ချဲလ်ဆီးအသင်းရဲ နှစ်ချို့ဝိုင် ( သို့ ) အိုလီဗီယာ ဂျီရူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးဟာ အပြောင်းအရွေ့ စျေးကွက်ကနေ အကျိုးအမြတ်ရလေ့ရှိတဲ့ အသင်းတစ်သင်း မဟုတ်ပါဘူး။ ဒါပေမယ့် အိုလီဗီယာ ဂျီရူးက ပေါင် ( ၁၈ ) သန်းနဲ့ လုံးဝ ထိုက်တန်မှု ရှိတယ်ဆိုတာ သက်သေပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ( ၃ ) နှစ်ကျော်က ချဲလ်ဆီးအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဂျီရူးဟာ ပရီးမီးယားလိဂ်ရဲ့ အသိအမှတ်ပြုခံရမှု အနည်းဆုံးကစားသမားတွေ ထဲက တစ်ဦးဖြစ်ပြီး အာဆယ်နယ်အသင်းရဲ့ အူဘာမီယန်းလောက် ပရိသတ်အားပေးမှုမရရှိခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် ပြင်သစ်တိုက်စစ်မှူးဟာ သာမာန်ကစားသမား တစ်ဦးထက်ပိုမို‌ စွမ်းဆောင်နိုင်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့ညက အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ( ၁၆ ) သင်းအဆင့်ပွဲစဥ်မှာ ထပ်မံ သက်သေပြခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးက ဂျီရူးရဲ့ ကစားသမားဘဝအတွက် အမှတ်ရစရာ ဖြစ်ခဲ့ပြီး အသင်းအတွက် အရေးကြီးတဲ့ သွင်းဂိုးလိုအပ်နေချိန်မှာ ကူညီပေးဖို့ အမြဲအသင့်ရှိနေသူဆိုတာ ထပ်မံတွေ့မြင်ခဲ့ရပါတယ်။

“ ချဲလ်ဆီးကစားသမားဘဝ နောက်ဆုံး ( ၁၈ ) လအတွင်းမှာ အနှစ်သက်ဆုံး ကစားသမားက ဘယ်သူလဲ” လို့ ဟာဇက် ကို မေးကြည့်ပါ။ သေချာပေါက် ဂျီရူးလို့ ဖြေပါလိမ့်မယ်။ ( ၂၀၁၉ ) ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားက ဂျီရူးပါ။ ဟာဇက်မဟုတ်ပါဘူး ။ အဆိုပါ ပြိုင်ပွဲတစ်လျှောက် ( ၁၁ ) ဂိုး သွင်းယူခဲ့ပြီး ပင်နယ်တီ သွင်းဂိုးတစ်ဂိုးပဲ ပါဝင်ပါတယ်။

ဒါ့အပြင် အာဆင်နယ် အသင်းကို ဖိုင်နယ်ပို့ဆောင်ပေးခဲ့တဲ့ အူဘာမီယန်းထက် ( ၃ ) ဂိုးပိုများပါတယ်။ ဝေဖန်သူတွေက ဂျီရူးအနေနဲ့ အဆိုပါ ပွဲစဥ်တစ်လျှောက် အားနည်းတဲ့ ပြိုင်ဘက်တွေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံရာမှာ ရုန်းကန်ရလေ့ရှိတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ဂျီရူးက အဆိုပါ အချက်ကို ကမ္ဘာ့ဖလားအပါအဝင် အခြားသော ပြိုင်ပွဲတွေမှာလည်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာလုနီးပါးဖြစ်ခဲ့တဲ့ ဂျီရူးဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး( ၁၀ ) ပွဲမှာ ( ၇ ) ဂိုး သွင်းယူပြီး ချဲလ်ဆီးအသင်းကို အဆင့် ( ၄ ) အတွင်းဝင်ရောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ သွင်းဂိုးရယူပြီး ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့ပါတယ်။

ချဲလ်ဆီး မန်နေဂျာတွေဖြစ်တဲ့ ကွန်တီ ၊ ဆာရီ ၊ လမ်းပတ် နှင့် လက်ရှိ တူချယ်တို့ဟာ အခြားသောတိုက်စစ်မှူးတွေကို ဦးစားပေး အသုံးပြုလေ့ရှိပြီး အကူအညီ လိုအပ်ချိန်မှသာ ဂျီရူးကို အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် ဂျီရူးကတော့ အားလျော့ စိတ်ပျက်ခြင်းမရှိပဲ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဆီဗီလာအသင်းကို ( ၄ ) ဂိုးသွင်းယူပြီး အဆိုပါ ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဆိုတာ သက်သေ ပြသွားခဲ့ပါတယ်။

အသက် ( ၃၄ ) နှစ်အရွယ် တိုက်စစ်မှူးဟာ နှစ်ချို့ ပြင်သစ်ဝိုင်လိုပဲ အသက်နဲ့ အမျှ ပိုပြီးကောင်းမွန်လာကြောင်း ဖရန့်လမ်းပတ်က ပြောဆိုခဲ့ဖူးပါတယ်။ ပြောင်းရွေ့ကြေး နှင့် ငွေကြေး ဖောင်းပွမှုတွေကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် ( ၁၈ ) သန်းကို ဂျီရူးရဲ့ အပြောင်းအ‌ေရွ့မှာ အသုံးပြုခဲ့တာထက် ပိုပြီး အကျိုးရှိအောင် စွမ်းဆောင်နိုင်တော့မယ်လို့ မထင်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ဲလ္ဆီးအသင္းရဲ ႏွစ္ခ်ိဳ႕ဝိုင္ ( သို႔ ) အိုလီဗီယာ ဂ်ီ႐ူး

ခ်ဲလ္ဆီးဟာ အေျပာင္းအေ႐ြ႕ ေစ်းကြက္ကေန အက်ိဳးအျမတ္ရေလ့ရွိတဲ့ အသင္းတစ္သင္း မဟုတ္ပါဘူး။ ဒါေပမယ့္ အိုလီဗီယာ ဂ်ီ႐ူးက ေပါင္ ( ၁၈ ) သန္းနဲ႔ လုံးဝ ထိုက္တန္မႈ ရွိတယ္ဆိုတာ သက္ေသျပသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ( ၃ ) ႏွစ္ေက်ာ္က ခ်ဲလ္ဆီးအသင္းထံ ေရာက္ရွိလာခဲ့တဲ့ ဂ်ီ႐ူးဟာ ပရီးမီးယားလိဂ္ရဲ႕ အသိအမွတ္ျပဳခံရမႈ အနည္းဆုံးကစားသမားေတြ ထဲက တစ္ဦးျဖစ္ၿပီး အာဆယ္နယ္အသင္းရဲ႕ အူဘာမီယန္းေလာက္ ပရိသတ္အားေပးမႈမရရွိခဲ့တာ ေတြ႕ရပါတယ္။

ဒါေပမယ့္ ျပင္သစ္တိုက္စစ္မႉးဟာ သာမာန္ကစားသမား တစ္ဦးထက္ပိုမို‌ စြမ္းေဆာင္ႏိုင္ေၾကာင္း ၿပီးခဲ့တဲ့ အဂၤါေန႔ညက အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ( ၁၆ ) သင္းအဆင့္ပြဲစဥ္မွာ ထပ္မံ သက္ေသျပခဲ့ပါတယ္။ အဆိုပါ သြင္းဂိုးက ဂ်ီ႐ူးရဲ႕ ကစားသမားဘဝအတြက္ အမွတ္ရစရာ ျဖစ္ခဲ့ၿပီး အသင္းအတြက္ အေရးႀကီးတဲ့ သြင္းဂိုးလိုအပ္ေနခ်ိန္မွာ ကူညီေပးဖို႔ အၿမဲအသင့္ရွိေနသူဆိုတာ ထပ္မံေတြ႕ျမင္ခဲ့ရပါတယ္။

