ချဲလ်ဆီးအတွက် သူ့အချစ်က အမြဲတမ်းစစ်မှန်ခဲ့တယ်လို့ ဖွင့်ပြောလာတဲ့ ဒေးဗစ်လုဇ်
photo-gettyimages
photo-gettyimages
စတမ်းဖို့ဒ်ဘရစ်ချ်က သူ့စက်ဝန်းအဆုံးသတ်မှာ ချဲလ်ဆီးကထွက်ဖို့ လျှင်မြန်စွာဆုံးဖြတ်လိုက်ပြီးနောက် ပြီးခဲ့တဲ့နွေရာသီအာဆင်နယ်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ သံသယဝင်မှုတွေရှိခဲ့ကြောင်း နောက်ခံလူဒေးဗစ်လုဇ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အခုရာသီမစခင် ဆာရီနေရာ အစားဝင်လာတဲ့နည်းပြလမ်းပတ်ဟာ ချဲလ်ဆီးမှာ အပြောင်းအလဲများစွာလုပ်ခဲ့ပြီး အကယ်ဒမီကြယ်ပွင့်တွေကို ပထမအသင်းမှာ နေရာပေးလာလို့ ဒေးဗစ်လုပ်ဇ်ဟာလည်း ရုတ်ရတ်အသင်းပြောင်းခဲ့ပြီး ပြီးခဲ့တဲ့သြဂုတ်လရဲ့အပြောင်းအရွှေ့နောက်ဆုံးရက်မှာ လန်ဒန်ပြိုင်ဘက်အာဆင်နယ်ကို ပေါင် ၈ သန်းနဲ့ရောက်လာခဲ့တာပါ။
photo-gettyimages
”ကျွန်တော်က ချဲလ်ဆီးမှာ အမြဲတမ်းအရမ်းပျော်ရွှင်ခဲ့တာပါ။ အဲဒီနောက် ကျွန်တော့်ရဲ့ချဲလ်ဆီးအချိန်စက်ဝိုင်းကျော်လွန်သွားပြီဆိုတာကို နားလည်လိုက်တဲ့အတွက် လျင်လျင်မြန်မြန်နဲ့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ အာဆင်နယ်က တံခါးဖွင့်မပေးခင်မှာတောင် ချဲလ်ဆီးကထွက်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေတာပါ။ အဲဒီအချိန် အာဆင်နယ်ကလည်း အခြေအနေကောင်းမဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဘဝမှာ အသစ်တစ်ခုခုလိုချင်ခဲ့လို့ပါ”လို့ ဒေးဗစ်လုဇ်က ပြောခဲ့တာပါ။
photo-gettyimages
နည်းပြအမ်မရီလက်ထက် အာဆင်နယ်က သူ့ရဲ့ပထမဆုံးလတွေဟာ ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာကိုလည်း ဒေးဗစ်လုဇ်က အခုလို ပြောပါတယ်။ ”စစချင်းမှာ မလွယ်ကူခဲ့ပါဘူး။ အထိုင်ကျဖို့အတွက်တင်မဟုတ်ဘဲ ဝေဖန်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ကို နားလည်ခြင်းမရှိကြတဲ့ ချဲလ်ဆီးပရိသတ်များစွာရဲ့ဝမ်းနည်းမှုကြောင့်လည်း ပါတယ်။ ချဲလ်ဆီးအတွက် ကျွန်တော့်ရဲ့လေးစားမှုနဲ့ အချစ်က အမြဲတမ်းစစ်မှန်ခဲ့ပါတယ်”လို့ ဒေးဗစ်လုဇ်က ဆိုခဲ့ပါတယ်။
[Zawgyi]