
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်လူ မေဆန်မောင့်ဟာ အသင်းပရိသတ်တွေက မဲပေးရွေးချယ်တဲ့ ၁နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အသက်၂၂နှစ် အရွယ်သာရှိသေးတဲ့ မေဆန်မောင့်ဟာ နည်းပြဟောင်း လမ်းပတ် လက်ထက်တုန်းက ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် အခုနည်းပြ တူချယ် ကိုင်တွယ်နေတဲ့ကာလအတွင်း
အသင်းကွင်းလယ်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး့အဓိကကျတဲ့ ကွင်းလယ်လူတစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိနေတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအကယ်ဒမီကို အသက်၆နှစ် အရွယ်ကတည်းက ရောက်ရှိခဲ့တဲ့ မေဆန်မောင့်ဟာ ဗွီတက်ဆီနဲ့ ဒါဘီအသင်းတွေမှာ အငှားနဲ့သွားကစားခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာတော့ နည်းပြလမ်းပတ်က အသင်းအတွက် သူ့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ချယ်လ်ဆီး ကစားသမားဘဝအစပိုင်းမှာ သူ့ရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ မေဆန်မောင့်က ကလပ်အသင်းအတွက်သာမကဘဲ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပုံမှန်ကစားခွင့်ရနေပါပြီ။
ဒါ့အပြင် မေဆန်မောင့်ဟာ ၂ရာသီ အတွင်းမှာပဲ ချယ်လ်ဆီးအသင်းအတွက် ပွဲ၁၀၀ပြည့် ကစားခဲ့တဲ့မှတ်တမ်း ပိုင်ဆိုင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံမှာ ၁၇ဂိုး သွင်းယူထားပြီးဖြစ်ပါတယ်။
ဒီရာသီမှာ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ခဲ့သလို ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခွင့်ရရှိအောင် အရေးပါတဲ့နေရာကနေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့အတွက် မေဆန်မောင့်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ ၁နှစ် တာအကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး
၂၀၀၆ ခုနှစ်တုန်းက အကောင်းဆုံးဆုရရှိခဲ့တဲ့ အသင်းဂန္ထဝင်နောက်ခံလူ ဂျွန်တယ်ရီနောက်ပိုင်း ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံး အသင်းအကယ်ဒမီထွက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဆင့်၄ အတွင်း ဝင်ခွင့်ရဖို့အတွက် လက်စတာအသင်းနဲ့ကစားရမှာဖြစ်ပြီး အက်ဖိအေဖလား ရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ဖို့ ကြိုးစားရမှာပါ။ လာမယ့် မေလ(၂၉)ရက်မှာတော့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ခ်ဲလ္ဆီးအသင္းရဲ႕ အေကာင္းဆုံးကစားသမားဆုကို ေမဆန္ေမာင့္ ဆြတ္ခူး
ဒီရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ ကြင္းလယ္လူ ေမဆန္ေမာင့္ဟာ အသင္းပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္တဲ့ ၁ႏွစ္တာ အေကာင္းဆုံး ေဘာလုံးသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ အသက္၂၂ႏွစ္ အ႐ြယ္သာရွိေသးတဲ့ ေမဆန္ေမာင့္ဟာ နည္းျပေဟာင္း လမ္းပတ္ လက္ထက္တုန္းက ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ အခုနည္းျပ တူခ်ယ္ ကိုင္တြယ္ေနတဲ့ကာလအတြင္း အသင္းကြင္းလယ္မွာ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး့အဓိကက်တဲ့ ကြင္းလယ္လူတစ္ဦးအျဖစ္ ပါဝင္ခြင့္ရရွိေနတာလည္း ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအကယ္ဒမီကို အသက္၆ႏွစ္ အ႐ြယ္ကတည္းက ေရာက္ရွိခဲ့တဲ့ ေမဆန္ေမာင့္ဟာ ဗြီတက္ဆီနဲ႔ ဒါဘီအသင္းေတြမွာ အငွားနဲ႔သြားကစားခဲ့ရၿပီး ၂၀၁၉ ခုႏွစ္မွာေတာ့ နည္းျပလမ္းပတ္က အသင္းအတြက္ သူ႔ကို ျပန္လည္ေခၚယူခဲ့ပါတယ္။ ခ်ယ္လ္ဆီး ကစားသမားဘဝအစပိုင္းမွာ သူ႔ရဲ႕ေျခစြမ္းအေပၚ ေဝဖန္မႈေတြထြက္ေပၚခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ေမဆန္ေမာင့္က ကလပ္အသင္းအတြက္သာမကဘဲ အဂၤလန္လက္ေ႐ြးစင္အသင္းမွာပါ ပုံမွန္ကစားခြင့္ရေနပါၿပီ။
ဒါ့အျပင္ ေမဆန္ေမာင့္ဟာ ၂ရာသီ အတြင္းမွာပဲ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲ၁၀၀ျပည့္ ကစားခဲ့တဲ့မွတ္တမ္း ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံမွာ ၁၇ဂိုး သြင္းယူထားၿပီးျဖစ္ပါတယ္။ ဒီရာသီမွာ ေမဆန္ေမာင့္ဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ၿပိဳင္ပြဲစုံ(၉)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ ၈ႀကိမ္ ျပဳလုပ္ခဲ့သလို ၂၀၁၁-၁၂ ရာသီေနာက္ပိုင္း ေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ တက္ေရာက္ခြင့္ရရွိေအာင္ အေရးပါတဲ့ေနရာကေန စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။
ဒီလို စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနတဲ့အတြက္ ေမဆန္ေမာင့္ဟာ ဒီရာသီ ခ်ယ္လ္ဆီးအသင္းရဲ႕ ၁ႏွစ္ တာအေကာင္းဆုံးေဘာလုံးသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ၿပီး ၂၀၀၆ ခုႏွစ္တုန္းက အေကာင္းဆုံးဆုရရွိခဲ့တဲ့ အသင္းဂႏၴဝင္ေနာက္ခံလူ ဂြၽန္တယ္ရီေနာက္ပိုင္း ဒီဆုကို ဆြတ္ခူးခဲ့တဲ့ ပထမဆုံး အသင္းအကယ္ဒမီထြက္ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ အဆင့္၄ အတြင္း ဝင္ခြင့္ရဖို႔အတြက္ လက္စတာအသင္းနဲ႔ကစားရမွာျဖစ္ၿပီး အက္ဖိေအဖလား ရႈံးေႂကြးကိုလည္း ျပန္ဆပ္ႏိုင္ဖို႔ ႀကိဳးစားရမွာပါ။ လာမယ့္ ေမလ(၂၉)ရက္မွာေတာ့ မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကစားရမွာျဖစ္ပါတယ္။