ချဲလ်ဆီးလူငယ်တွေစည်းကမ်းမလိုက်နာဘဲ မနေနိုင်အောင် လမ်းပတ်ကိုင်ထားတဲ့ အဓိကသော့ချက်

photo internet

ဘောလုံးသမားတွေအတွက်စည်းကမ်းချမှတ်ရတာ၊ အပြစ်ဒဏ်ပေးရတာဟာ တကယ်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုရင် တက်သစ်စအရွယ်မှာတောင် ပြောစကားနားမထောင်တဲ့ ကစားသမားတွေရှိနေပြီး၊ လက်ရွေးစင်နာမည်ကြီးကစားသမားဖြစ်သွားတဲ့အခါမှာတော့ တစ်ခါတလေမှာပိုလို့တောင် ထိန်းသိမ်းရခက် ပါသေးတယ်။ ဒါကြောင့် ကလပ်အသင်းများတွင် ဘောလုံးသမားတွေအတွက် အချို့စည်းကမ်းများ ကိုပြင်းပြင်းထန်ထန်ပြဌာန်းထားပါတယ်။

photo internet

အခုလည်း ချဲလ်ဆီးမှာ နည်းပြလမ်းပတ်တစ်ယောက် ကစားသမားတွေကို ဘယ်လိုစည်းကမ်းတွေ၊ဒဏ်ကြေးတွေချမှတ်ပြီးကိုင်တွယ်နေတယ်ဆိုတာကို ဖော်ပြပေးပါမယ်။ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးဟာလူငယ်ကစားသမားတွေနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းမှာ ရပ်တည်နေနိုင်ပါတယ်။ ဒီလိုအနေအထားကောင်းနေတာဟာ နည်းပြလမ်းပတ်ရဲ့အကိုင်အတွယ်ကောင်းပုံနဲ့အများကြီးသက်ဆိုင်ပါတယ်။

photo internet

နည်းပြလမ်းပတ်ရဲ့ စနစ်ကောင်းမှုကိုအများစုကချီးကျူးကြပါတယ်။ ဒါပေမယ့် လူငယ်ကစားသမားတွေနဲ့ နည်းပြလမ်းပတ် ကြားမှာ ထိန်းကျောင်းနိုင်မယ့်အကောင်းဆုံး သော့ချက်တစ်ခုလည်းရှိပါတယ်။ ဒါကတော့ အသင်းသားတွေအတွက် မြင့်မားတဲ့ဒဏ်ရိုက်နှုန်းတွေရှိတာဖြစ်ပါတယ်။ စည်းကမ်းတွေ၊ဒဏ်ကြေးတွေက တော်တန်ရုံတော့မဟုတ်ပါဘူး။

photo internet

Gym (ကိုယ်ခန္ဓာလေ့ကျင့်ဖို့) ဆော့ဖို့နောက်ကျရင် ပေါင်(၁)ထောင်ဒဏ်ကြေးဆောင်ရပါမယ်။ ထမင်းစားနေတုန်း ဖုန်းပြောနေမယ်ဆိုရင်လည်း ပေါင် တစ်ထောင် ပေးရပါမယ်။ အစည်းအဝေးကိုတစ်မိနစ်နောက်ကျတိုင်း နောက်ကျတိုင်းမှာ ပေါင် 500 ထပ်ထပ်ပေးရပါမယ်။ လေ့ကျင့်ခန်းဆင်းဖို့ တစ်မိနစ်ပဲဖြစ်ဖြစ်နောက်ကျတာနဲ့ ပေါင် 2 သောင်းပေးရပါမယ်။ ချဲလ်ဆီးအသင်းနဲ့သက်ဆိုင်တဲ့လူမှုရေးပွဲတွေမလိုက်ဘူးဆိုရင် ပေါင် 5ထောင် ပေးဖို့ပြင်ထားပါ။ အသင်း ဘတ်စ်ကားစီးဖို့ ခေါင်းခါရင် ပေါင် 5 ထောင် အိတ်ကပ်ထဲက ထုတ်ရပါမယ်။ ဒဏ်ကြေးတွေကို နှစ်ပတ်အတွင်း မဆောင်ဖြစ်ခဲ့ရင် နှစ်ဆတိုးပြီးပေးရပါလိမ့်မယ်။

photo internet

ကစားသမားတွေအနေနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဆိုင်ရာပြည့်မီရန်လည်းလိုအပ်ပါသေးတယ်။ လေ့ကျင့်ခန်းဆင်းတဲ့အခါ သတ်မှတ်ထားတဲ့ပစ်မှတ်အကွာအဝေးတွေမရောက်ဖူးဆိုရင်လည်း ဒဏ်ငွေတွေရှိပါသေးတယ်။ ဒါ့အပြင် အတွင်းစည်းကမ်းချက်များလည်းရှိပါသေးတယ်။ အသင်းသားအချင်းချင်းကြား လျှို့ဝှက်ထားရမယ့် စည်းကမ်းချက်တွေလည်းရှိသေးပြီး၊ လေ့ကျင့်ရေးကွင်းထဲ လာစပ်စုမယ့် အေးဂျင့်တွေနဲ့သက်ဆိုင်တဲ့ တင်းကျပ်တဲ့စည်းကမ်းတွေလည်းရှိပါသေးတယ်။ ကစားသမားတွေအနေနဲ့မိသားစု၊ ဧည့်သည်တွေကိုလေ့ကျင့်ရေးကွင်းထဲခေါ်ဖို့အတွက် ကြိုတင်ပြီး ခွင့်ပြုချက်တောင်းခံဖို့လိုသလို၊ ပြည်ပခရီးသွားတဲ့အခါမှာလည်း ခွင့်တောင်းဖို့တွေလိုပါသေးတယ်။

photo internet

ဝင်ငွေတွေများနေတဲ့ ကြေးမြင့်တဲ့ကစားသမားတွေအတွက် ဒဏ်ကြေးတွေက ပေးဆောင်ဖို့အခက်အခဲမရှိပေမယ့် တစ်ပတ်လုပ်ခလစာ ပေါင် သောင်းဂဏန်းပဲရတဲ့ ကစားသမားတွေကတော့ စည်းကမ်းတစ်ချက်ချက်နဲ့ညှိတာနဲ့ ရှာဖွေထားတာတွေ လျော့နည်းကုန်မှာပါ။

photo internet

အသက် 41 နှစ်အရွယ် နည်းပြလမ်းပတ်တစ်ယောက်ကတော့ ကစားသမားတွေကို ပိုက်ဆံနဲ့ချည်ပြီး တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါတယ်။ အသင်းနဲ့ကစားသမားတွေကို အောင်မြင်အောင်လုပ်ပေးနေသလို၊ စည်းကမ်းဆိုတဲ့အရာကိုလည်းတင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတာကြောင့် ဒါကပဲ နည်းပြလမ်းပတ်ရဲ့ အောင်မြင်စေတဲ့သော့ချက်တစ်ခုဖြစ်နေနိုင်ပါတယ်။

photo internet

(Zawgyi Version)

ခ်ဲလ္ဆီးလူငယ္ေတြစည္းကမ္းမလိုက္နာဘဲ မေနႏိုင္ေအာင္ လမ္းပတ္ကိုင္ထားတဲ့ အဓိကေသာ့ခ်က္

ေဘာလုံးသမားေတြအတြက္စည္းကမ္းခ်မွတ္ရတာ၊ အျပစ္ဒဏ္ေပးရတာဟာ တကယ္အေရးပါပါတယ္။ ဘာေၾကာင့္လဲဆုိရင္ တက္သစ္စအရြယ္မွာေတာင္ ေျပာစကားနားမေထာင္တဲ့ ကစားသမားေတြရိွေနၿပီး၊ လက္ေရြးစင္နာမည္ႀကီးကစားသမားျဖစ္သြားတဲ့အခါမွာေတာ့ တစ္ခါတေလမွာပိုလို႔ေတာင္ ထိန္းသိမ္းရခက္ ပါေသးတယ္။ ဒါေၾကာင့္ ကလပ္အသင္းမ်ားတြင္ ေဘာလုံးသမားေတြအတြက္ အခ်ဳိ႕စည္းကမ္းမ်ား ကိုျပင္းျပင္းထန္ထန္ျပဌာန္းထားပါတယ္။

အခုလည္း ခ်ဲလ္ဆီးမွာ နည္းျပလမ္းပတ္တစ္ေယာက္ ကစားသမားေတြကို ဘယ္လုိစည္းကမ္းေတြ၊ဒဏ္ေၾကးေတြခ်မွတ္ၿပီးကိုင္တြယ္ေနတယ္ဆုိတာကို ေဖာ္ျပေပးပါမယ္။ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးဟာလူငယ္ကစားသမားေတြနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆုံးေလးသင္းမွာ ရပ္တည္ေနႏိုင္ပါတယ္။ ဒီလိုအေနအထားေကာင္းေနတာဟာ နည္းျပလမ္းပတ္ရဲ႕အကိုင္အတြယ္ေကာင္းပုံနဲ႔အမ်ားႀကီးသက္ဆိုင္ပါတယ္။

နည္းျပလမ္းပတ္ရဲ႕ စနစ္ေကာင္းမႈကိုအမ်ားစုကခ်ီးက်ဴးၾကပါတယ္။ ဒါေပမယ့္ လူငယ္ကစားသမားေတြနဲ႔နည္းျပလမ္းပတ္ ၾကားမွာ ထိန္းေက်ာင္းႏိုင္မယ့္အေကာင္းဆုံး ေသာ့ခ်က္တစ္ခုလည္းရိွပါတယ္။ ဒါကေတာ့ အသင္းသားေတြအတြက္ ျမင့္မားတဲ့ဒဏ္ရိုက္ႏႈန္းေတြရိွတာျဖစ္ပါတယ္။ စည္းကမ္းေတြ၊ဒဏ္ေၾကးေတြက ေတာ္တန္ရုံေတာ့မဟုတ္ပါဘူး။

Gym (ကိုယ္ခႏၶာေလ့က်င့္ဖို႔) ေဆာ့ဖို႔ေနာက္က်ရင္ ေပါင္(၁)ေထာင္ဒဏ္ေၾကးေဆာင္ရပါမယ္။ ထမင္းစားေနတုန္း ဖုန္းေျပာေနမယ္ဆိုရင္လည္း ေပါင္ တစ္ေထာင္ ေပးရပါမယ္။ အစည္းအေ၀းကိုတစ္မိနစ္ေနာက္က်တိုင္းေနာက္က်တုိင္းမွာ ေပါင္ 500 ထပ္ထပ္ေပးရပါမယ္။ ေလ့က်င့္ခန္းဆင္းဖို႔ တစ္မိနစ္ပဲျဖစ္ျဖစ္ေနာက္က်တာနဲ႔ ေပါင္ 2 ေသာင္းေပးရပါမယ္။ ခ်ဲလ္ဆီးအသင္းနဲ႔သက္ဆုိင္တဲ့လူမႈေရးပြဲေတြမလိုက္ဘူးဆိုရင္ ေပါင္ 5ေထာင္ ေပးဖို႔ျပင္ထားပါ။ အသင္း ဘတ္စ္ကားစီးဖို႔ ေခါင္းခါရင္ ေပါင္ 5 ေထာင္ အိတ္ကပ္ထဲက ထုတ္ရပါမယ္။ ဒဏ္ေၾကးေတြကို ႏွစ္ပတ္အတြင္း မေဆာင္ျဖစ္ခဲ့ရင္ ႏွစ္ဆတိုးၿပီးေပးရပါလိမ့္မယ္။

ကစားသမားေတြအေနနဲ႔ ခႏၶာကိုယ္ဖြဲ႕စည္းမႈဆိုင္ရာျပည့္မီရန္လည္းလိုအပ္ပါေသးတယ္။ ေလ့က်င့္ခန္းဆင္းတဲ့အခါ သတ္မွတ္ထားတဲ့ပစ္မွတ္အကြာအေ၀းေတြမေရာက္ဖူးဆိုရင္လည္း ဒဏ္ေငြေတြရိွပါေသးတယ္။ ဒါ့အျပင္ အတြင္းစည္းကမ္းခ်က္မ်ားလည္းရိွပါေသးတယ္။ အသင္းသားအခ်င္းခ်င္းၾကား လွ်ဳိ႕၀ွက္ထားရမယ့္ စည္းကမ္းခ်က္ေတြလည္းရိွေသးၿပီး၊ ေလ့က်င့္ေရးကြင္းထဲ လာစပ္စုမယ့္ ေအးဂ်င့္ေတြနဲ႔သက္ဆုိင္တဲ့ တင္းက်ပ္တဲ့စည္းကမ္းေတြလည္းရိွပါေသးတယ္။ ကစားသမားေတြအေနနဲ႔မိသားစု၊ ဧည့္သည္ေတြကိုေလ့က်င့္ေရးကြင္းထဲေခၚဖို႔အတြက္ ႀကိဳတင္ၿပီး ခြင့္ျပဳခ်က္ေတာင္းခံဖို႔လုိသလုိ၊ ျပည္ပခရီးသြားတဲ့အခါမွာလည္း ခြင့္ေတာင္းဖို႔ေတြလိုပါေသးတယ္။

၀င္ေငြေတြမ်ားေနတဲ့ ေၾကးျမင့္တဲ့ကစားသမားေတြအတြက္ ဒဏ္ေၾကးေတြက ေပးေဆာင္ဖို႔အခက္အခဲမရိွေပမယ့္ တစ္ပတ္လုပ္ခလစာ ေပါင္ ေသာင္းဂဏန္းပဲရတဲ့ ကစားသမားေတြကေတာ့ စည္းကမ္းတစ္ခ်က္ခ်က္နဲ႔ညိွတာနဲ႔ ရွာေဖြထားတာေတြ ေလ်ာ့နည္းကုန္မွာပါ။

အသက္ 41 ႏွစ္အရြယ္ နည္းျပလမ္းပတ္တစ္ေယာက္ကေတာ့ ကစားသမားေတြကို ပိုက္ဆံနဲ႔ခ်ည္ၿပီး တင္းတင္းၾကပ္ၾကပ္အုပ္ခ်ဳပ္ေနပါတယ္။ အသင္းနဲ႔ကစားသမားေတြကို ေအာင္ျမင္ေအာင္လုပ္ေပးေနသလို၊ စည္းကမ္းဆိုတဲ့အရာကိုလည္းတင္းတင္းက်ပ္က်ပ္ကိုင္တြယ္ေနတာေၾကာင့္ ဒါကပဲ နည္းျပလမ္းပတ္ရဲ႕ ေအာင္ျမင္ေစတဲ့ေသာ့ခ်က္တစ္ခုျဖစ္ေနႏိုင္ပါတယ္။