ချဲလ်ဆီးမှာ သူဘယ်လောက်ဒုက္ခရောက်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဖွင့်ဟလာတဲ့မိုရာတာ

photo-marca

photo-gettyimages

တိုက်စစ်မှုးမိုရာတာဟာ လက်ရှိအချိန်မှာ အက်သလက်တီကိုနဲ့အတူ ဂိုးသွင်းခြေစွမ်းပြန်ပြနိုင်နေပေမယ့် အသင်းဟောင်းချဲလ်ဆီးမှာတုန်းက ကစားသမားဘဝရဲ့အခက်ခဲဆုံးကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီအကြောင်းတွေကို သူဟာ စပိန်ရဲ့နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ မာကာထံ ဖွင့်ဟခဲ့တာပါ။ မိုရာတာဟာ ၂၀၁၇ တုန်းက ရီးရဲလ်ကနေ ပေါင်သန်း ၆၀ နဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၄၇ ပွဲမှာ ၁၆ ဂိုးသာသွင်းနိုင်ခဲ့ကာ ခက်ခဲတဲ့အချိန်တွေနဲ့ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့ဇန်နဝါရီကမှ ၁၈ လအငှားစာချုပ်နဲ့ အက်သလက်တီကိုကို ပြောင်းခဲ့ကာ ပြီးခဲ့တဲ့ဇူလိုင်လကမှ အဲဒီအသင်းကို အပြီးပြတ်ပြောင်းနိုင်ခဲ့တာပါ။

photo-AP

”အက်သလက်တီကိုမှာ ကျွန်တော်ပျော်နေပါတယ်။ ဘောလုံးကို နှစ်ခြိုက်မှုရပ်တန့်သွားခဲ့ပေမယ့် အခုမှ ပြန်ပျော်နိုင်တာပါ။ ချဲလ်ဆီးမှာတုန်းက ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်မှုမရှိခဲ့ပါဘူး။ အင်္ဂလန်မှာတုန်းက ကျွန်တော် အခွင့်အရေးလွဲချော်ချိန်ဆိုရင် အသင်းဖော်တွေက ကျွန်တော်ဘာမှကောင်းအောင်မလုပ်နိုင်တဲ့ပုံစံမျိုးနဲ့ ကြည့်တယ်လို့ ခံစားရပါတယ်။ အဲဒါဟာ ကျွန်တော့်ကို ရူးသွပ်စေပါတယ်။ ဆိုးရွားတဲ့ကာလတစ်ခုဖြစ်ခဲ့တာပါ”လို့ မိုရာတာက ဆိုခဲ့တာပါ။

photo-social media

သူ့ရဲ့ကွင်းအတွင်းရုန်းကန်ရမှုက မိုရာတာကို စတမ်းဖို့ဒ်ဘရစ်ချ်က ထွက်အောင် တွန်းပို့ပေးခဲ့ပြီး ဖြစ်နိုင်ရင် လန်ဒန်ကနေ ဝေးဝေးပြေးဖို့ သူ့ရဲ့အီတလီသူဇနီးသည်ကမ်ပယ်လိုကို ပြောခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ”ဖြစ်နိုင်ရင် ဇန်နဝါရီမှာ လန်ဒန်ကနေ ဝေးနိုင်သမျှဝေးဝေးပြေးကြမယ်လို့ ကျွန်တော့်ဇနီးကို ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖိအားဒဏ်ကို ကျွန်တော်မခံစားနိုင်ပါဘူး။ အဲဒီအချိန်မှာ အက်သလက်တီကိုက ကမ်းလှမ်းလာတယ်။ နောက်ထပ် ကမ်းလှမ်းမှုကြီး ၆ ခု၊ ၇ ခုလောက်လည်း ရှိနေတယ်။ ချဲလ်ဆီးကတော့ ကျွန်တော့်ကို အသင်းမှာ ဆက်ရှိစေချင်တာပါ။ ဒါပေမဲ့ အရင့်အရင် နွေရာသီတွေတုန်းက လုပ်ခဲ့သလိုပဲ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်”လို့ မိုရာတာက ဆက်လက်ပြောကြားခဲ့ပါတယ်။

[Zawgyi]

ခ်ဲလ္ဆီးမွာ သူဘယ္ေလာက္ဒုကၡေရာက္ခဲ့တယ္ဆုိတဲ့အေၾကာင္းကို ဖြင့္ဟလာတဲ့မိုရာတာ

တိုက္စစ္မႈးမိုရာတာဟာ လက္ရွိအခ်ိန္မွာ အက္သလက္တီကိုနဲ႔အတူ ဂိုးသြင္းေျခစြမ္းျပန္ျပႏိုင္ေနေပမယ့္ အသင္းေဟာင္းခ်ဲလ္ဆီးမွာတုန္းက ကစားသမားဘ၀ရဲ႕အခက္ခဲဆုံးကာလေတြကို ျဖတ္သန္းခဲ့ရပါတယ္။ အဲဒီအေၾကာင္းေတြကို သူဟာ စပိန္ရဲ႕နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ မာကာထံ ဖြင့္ဟခဲ့တာပါ။ မိုရာတာဟာ ၂၀၁၇ တုန္းက ရီးရဲလ္ကေန ေပါင္သန္း ၆၀ နဲ႔ ခ်ဲလ္ဆီးကိုေျပာင္းေရႊ႕ခဲ့တာပါ။ ဒါေပမဲ့ ပရီးမီးယားလိဂ္ ၄၇ ပြဲမွာ ၁၆ ဂိုးသာသြင္းႏိုင္ခဲ့ကာ ခက္ခဲတဲ့အခ်ိန္ေတြနဲ႔ႀကဳံေတြ႕ခဲ့ရၿပီး ၿပီးခဲ့ဇန္န၀ါရီကမွ ၁၈ လအငွားစာခ်ဳပ္နဲ႔ အက္သလက္တီကိုကို ေျပာင္းခဲ့ကာ ၿပီးခဲ့တဲ့ဇူလိုင္လကမွ အဲဒီအသင္းကို အၿပီးျပတ္ေျပာင္းႏိုင္ခဲ့တာပါ။

”အက္သလက္တီကိုမွာ ကၽြန္ေတာ္ေပ်ာ္ေနပါတယ္။ ေဘာလုံးကို ႏွစ္ၿခိဳက္မႈရပ္တန္႔သြားခဲ့ေပမယ့္ အခုမွ ျပန္ေပ်ာ္ႏိုင္တာပါ။ ခ်ဲလ္ဆီးမွာတုန္းက ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ယုံၾကည္မႈမရွိခဲ့ပါဘူး။ အဂၤလန္မွာတုန္းက ကၽြန္ေတာ္ အခြင့္အေရးလြဲေခ်ာ္ခ်ိန္ဆိုရင္ အသင္းေဖာ္ေတြက ကၽြန္ေတာ္ဘာမွေကာင္းေအာင္မလုပ္ႏိုင္တဲ့ပုံစံမ်ိဳးနဲ႔ ၾကည့္တယ္လုိ႔ ခံစားရပါတယ္။ အဲဒါဟာ ကၽြန္ေတာ့္ကုိ ရူးသြပ္ေစပါတယ္။ ဆိုးရြားတဲ့ကာလတစ္ခုျဖစ္ခဲ့တာပါ”လို႔ မုိရာတာက ဆုိခဲ့တာပါ။

သူ႔ရဲ႕ကြင္းအတြင္းရုန္းကန္ရမႈက မိုရာတာကို စတမ္းဖို႔ဒ္ဘရစ္ခ်္က ထြက္ေအာင္ တြန္းပုိ႔ေပးခဲ့ၿပီး ျဖစ္ႏိုင္ရင္ လန္ဒန္ကေန ေ၀းေ၀းေျပးဖို႔ သူ႔ရဲ႕အီတလီသူဇနီးသည္ကမ္ပယ္လိုကို ေျပာခဲ့တယ္လုိ႔လည္း ၀န္ခံခဲ့ပါတယ္။ ”ျဖစ္ႏိုင္ရင္ ဇန္န၀ါရီမွာ လန္ဒန္ကေန ေ၀းႏိုင္သမွ်ေ၀းေ၀းေျပးၾကမယ္လို႔ ကၽြန္ေတာ့္ဇနီးကို ေျပာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဒီဖိအားဒဏ္ကို ကၽြန္ေတာ္မခံစားႏိုင္ပါဘူး။ အဲဒီအခ်ိန္မွာ အက္သလက္တီကိုက ကမ္းလွမး္လာတယ္။ ေနာက္ထပ္ ကမ္းလွမး္မႈႀကီး ၆ ခု၊ ၇ ခုေလာက္လည္း ရွိေနတယ္။ ခ်ဲလ္ဆီးကေတာ့ ကၽြန္ေတာ့္ကို အသင္းမွာ ဆက္ရွိေစခ်င္တာပါ။ ဒါေပမဲ့ အရင့္အရင္ ေႏြရာသီေတြတုန္းက လုပ္ခဲ့သလုိပဲ လုပ္ဖို႔ဆုံးျဖတ္လုိက္ပါတယ္”လို႔ မိုရာတာက ဆက္လက္ေျပာၾကားခဲ့ပါတယ္။