ချဲလ်ဆီးရဲ့ပထမဂိုးထက် ဂိုးသမားအက်ဒရီယန်ထက် ဘောလုံးကိုပဲ ကလော့ပ် အပြစ်တင်

Photo Credit

Photo Credit

လီဗာပူးအသင်းနည်းပြ ကလော့ပ်က ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲမှာ အိမ်ရှင်အသင်း သွင်းယူခဲ့တဲ့ ပထမဂိုးမှာ ဂိုးသမား အက်ဒရီယန်ရဲ့ အရှက်ရဖွယ်အမှားအတွက် အက်ဖ်အေဖလားဘောလုံးက အဓိကနေရာကနေ ပါဝင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။

Photo Credit

ပွဲအစ ၁၃ မိနစ်မှာပဲ ပင်နယ်တီဧရိယာထိပ်ကနေ ချဲလ်ဆီးတောင်ပံကစားသမား ဝီလျံရဲ့အပြင်းကန်ချက်ကို လီဗာပူးဂိုးသမား အက်ဒရီယန် ရင်ခွင်ပိုက် အမိဖမ်းရာကနေ ပြန်ထွက်သွားပြီး ဂိုးထဲ တန်းဝင်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ကလော့ပ်ကတော့ ပင်နယ်တီဧရိယာနားမှာ လျော့တိလျော့ရဲ လူပေးကစားခဲ့တဲ့ သူ့ကစားသမားတွေကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit

”ပထမဂိုးအကြောင်း ပြောရရင် ကျွန်တော်တို့အသင်း ဘောလုံးဆုံးရှုံးသွားတယ်။ အဲဒါကလည်း ဂိုးနဲ့ ၁၈ကိုက် ၁၉ကိုက်လောက်ပဲ ဝေးမယ်၊ အဲဒီနေရာမှာပေါ့။ ဘောလုံးရဲ့အနေအထားရယ်၊ ဝီလျံရဲ့ကန်သွင်းမှုနည်းစနစ်ပိုင်းတွေ ပေါင်းလိုက်တဲ့အခါမှာ ဂိုးသမားတွေအတွက် ဖမ်းဖို့ အရမ်းခက်သွားပါတယ်”

Photo Credit

”အဲဒီဂိုးမပေးရရင် အက်ဒရီယန် ဘောလုံးရသွားတော့ သူက မြန်မြန်တိုက်စစ်ဆင်နိုင်အောင် အမြန်လူပေးတယ်။ ဒါက အိုင်ဒီယာကောင်းဖြစ်ပေမယ့် ဘယ်သူကမှ ဘောလုံးလက်ခံရယူဖို့ အဆင်သင့်ရှိမနေခဲ့ပါဘူး။ ဖာဘင်ဟိုကလည်း ဘောလုံးလက်ခံရရှိချိန်မှာ ထင်မထားတဲ့အတွက် သူလည်း အံ့အားသင့်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီပုံစံအတိုင်းကစားချင်ခဲ့ပြီး ဘောလုံးဆုံးရှုံးသွားချိန်မှာတော့ ချဲလ်ဆီးက အဆုံးသတ်လိုက်ပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။

Photo Credit

အဲဒီရှုံးပွဲဟာ လီဗာပူးအတွက် နောက်ဆုံး ၄ပွဲအနက် တတိယမြောက်ရှုံးပွဲဖြစ်လာပြီး အရင်က အက်သလက်တီကိုနဲ့ ဝက်ဖို့ဒ်အသင်းတို့ကို ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့ပါတယ်။

https://twitter.com/goal/status/1234932879743950848

Video Credit

Zawgyi

ခ်ဲလ္ဆီးရဲ႕ပထမဂိုးထက္ ဂိုးသမားအက္ဒရီယန္ထက္ ေဘာလုံးကုိပဲ ကေလာ့ပ္ အျပစ္တင္

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ခ်ဲလ္ဆီးကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ အက္ဖ္ေအဖလားပဥၥမအဆင့္ပဲြမွာ အိမ္ရွင္အသင္း သြင္းယူခ့ဲတဲ့ ပထမဂိုးမွာ ဂိုးသမား အက္ဒရီယန္ရဲ႕ အရွက္ရဖြယ္အမွားအတြက္ အက္ဖ္ေအဖလားေဘာလုံးက အဓိကေနရာကေန ပါ၀င္ေနတယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။
ပြဲအစ ၁၃ မိနစ္မွာပဲ ပင္နယ္တီဧရိယာထိပ္ကေန ခ်ဲလ္ဆီးေတာင္ပံကစားသမား ၀ီလ်ံရဲ႕အျပင္းကန္ခ်က္ကို လီဗာပူးဂိုးသမား အက္ဒရီယန္ ရင္ခြင္ပိုက္ အမိဖမ္းရာကေန ျပန္ထြက္သြားၿပီး ဂိုးထဲ တန္း၀င္သြားတာျဖစ္ပါတယ္။ ဒါေပမဲ့ ကေလာ့ပ္ကေတာ့ ပင္နယ္တီဧရိယာနားမွာ ေလ်ာ့တိေလ်ာ့ရဲ လူေပးကစားခဲ့တဲ့ သူ႕ကစားသမားေတြကို ေ၀ဖန္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။
”ပထမဂိုးအေၾကာင္း ေျပာရရင္ ကၽြန္ေတာ္တို႔အသင္း ေဘာလုံးဆုံး႐ံႈးသြားတယ္။ အဲဒါကလည္း ဂိုးနဲ႔ ၁၈ကိုက္ ၁၉ကိုက္ေလာက္ပဲ ေ၀းမယ္၊ အဲဒီေနရာမွာေပါ့။ ေဘာလုံးရဲ႕အေနအထားရယ္၊ ၀ီလ်ံရဲ႕ကန္သြင္းမႈနည္းစနစ္ပိုင္းေတြ ေပါင္းလုိက္တဲ့အခါမွာ ဂိုးသမားေတြအတြက္ ဖမ္းဖို႔ အရမ္းခက္သြားပါတယ္”
”အဲဒီဂိုးမေပးရရင္ အက္ဒရီယန္ ေဘာလုံးရသြားေတာ့ သူက ျမန္ျမန္တုိက္စစ္ဆင္ႏိုင္ေအာင္ အျမန္လူေပးတယ္။ ဒါက အုိင္ဒီယာေကာင္းျဖစ္ေပမယ့္ ဘယ္သူကမွ ေဘာလုံးလက္ခံရယူဖုိ႔ အဆင္သင့္ရွိမေနခဲ့ပါဘူး။ ဖာဘင္ဟိုကလည္း ေဘာလုံးလက္ခံရရွိခ်ိန္မွာ ထင္မထားတဲ့အတြက္ သူလည္း အံ့အားသင့္ခဲ့ရပါတယ္။ ကၽြန္ေတာ္တုိ႔ ဒီပုံစံအတုိင္းကစားခ်င္ခဲ့ၿပီး ေဘာလုံးဆုံး႐ံႈးသြားခ်ိန္မွာေတာ့ ခ်ဲလ္ဆီးက အဆံုးသတ္လုိက္ပါတယ္”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။
အဲဒီ႐ံႈးပဲြဟာ လီဗာပူးအတြက္ ေနာက္ဆုံး ၄ပဲြအနက္ တတိယေျမာက္႐ံႈးပဲြျဖစ္လာၿပီး အရင္က အက္သလက္တီကိုနဲ႔ ၀က္ဖုိ႔ဒ္အသင္းတို႔ကို ဂိုးမသြင္းႏိုင္ဘဲ အေရးနိမ့္ခ့ဲပါတယ္။