ချဲလ်ဆီးရဲ့စိတ်ဝင်စားလာမှုကြောင့် ဟန်ဒါဆန်ကို စာချုပ်သစ်ကမ်းလှမ်းလိုက်တဲ့မန်ယူ

photo-gettyimages

photo-reuters

မန်ယူအသင်းဟာ ရှက်ဖီးယူနိုက်တက်မှာ အငှားသွားကစားနေတဲ့ ဂိုးသမားဒင်းဟန်ဒါဆန်ကို လက်ရှိလစာထက် အရမ်းကိုများပြားတဲ့ စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ဒါဟာ သူတို့ရဲ့လူငယ်ဂိုးသမားအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေရဲ့စိတ်ဝင်စားလာမှုကို တားဆီးလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ဦးစားပေးဂိုးသမားဒီဂီယာကြောင့် မန်ယူပထမအသင်းထဲ ဝင်ရောက်နိုင်ဖို့အခွင့်အရေးမရှိတဲ့အပေါ် ကာလရှည်ကြာ စိတ်ပျက်နေသူလည်း ဖြစ်ပါတယ်။

photo-gettyimages

အဲဒီအင်္ဂလန်ဂိုးသမားဟာ ရှက်ဖီးယူနိုက်တက်အတွက် လက်စွမ်းပြနေချိန် ဒီဂီယာကလည်း ဒီရာသီ ဆိုးလ်ရှားရဲ့အသင်းမှာ လက်စွမ်းမတည်ငြိမ်မှုနဲ့ တိုက်ဆိုက်နေတဲ့အတွက် ဟန်ဒါဆန်ကို ပြန်ခေါ်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဟန်ဒါဆန်ကလည်း မန်ယူပထမအသင်းအတွက် အာမခံချက်မရရင် လာမယ့်ရာသီမှာ ရှက်ဖီးယူနိုက်တက်ကို ပြန်လာချင်တယ်လို့ အသင်းဖော်တွေကို ပြောထားတာပါ။ ဒါပေမဲ့ မန်ယူဟာ ချဲလ်ဆီးရဲ့စိတ်ဝင်စားလာမှုကြောင့် ဟန်ဒါဆန်ကို ဆက်ထိန်းနိုင်ဖို့ အခုကတည်း ကြိုးစားနေပါတယ်။

photo-reuters

The Sun သတင်းစာရဲ့ဖော်ပြချက်အရဆိုရင် အိုးလ်ထရက်ဖို့ဒ်တာဝန်ရှိသူတွေဟာ အသင်းမှာ ကာလရှည်ဆက်ရှိနိုင်ဖို့အတွက် ၂၃ နှစ်အရွယ်ဟန်ဒါဆန်ကို တစ်ပတ် ပေါင် ၁၀၀၀၀၀ ရှိ စာချုပ်သစ်ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သိရပါတယ်။ တစ်ပတ်လစာ ပေါင်း ၁ သိန်းဆိုတာ သူလက်ရှိရနေတာထက် အများကြီးများပါတယ်။ တကယ်လို့ ဟန်ဒါဆန်သာ လက်မှတ်ရေးထိုးခဲ့မယ်ဆိုရင် မန်ယူအတွက် တစ်ပွဲမှ ပွဲမထွက်ရသေးဘဲနဲ့ ကလပ်နဲ့ချုပ်ဆိုတဲ့ သူ့ရဲ့ ၄ ကြိမ်မြောက် ပရော်ဖက်ရှင်နယ်စာချုပ်ဖြစ်လာမှာပါ။

[Zawgyi]

ခ်ဲလ္ဆီးရဲ႕စိတ္၀င္စားလာမႈေၾကာင့္ ဟန္ဒါဆန္ကို စာခ်ဳပ္သစ္ကမ္းလွမ္းလိုက္တဲ့မန္ယူ

မန္ယူအသငး္ဟာ ရွက္ဖီးယူႏိုက္တက္မွာ အငွားသြားကစားေနတဲ့ ဂိုးသမားဒင္းဟန္ဒါဆန္ကို လက္ရွိလစာထက္ အရမ္းကုိမ်ားျပားတဲ့ စာခ်ဳပ္သစ္ကမ္းလွမ္းမႈျပဳလုပ္လုိက္ေၾကာင္း သတင္းေတြထြက္ေပၚလာပါတယ္။ ဒါဟာ သူတုိ႔ရဲ႕လူငယ္ဂိုးသမားအတြက္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြရဲ႕စိတ္၀င္စားလာမႈကို တားဆီးလုိက္တဲ့သေဘာလည္း ျဖစ္ပါတယ္။ ဟန္ဒါဆန္ဟာ ဦးစားေပးဂိုးသမားဒီဂီယာေၾကာင့္ မန္ယူပထမအသင္းထဲ ၀င္ေရာက္ႏိုင္ဖို႔အခြင့္အေရးမရွိတဲ့အေပၚ ကာလရွည္ၾကာ စိတ္ပ်က္ေနသူလည္း ျဖစ္ပါတယ္။

အဲဒီအဂၤလန္ဂိုးသမားဟာ ရွက္ဖီးယူႏုိက္တက္အတြက္ လက္စြမ္းျပေနခ်ိန္ ဒီဂီယာကလည္း ဒီရာသီ ဆုိးလ္ရွားရဲ႕အသင္းမွာ လက္စြမး္မတည္ၿငိမ္မႈနဲ႔ တိုက္ဆိုက္ေနတဲ့အတြက္ ဟန္ဒါဆန္ကို ျပန္ေခၚေပးဖို႔ ေတာင္းဆိုမႈေတြလည္း ရွိခဲ့ပါတယ္။ ဟန္ဒါဆန္ကလည္း မန္ယူပထမအသင္းအတြက္ အာမခံခ်က္မရရင္ လာမယ့္ရာသီမွာ ရွက္ဖီးယူႏိုက္တက္ကို ျပန္လာခ်င္တယ္လုိ႔ အသင္းေဖာ္ေတြကို ေျပာထားတာပါ။ ဒါေပမဲ့ မန္ယူဟာ ခ်ဲလ္ဆီးရဲ႕စိတ္၀င္စားလာမႈေၾကာင့္ ဟန္ဒါဆန္ကို ဆက္ထိန္းႏုိင္ဖို႔ အခုကတည္း ႀကိဳးစားေနပါတယ္။

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရဆိုရင္ အိုးလ္ထရက္ဖုိ႔ဒ္တာ၀န္ရွိသူေတြဟာ အသင္းမွာ ကာလရွည္ဆက္ရွိႏိုင္ဖို႔အတြက္ ၂၃ ႏွစ္အရြယ္ဟန္ဒါဆန္ကို တစ္ပတ္ ေပါင္ ၁၀၀၀၀၀ ရွိ စာခ်ဳပ္သစ္ကမ္းလွမ္းမႈ လုပ္ထားတယ္လို႔ သိရပါတယ္။ တစ္ပတ္လစာ ေပါင္း ၁ သိန္းဆိုတာ သူလက္ရွိရေနတာထက္ အမ်ားႀကီးမ်ားပါတယ္။ တကယ္လို႔ ဟန္ဒါဆန္သာ လက္မွတ္ေရးထိုးခဲ့မယ္ဆိုရင္ မန္ယူအတြက္ တစ္ပြဲမွ ပြဲမထြက္ရေသးဘဲနဲ႔ ကလပ္နဲ႔ခ်ဳပ္ဆိုတဲ့ သူ႔ရဲ႕ ၄ ႀကိမ္ေျမာက္ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ျဖစ္လာမွာပါ။