ချဲလ်ဆီးအသင်းကတူချယ်လ် ကို တာဝန်ပေးမယ့်အပေါ် သတိပေးစကားပြောလာသူ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နည်းပြလမ်းပတ်ဟာချဲလ်ဆီးအသင်းကို၁၈လကျော်ကြာနည်းပြအဖြစ်တာဝန်ယူပြီးနောက်ပြီးခဲ့တဲ့ရက်မှာရာထူးကထုတ်ပယ်ခံလိုက်ရပါတယ်။ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ဟာချဲလ်ဆီးအသင်းကိုတာဝန်ယူပြီးနောက်၁၈နှစ်နီးပါးမှာ နည်းပြပေါင်း၁၄ဦးကိုရာထူးကထုတ်ပယ်ခဲ့ပါတယ်။အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ကလမ်းပတ်ကိုရာထူးကထုတ်ပယ်ဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရကြောင်းကြားရပါတယ်။
လမ်းပတ်ထုတ်ပယ်ခံရပြီးနောက် နည်းပြသစ်ဖြစ်လာဖို့အတွက် ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်လ်က ရေပန်းစားနေပါတယ်။ ချဲလ်ဆီးက တူချယ်လ်ကို စိတ်ဝင်စားရတာက ဂျာမာန်သား ကစားသမားတွေဖြစ်တဲ့ ဗာနာနဲ့ ဟာဗက်တို့ကို ပုံစံကောင်း ပြန်ပြနိုင်အောင် လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ထားတာက အဓိက ကျတယ်လို့ ကြားသိရပါတယ်။
ပီအက်စ်ဂျီဟာ တူချယ်လ်ကြောင့် လီဂူးဝမ်းဆုဖလား ၂ ကြိမ်ဆက်ရရှိခဲ့သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်ကိုရောက်ခဲ့ပေမယ့်လည်း တူချယ်တစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေ ကျဆင်းလာခဲ့တာကြောင့်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ တကယ်လို့ ချဲလ်ဆီးအနေနဲ့ တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်ဆိုရင် စိုးရိမ်စရာတွေရှိနေတယ်လို့ ဘောလုံးအရေးဝေဖန်သုံးသပ်သူပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီမှာ နေမာ၊ ဘတ်ပီတို့လို ကစားသမားတွေကို ကိုင်တွယ်ခဲ့ရတဲ့ တူချယ်လ်ဟာ ကစားသမားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးလို့ မာဆွန်ကသုံးသပ်ပါတယ်။ တူချယ်လ်အနေနဲ့ ချဲလ်ဆီးမှာရော ကစားသမားတွေကိုအရောင်တင်ပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်သင့်ပါတယ်။
ပေါလ်မာဆွန်က”သောမတ်စ်တူချယ်လ်ကို ခေါ်လိုက်ပါပြီတဲ့။ ပီအက်စ်ဂျီမှာ သူ ကစားသမားတွေကို မထိန်းချုပ်နိုင်ခဲ့တာကို မေ့လိုက်တော့မှာလား၊ အဲဒီကိစ္စက သတိထားသင့်ပါတယ်””တူချယ်လ်လက်အောက်က ပီအက်စ်ဂျီပွဲတချို့ ကိုကျွန်တော်ကြည့်ခဲ့ပါတယ်။ အသင်းသားတွေလိုအပ်ချက်ရှိခဲ့သလို၊ ကောင်းတဲ့ပုံစံတွေလည်း ကျွန်တော်မတွေ့ခဲ့ပါဘူး။ သူ့အနေနဲ့ ချဲလ်ဆီးကို ကောင်းကောင်းမပြုပြင်နိုင်ရင် ပီအက်စ်ဂျီမှာ လုပ်ခဲ့တဲ့ ပုံစံအဟောင်းအတိုင်းပဲဖြစ်လာလိမ့်မယ်” လို့ ပြောဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi