ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ဂိုးပြတ်နိုင်ပွဲက ထူးခြားချက်တွေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးဟာ ဆွီဒင်ချန်ပီယံမယ်လ်မိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ မျှော်လင့်ထားတဲ့အတိုင်းပဲ ဧည့်သည်အသင်းဘက်ကို ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်။

နည်းပြတူချယ်ရဲ့အသင်းအနေနဲ့ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ကာ အုပ်စုအမှတ်ပေးဇယားမှာ ဂျူဗင်တပ်ရဲ့အနောက် ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီပွဲက ထူးခြားချက်တွေကတော့…….

#စတမ်းဖို့ဒ်ဘရစ်ချ်မှာ စိုးမိုးနိုင်ခဲ့ပြန်တဲ့ နောက်ခံလူတွေ

အဖွင့်ဂိုးသွင်းခဲ့တဲ့ နောက်ခံလူခရစ္စတန်ဆန်ဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် ဂိုးသွင်းယူခဲ့တဲ့ ၁၄ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီလန်ဒန်အခြေစိုက်အသင်းအတွက် ၁၃၇ ပွဲကစားပေးထားပေမယ့်လည်း အဲဒီဒိန်းမတ်သားအတွက် ပထမဆုံးချဲလ်ဆီးသွင်းဂိုးဖြစ်လာခဲ့တာပါ။

ခရစ္စတန်ဆန်ရဲ့အဲဒီဂိုးကို ဖန်တီးပေးခဲ့တာကလည်း နောက်ထပ်ချဲလ်ဆီးနောက်ခံလူဖြစ်တဲ့ သီယာဂိုဆေးလ်ဗားပါ။

ဒါ့အပြင် ဒုတိယပိုင်းမှာ ချဲလ်ဆီးရတဲ့ပင်နယ်တီကလည်း တတိယမြောက်ဗဟိုနောက်ခံလူဖြစ်တဲ့ ရူဒီဂါကြောင့် ဖြစ်ပါတယ်။

#ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် ထွက်ခဲ့ရတဲ့ လူကာကူနဲ့တီမိုဝါနာ

မယ်လ်မိုနဲ့ပွဲမှာ လူကာကူကို အနားမပေးခဲ့တာနဲ့ပတ်သက်လို့ တူချယ်ကတော့ နောင်တရနေလောက်ပါပြီ။

အဲဒီဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက စုစုပေါင်း ၄၃ ပွဲကို အနားမရဘဲ ကစားခဲ့ရတာပါ။

၁၉ မိနစ်အရောက်မှာ သူ့ကြောင့် ချဲလ်ဆီးပင်နယ်တီရခဲ့ပေမယ့် အဲဒီကရတဲ့ဒဏ်ရာကြောင့် လူကာကူဟာ ဆက်မကစားနိုင်ခဲ့ပါဘူး။

ဒါ့အပြင် သူ့ရဲ့တိုက်စစ်ကစားဖော်တီမိုဝါနာဟာလည်း ပထမပိုင်းပြီးခါနီးလေးမှာ ဒဏ်ရာရသွားလို့ လူစားလဲခဲ့ရပြန်တယ်။

# ချန်ပီယံလိဂ်မှာ ချဲလ်ဆီးပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ ဂိုးမိုးရွာနိုင်မှု

စတမ်းဖို့ဒ်ဘရစ်ချ်မှာ မနေ့ညက မိုးတွေရွာနေခဲ့သလို ချဲလ်ဆီးအနေနဲ့လည်း ဂိုးမိုးရွာနိုင်ခဲ့ပါတယ်။

ဒါဟာ တူချယ်လက်ထက် ချဲလ်ဆီးရဲပထမဆုံးဂိုးပြတ်နိုင်ပွဲလည်း ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲသွားခဲ့ပေမယ့် ချဲလ်ဆီးဟာ တူချယ်ကိုင်တွယ်ပြီးကတည်းက ချန်ပီယံလိဂ်မှာ ၂ ဂိုးထက် ပိုသွင်းနိုင်ခဲ့တာ တစ်ပွဲမှ မရှိခဲ့ဘူး။

ပြီးခဲ့တဲ့ဇန်နဝါရီကတည်းကလည်း ချဲလ်ဆီးပွဲတွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ မိနစ် ၉၀ အတွင်း ၂ ဂိုးထက်ပိုသွင်းနိုင်ခြင်း မရှိခဲ့တာပါ။

#ခြေစွမ်းပြခွင့်ကြုံခဲ့ကြတဲ့ လူစားဝင် ဟာဗက်ဇ်နဲ့အိုဒွိုင်းတို့အတွဲ

ဟာဗက်ဇ်က ၂၃ မိနစ်မှာ လူကာကူအစား လူစားဝင်ခဲ့တာဖြစ်ပြီး အိုဒွိုင်းကတော့ ၄၄ မိနစ်မှာ တီမိုဝါနာအစား လူစားဝင်ခဲ့တာပါ။

ချဲလ်ဆီးရဲ့တတိယဂိုးဟာ အဲဒီတိုက်စစ်ကစားသမားနှစ်ယောက်ရဲ့ပေါင်းစပ်မှုကနေ ရရှိခဲ့တာပါ။

အခုတော့ လူကာကူနဲ့ဝါနာတို့ဟာ လာမယ့်နောဝစ်ချ်နဲ့ပွဲကို မပါဝင်နိုင်ဖို့များနေတာကြောင့် သူတို့နှစ်ယောက်အတွက် အခွင့်အလမ်းကောင်းပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ဂိုးျပတ္ႏိုင္ပြဲက ထူးျခားခ်က္ေတြခ်ဲလ္ဆီးဟာ ဆြီဒင္ခ်န္ပီယံမယ္လ္မိုနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ ဧည့္သည္အသင္းဘက္ကို ဂိုးျပတ္သြင္းႏိုင္ခဲ့ပါတယ္။

နည္းျပတူခ်ယ္ရဲ႕အသင္းအေနနဲ႔ ပထမပိုင္းမွာ ၂ ဂိုး၊ ဒုတိယပိုင္းမွာ ၂ ဂိုးသြင္းယူခဲ့ကာ အုပ္စုအမွတ္ေပးဇယားမွာ ဂ်ဴဗင္တပ္ရဲ႕အေနာက္ ဒုတိယေနရာက ရပ္တည္ႏိုင္ခဲ့ပါတယ္။ အဲဒီပြဲက ထူးျခားခ်က္ေတြကေတာ့…….

#စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ စိုးမိုးႏိုင္ခဲ့ျပန္တဲ့ ေနာက္ခံလူေတြ

အဖြင့္ဂိုးသြင္းခဲ့တဲ့ ေနာက္ခံလူခရစၥတန္ဆန္ဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအတြက္ ဂိုးသြင္းယူခဲ့တဲ့ ၁၄ ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။ ဒီလန္ဒန္အေျခစိုက္အသင္းအတြက္ ၁၃၇ ပြဲကစားေပးထားေပမယ့္လည္း အဲဒီဒိန္းမတ္သားအတြက္ ပထမဆုံးခ်ဲလ္ဆီးသြင္းဂိုးျဖစ္လာခဲ့တာပါ။

ခရစၥတန္ဆန္ရဲ႕အဲဒီဂိုးကို ဖန္တီးေပးခဲ့တာကလည္း ေနာက္ထပ္ခ်ဲလ္ဆီးေနာက္ခံလူျဖစ္တဲ့ သီယာဂိုေဆးလ္ဗားပါ။ ဒါ့အျပင္ ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးရတဲ့ပင္နယ္တီကလည္း တတိယေျမာက္ဗဟိုေနာက္ခံလူျဖစ္တဲ့ ႐ူဒီဂါေၾကာင့္ ျဖစ္ပါတယ္။

#ပထမပိုင္းမွာပဲ ဒဏ္ရာေၾကာင့္ ထြက္ခဲ့ရတဲ့ လူကာကူနဲ႔တီမိုဝါနာ

မယ္လ္မိုနဲ႔ပြဲမွာ လူကာကူကို အနားမေပးခဲ့တာနဲ႔ပတ္သက္လို႔ တူခ်ယ္ကေတာ့ ေနာင္တရေနေလာက္ပါၿပီ။ အဲဒီဘယ္လ္ဂ်ီယံသားဟာ ၿပီးခဲ့တဲ့ရာသီအစကတည္းက စုစုေပါင္း ၄၃ ပြဲကို အနားမရဘဲ ကစားခဲ့ရတာပါ။ ၁၉ မိနစ္အေရာက္မွာ သူ႔ေၾကာင့္ ခ်ဲလ္ဆီးပင္နယ္တီရခဲ့ေပမယ့္ အဲဒီကရတဲ့ဒဏ္ရာေၾကာင့္ လူကာကူဟာ ဆက္မကစားႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ သူ႔ရဲ႕တိုက္စစ္ကစားေဖာ္တီမိုဝါနာဟာလည္း ပထမပိုင္းၿပီးခါနီးေလးမွာ ဒဏ္ရာရသြားလို႔ လူစားလဲခဲ့ရျပန္တယ္။

# ခ်န္ပီယံလိဂ္မွာ ခ်ဲလ္ဆီးျပန္လည္ရွာေဖြႏိုင္ခဲ့တဲ့ ဂိုးမိုး႐ြာႏိုင္မႈ

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မေန႔ညက မိုးေတြ႐ြာေနခဲ့သလို ခ်ဲလ္ဆီးအေနနဲ႔လည္း ဂိုးမိုး႐ြာႏိုင္ခဲ့ပါတယ္။ ဒါဟာ တူခ်ယ္လက္ထက္ ခ်ဲလ္ဆီးရဲပထမဆုံးဂိုးျပတ္ႏိုင္ပြဲလည္း ျဖစ္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲသြားခဲ့ေပမယ့္ ခ်ဲလ္ဆီးဟာ တူခ်ယ္ကိုင္တြယ္ၿပီးကတည္းက ခ်န္ပီယံလိဂ္မွာ ၂ ဂိုးထက္ ပိုသြင္းႏိုင္ခဲ့တာ တစ္ပြဲမွ မရွိခဲ့ဘူး။ ၿပီးခဲ့တဲ့ဇန္နဝါရီကတည္းကလည္း ခ်ဲလ္ဆီးပြဲေတြရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ဟာ မိနစ္ ၉၀ အတြင္း ၂ ဂိုးထက္ပိုသြင္းႏိုင္ျခင္း မရွိခဲ့တာပါ။

#ေျခစြမ္းျပခြင့္ႀကဳံခဲ့ၾကတဲ့ လူစားဝင္ ဟာဗက္ဇ္နဲ႔အိုဒြိဳင္းတို႔အတြဲ

ဟာဗက္ဇ္က ၂၃ မိနစ္မွာ လူကာကူအစား လူစားဝင္ခဲ့တာျဖစ္ၿပီး အိုဒြိဳင္းကေတာ့ ၄၄ မိနစ္မွာ တီမိုဝါနာအစား လူစားဝင္ခဲ့တာပါ။ ခ်ဲလ္ဆီးရဲ႕တတိယဂိုးဟာ အဲဒီတိုက္စစ္ကစားသမားႏွစ္ေယာက္ရဲ႕ေပါင္းစပ္မႈကေန ရရွိခဲ့တာပါ။ အခုေတာ့ လူကာကူနဲ႔ဝါနာတို႔ဟာ လာမယ့္ေနာဝစ္ခ်္နဲ႔ပြဲကို မပါဝင္ႏိုင္ဖို႔မ်ားေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္အတြက္ အခြင့္အလမ္းေကာင္းပါပဲ။