“ ခ်ဲလ္ဆီးကစားသမားဘဝ ေနာက္ဆုံး ( ၁၈ ) လအတြင္းမွာ အႏွစ္သက္ဆုံး ကစားသမားက ဘယ္သူလဲ” လို႔ ဟာဇက္ ကို ေမးၾကည့္ပါ။ ေသခ်ာေပါက္ ဂ်ီ႐ူးလို႔ ေျဖပါလိမ့္မယ္။ ( ၂၀၁၉ ) ယူ႐ိုပါလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအတြက္ သြင္းဂိုးအမ်ားဆုံး ကစားသမားက ဂ်ီ႐ူးပါ။ ဟာဇက္မဟုတ္ပါဘူး ။ အဆိုပါ ၿပိဳင္ပြဲတစ္ေလွ်ာက္ ( ၁၁ ) ဂိုး သြင္းယူခဲ့ၿပီး ပင္နယ္တီ သြင္းဂိုးတစ္ဂိုးပဲ ပါဝင္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္ အသင္းကို ဖိုင္နယ္ပို႔ေဆာင္ေပးခဲ့တဲ့ အူဘာမီယန္းထက္ ( ၃ ) ဂိုးပိုမ်ားပါတယ္။  ေဝဖန္သူေတြက ဂ်ီ႐ူးအေနနဲ႔ အဆိုပါ ပြဲစဥ္တစ္ေလွ်ာက္ အားနည္းတဲ့ ၿပိဳင္ဘက္ေတြနဲ႔သာ ရင္ဆိုင္ခဲ့ရၿပီး ထိပ္တန္းအသင္းေတြနဲ႔ ေတြ႕ဆုံရာမွာ ႐ုန္းကန္ရေလ့ရွိတယ္လို႔ ေထာက္ျပခဲ့ၾကပါတယ္။ ဒါေပမယ့္ ဂ်ီ႐ူးက အဆိုပါ အခ်က္ကို ကမာၻ႔ဖလားအပါအဝင္ အျခားေသာ ၿပိဳင္ပြဲေတြမွာလည္း သက္ေသျပခဲ့ၿပီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာလုနီးပါးျဖစ္ခဲ့တဲ့ ဂ်ီ႐ူးဟာ ၿပီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ္ ေနာက္ဆုံး( ၁၀ ) ပြဲမွာ ( ၇ ) ဂိုး သြင္းယူၿပီး ခ်ဲလ္ဆီးအသင္းကို အဆင့္ ( ၄ ) အတြင္းဝင္ေရာက္ႏိုင္ဖို႔ ကူညီေပးခဲ့ပါတယ္။ ဒါ့အျပင္ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ သြင္းဂိုးရယူၿပီး ဗိုလ္လုပြဲ ပို႔ေဆာင္ေပးခဲ့ပါတယ္။ ခ်ဲလ္ဆီး မန္ေနဂ်ာေတြျဖစ္တဲ့ ကြန္တီ ၊ ဆာရီ ၊ လမ္းပတ္ ႏွင့္ လက္ရွိ တူခ်ယ္တို႔ဟာ အျခားေသာတိုက္စစ္မႉးေတြကို ဦးစားေပး အသုံးျပဳေလ့ရွိၿပီး အကူအညီ လိုအပ္ခ်ိန္မွသာ ဂ်ီ႐ူးကို အသုံးျပဳေလ့ရွိတာ ေတြ႕ရပါတယ္။

ဒါေပမယ့္ ဂ်ီ႐ူးကေတာ့ အားေလ်ာ့ စိတ္ပ်က္ျခင္းမရွိပဲ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ဆီဗီလာအသင္းကို ( ၄ ) ဂိုးသြင္းယူၿပီး အဆိုပါ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးဆိုတာ သက္ေသ ျပသြားခဲ့ပါတယ္။ အသက္ ( ၃၄ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ႏွစ္ခ်ိဳ႕ ျပင္သစ္ဝိုင္လိုပဲ အသက္နဲ႔ အမွ် ပိုၿပီးေကာင္းမြန္လာေၾကာင္း ဖရန႔္လမ္းပတ္က ေျပာဆိုခဲ့ဖူးပါတယ္။ ေျပာင္းေ႐ြ႕ေၾကး ႏွင့္ ေငြေၾကး ေဖာင္းပြမႈေတြေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္ ( ၁၈ ) သန္းကို ဂ်ီ႐ူးရဲ႕ အေျပာင္းအ‌ေ႐ြ႕မွာ အသုံးျပဳခဲ့တာထက္ ပိုၿပီး အက်ိဳးရွိေအာင္ စြမ္းေဆာင္ႏိုင္ေတာ့မယ္လို႔ မထင္ပါဘူး။