားရစရာမကောင်းတာကြောင့် လာမယ့်နွေဈေးကွက်မှာ နောက်ထပ်တိုက်စစ်မှုးတစ်ဦး ထပ်ခေါ်ဖို့လည်း သတင်းတွေ ထွက်နေပါတယ်။

နည်းပြတူချယ် အနေနဲ့ သူနဲ့ တစ်နိုင်ငံသားဖြစ်နေတဲ့ ဂျာမနီတိုက်စစ်မှုးဝါနာကို ဘယ်လောက်ထိ အချိန်ပေးယုံကြည်ပြီး နေရာပေးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးအသင္းအတြက္ ၁၉ဂိုးအထိ တိုက္႐ိုက္ပတ္သတ္ထားတဲ့ တီမိုဝါနာက အႏူေတာမွာ လူေခ်ာျဖစ္ေန

လိုင္ဗ္ဇစ္ အသင္းကေန ေျပာင္းလာၿပီးေတာ့ ခ်ဲလ္ဆီးအသင္းေရွ႕တန္းမွာ ထင္သေလာက္ ဂိုးေတြမသြင္းႏိုင္ေသးတဲ့ တီမိုဝါနာ ကိုေဝဖန္မႈေတြရွိေနေပမယ့္ စာရင္းဇယား မွတ္တမ္းေတြအရ သူက အဆိုးဆုံးတိုက္စစ္မႈးေတာ့ မဟုတ္ပါဘူး။
အခ်က္အလက္ေတြအရ တီမိုဝါနာဟာ ခ်ဲလ္ဆီးအသင္းမွာရွိတဲ့ ကစားသမားေတြအားလုံးထက္ ဂိုးပါဝင္ပတ္သတ္မႈႏႈန္းဟာ အမ်ားဆုံးျဖစ္ေနပါတယ္။ သူဟာ ဒီရာသီမွာခ်ဲလ္ဆီးအသင္းအတြက္ ၁၉ ဂိုး တိုက္႐ိုက္ပါဝင္ပတ္သတ္ခဲ့ၿပီး က်န္တဲ့ ခ်ဲလ္ဆီးကစားသမားေတြ အားလုံးထက္ အမ်ားဆုံးျဖစ္ေနတာပါဘဲ။

သူကိုယ္တိုင္ ၁၀ဂိုး သြင္းယူထားၿပီး ကစားေဖာ္ေတြအတြက္ ၉ဂိုး ဖန္တီးေပးထားတဲ့ တီမိုဝါနာ ဟာ အသင္းကို စေရာက္ကတည္းက လိုင္ဗ္ဇစ္အသင္းမွာျပသခဲ့တဲ့ ေျခစြမ္းမ်ိဳး မျပသႏိုင္ေတာ့ဘူးလို႔ ပရိသတ္ေတြက ေဝဖန္ေနခဲ့ၾကတာပါ။
လိုင္ဗ္ဇစ္ အသင္းမွာတုန္းက အဓိက တိုက္စစ္မႈးျဖစ္ခဲ့သလို ဘြန္ဒက္စ္လီဂါမွာလည္း ဂိုးသြင္းအားေကာင္းခဲ့တဲ့ သူ႔ကို ခ်ဲလ္ဆီး ပရိသတ္ေတြက အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့ၾကေပမယ့္ နည္းျပေဟာင္း လမ္းပတ္လက္ထက္မွာ သူက ထင္သေလာက္ ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။
အသင္းရဲ႕ ေက်ာနံပါတ္ ၉ ကို ေပးထားခဲ့ေပမယ့္ ဝါနာဟာ နံပါတ္ ၉နဲ႔ ထိုက္တန္တဲ့သြင္းဂိုးမ်ိဳး မျပသႏိုင္ခဲ့တာေၾကာင့္ သူနဲ႔ အတူ ဂ်ာမနီကေန ေျပာင္းေ႐ြ႕လာတဲ့ ကစားသမား ဟားဗတ္စ္ နဲ႔ အတူ ေဝဖန္မႈေတြကို အေတာ္ေလးခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းမွာ ဝါနာအျပင္ တျခားတိုက္စစ္မႈးေတြျဖစ္တဲ့ ဂီေရာက္ဒ့္ ၊ ေအဗရာဟမ္၊ ေမဆင္ေမာင့္ တို႔လို တိုက္စစ္မႈးေတြလည္း ရွိေနတာေၾကာင့္ လက္ရွိနည္းျပ တူခ်ယ္အေနနဲ႔ ေ႐ြးခ်ယ္စရာေတြ အမ်ားအျပားရွိတယ္လို႔ ေဘာလုံးပြဲေတြသုံးသပ္တဲ့
ေမာ္ရစ္ဆင္ ကေျပာၾကားထားပါတယ္။ ေမာ္ရစ္ဆင္က “ဝါနာရဲ႕အေနအထားကို ၾကည့္မယ္ဆိုရင္ နည္းျပ တူခ်ယ္ဘယ္ေလာက္ စိတ္ရွည္မလဲဆိုတာဘဲ ၾကည့္ရမွာပါ။ ခ်ဲလ္ဆီးတိုက္စစ္မွာ တျခားတိုက္စစ္မႈးေတြလည္းအမ်ားႀကီးပါဘဲ ။ ေအဗရာဟမ္ဆိုရင္ FA ဖလားမွာ ခ်ဲလ္ဆီးအတြက္ ဂိုးအမ်ားဆုံးသြင္းေပးထားတဲ့ လူငယ္တိုက္စစ္မႈးတစ္ဦးပါ။ ေနာက္ၿပီး ဂီေရာက္ဒ့္ဆိုရင္လည္း အေတြ႕အႀကဳံရွိတဲ့ တိုက္စစ္မႈးတစ္ဦးပါဘဲ။ တူခ်ယ္အေနနဲ႔ ဝါနာအေပၚ ဘယ္ေလာက္ထိ စိတ္ရွည္ၿပီး ေနရာေပးအခ်ိန္ေပးၿပီးသုံးမလဲဆိုတာ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာဘဲ ျဖစ္ပါတယ္။ ဂိုးေတြအမ်ားႀကီး မသြင္းႏိုင္ဘူးဆိုတိုင္း ကြၽန္ေတာ္တို႔ သူ႔ကို အျပစ္တင္ေနလို႔ မရပါဘူး ။ သူက ခ်ဲလ္ဆီးအသင္းမွာ အသားက်ဖို႔အခ်ိန္လိုေနတာလည္း ျဖစ္ႏိုင္ပါတယ္ ” လို႔ ေျပာၾကားသြားပါတယ္။

တီမိုဝါနာဟာ ၿပီးခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ FA ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာတုန္းကလည္း ကစားေဖာ္ ဇီယက္ခ်္ ဂိုးသြင္းႏိုင္ဖို႔ ဂိုးဖန္တီးမႈ တစ္ႀကိမ္ျပဳလုပ္ေပးခဲ့ပါေသးတယ္။ ဒါေမယ့္ ဒီႏွစ္ခ်ဲလ္ဆီးေရွ႕တန္းက ဂိုးသြင္းႏူန္းက အားရစရာမေကာင္းတာေၾကာင့္ လာမယ့္ေႏြေဈးကြက္မွာ ေနာက္ထပ္တိုက္စစ္မႈးတစ္ဦး ထပ္ေခၚဖို႔လည္း သတင္းေတြ ထြက္ေနပါတယ္။ နည္းျပတူခ်ယ္ အေနနဲ႔ သူနဲ႔ တစ္ႏိုင္ငံသားျဖစ္ေနတဲ့ ဂ်ာမနီတိုက္စစ္မႈးဝါနာကို ဘယ္ေလာက္ထိ အခ်ိန္ေပးယုံၾကည္ၿပီး ေနရာေပးမလဲဆိုတာ စိတ္ဝင္တစားေစာင့္ၾကည့္ရမွာပါ။